ပြီးခဲ့တဲ့ ရာသီက စပါးမှာ အငှားလာကစားခဲ့တဲ့ ဝေးစ် တောင်ပံတိုက်စစ်သမား ဂါရတ် ဘေးလ်ဟာ လာမယ့် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ရေးနက်စ် ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါ ကို ခေါ်ဖို့ ကြိုးပမ်းမှုတွေ ဒီရက်ပိုင်းမှာ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်သမားဟာ ဥရောပ အလားအလာ အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်ပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ ၎င်းတို့ ကွင်းလယ်ကစားသမား ဂရေးလစ်ချ်ကို အနည်းဆုံး နောက်နှစ်နှစ် ဆက်ထိန်းထားဖို့ ရည်ရွယ်တာကြောင့် စာချုပ်သစ် သက်တမ်းတိုးရန် ဆွေးနွေးနေပါတယ်။ ဒါကြောင့် ဂရေးလစ်ချ်ကို ခေါ်ဖို့ ကြိုးစားနေတဲ့ မန်စီးတီး အတွက် ဒီနွေ အစီအစဉ် ပျက်ပြယ်ရဖွယ် ရှိပါတယ်။
ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့် ဟာ စိန့်အသင်းရဲ့ သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားပါတယ်။ အင်္ဂလန်သားကို မန်စီးတီး၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့က စောင့်ကြည့်နေပါတယ်။
ဘင်ဖီကာ ဘယ်စွန်ခံစစ်မှူး နူနု တာဗရက်စ်ဟာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့မှု အပြီးသတ်ဖို့ လန်ဒန်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တာဗရက်စ်က ဆေးစစ်မှု ပြီးစီးပြီ ဖြစ်ပြီး လောလောဆယ် ကွာရန်တင်း ဝင်နေတာ ဖြစ်ကာ ရက်ပိုင်း အတွင်း အပြောင်းအရွှေ့ တရားဝင် ကြေငြာဖွယ် ရှိပါတယ်။
အာဆင်နယ် ကွင်းလယ် ကစားသမား ဂွမ်ဒူဇီက ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြု ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဟယ်သာဘာလင်မှာ အငှား ထွက်ကစားခဲ့တဲ့ ဂွမ်ဒူဇီဟာ လောလောဆယ် မာဆေးနဲ့ ပြောဆို ညှိနှိုင်းနေပါတယ်။
အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ် ကို ပရီးမီးယားလိဂ်မှ ယူနိုက်တက်၊ လီဗာပူးနဲ့ ချယ်ဆီးတို့က ခေါ်ယူလိုနေပေမယ့် စပိန်သားဟာ လက်ရှိကလပ်မှာပဲ လာမယ့်ရာသီမှာ ဆက်ရှိသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ရာသီက စပါးမွာ အငွားလာကစားခဲ့တဲ့ ေ၀းစ္ ေတာင္ပံတိုက္စစ္သမား ဂါရတ္ ေဘးလ္ဟာ လာမယ့္ ေဘာလံုးရာသီမွာ ရီးရဲလ္မက္ဒရစ္မွာပဲ ဆက္ရွိေနမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ယူနိုက္တက္ဟာ ေရးနက္စ္ ကြင္းလယ္ၾကယ္ပြင့္ ကာမာဗင္ဂါ ကို ေခၚဖို႔ ၾကိဳးပမ္းမႈေတြ ဒီရက္ပိုင္းမွာ အရွိန္ျမွင့္ လုပ္ေဆာင္ေနပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ ကြင္းလယ္သမားဟာ ဥေရာပ အလားအလာ အေကာင္းဆံုး ကစားသမားေတြထဲ ပါ၀င္ပါတယ္။
အက္စတြန္ဗီလာ အသင္းဟာ ၄င္းတို႔ ကြင္းလယ္ကစားသမား ဂေရးလစ္ခ်္ကို အနည္းဆံုး ေနာက္နွစ္နွစ္ ဆက္ထိန္းထားဖို႔ ရည္ရြယ္တာေၾကာင့္ စာခ်ဳပ္သစ္ သက္တမ္းတိုးရန္ ေဆြးေႏြးေနပါတယ္။ ဒါေၾကာင့္ ဂေရးလစ္ခ်္ကို ေခၚဖို႔ ၾကိဳးစားေနတဲ့ မန္စီးတီး အတြက္ ဒီေႏြ အစီအစဥ္ ပ်က္ျပယ္ရဖြယ္ ရွိပါတယ္။
ေဆာက္သမ္တန္ တိုက္စစ္မွဴး ဒန္နီအင့္ ဟာ စိန္႔အသင္းရဲ႕ သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းမႈကို ျငင္းပယ္ထားပါတယ္။ အဂၤလန္သားကို မန္စီးတီး၊ ယူနိုက္တက္နဲ႕ စပါးအသင္းတို႔က ေစာင့္ၾကည့္ေနပါတယ္။
ဘင္ဖီကာ ဘယ္စြန္ခံစစ္မွဴး နူနု တာဗရက္စ္ဟာ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕မႈ အျပီးသတ္ဖို႔ လန္ဒန္သို႔ ေရာက္ရွိေနျပီ ျဖစ္ပါတယ္။ တာဗရက္စ္က ေဆးစစ္မႈ ျပီးစီးျပီ ျဖစ္ျပီး ေလာေလာဆယ္ ကြာရန္တင္း ၀င္ေနတာ ျဖစ္ကာ ရက္ပိုင္း အတြင္း အေျပာင္းအေရႊ႕ တရား၀င္ ေၾကျငာဖြယ္ ရွိပါတယ္။
အာဆင္နယ္ ကြင္းလယ္ ကစားသမား ဂြမ္ဒူဇီက ဒီေႏြမွာ အာဆင္နယ္ကေန ထြက္ခြာမွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။ ျပီးခဲ့တဲ့ ရာသီက ဟယ္သာဘာလင္မွာ အငွား ထြက္ကစားခဲ့တဲ့ ဂြမ္ဒူဇီဟာ ေလာေလာဆယ္ မာေဆးနဲ႕ ေျပာဆို ညွိနိႈင္းေနပါတယ္။
အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ကစားသမား ေဆာနီဂြက္ဇ္ ကို ပရီးမီးယားလိဂ္မွ ယူနိုက္တက္၊ လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔က ေခၚယူလိုေနေပမယ့္ စပိန္သားဟာ လက္ရွိကလပ္မွာပဲ လာမယ့္ရာသီမွာ ဆက္ရွိသြားဖြယ္ ရွိတယ္လို႔ သိရပါတယ္။
