UNICODE – အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆောနီဂွက်စ်က သူ့ရဲ့ အသင်းသစ်ကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပြီး အားလုံးကို ပွဲကျစေတဲ့ သတင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ ကွင်းလယ်လူ ဆောကြားမှာ စာချုပ်အရ ပြောင်းရွှေ့ကြေး ပေါင် ၁၃၅ သန်းထိ ပေးရမှာဖြစ်လို့ ကစားသမားက တီကိုကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ရင် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခုကိုပါ မြင်ရဖွယ် ရှိနေတယ်လို့ အားလုံးက ယူဆခဲ့ကြတာပါ။
ဒီရာသီမှာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားပေးထားပြီး ကိုယ်တိုင် ၄ ဂိုး သွင်းယူပေးထားတဲ့ ကွင်းလယ်လူက ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်၊ လာလီဂါကလပ် ဘာစီလိုနာတို့နဲ့ သတင်းကြီးထားခဲ့သူဖြစ်တယ်။ သူရဲ့ တွစ်တာကနေ ” အသင်းသစ်ကို သုံးရက်အတွင်း ကြေညာပေးပါမယ် ” ဆိုတဲ့ ထုတ်ပြောမှုက လူပြောများ သတင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ ဆောနီဂွက်စ်က သူ့ရဲ့ အသင်းသစ်ကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပြီး ကလပ် ကိုစတာ စီးတီးဆိုတဲ့ အသင်းပဲဖြစ်ပါတယ်။ ဒီနာမည်ကိုကြားတော့ ဝေဝါးဝါးဖြစ်ပြီး မကြားဖူးသလိုပဲလို့ ဖြစ်ကောင်းဖြစ်ကြပါမယ်။ ဟုတ်ပါတယ်။ ဘယ်သူမှ မကြားဖူးကြပါဘူး။ ဘာလို့လည်းဆိုတော့ အသင်းသစ် ဖြစ်နေလို့ပါပဲ။
သုံးရက်အတွင်း သူ့ရဲ့ အသင်းသစ်ကို ကြေညာမယ်လို့ ပြောခဲ့တဲ့ ဆောက သူ့ကတိအတိုင်း ကြေညာခဲ့တာက သူပြောင်းမယ့် အသင်းသစ် မဟုတ်ဘဲ သူတည်ထောင်တဲ့ အသင်းသစ် ဖြစ်နေလို့ပါပဲ။ ကလပ် ကိုစတာ စီးတီးဟာ သူနဲ့ သူ့အကိုတို့ စပိန်မှာ တည်ထောင်လိုက်ကြတဲ့ အကယ်ဒမီကျောင်းအသစ်ပဲ ဖြစ်ပါတယ်။
သင်တန်းသား ၅၀၀ လောက်ထိ လက်ခံပေးမယ့် အဆိုပါ အသင်းသစ်ကို ဒီကနေ့မှာ ဆောက ကြေညာခဲ့ပြီး စပိန်ကွင်းလယ်လူရဲ့ အရူးလုံးခြင်းကို ခံလိုက်ရတာအတွက် အားလုံးက ပွဲဖြစ်နေကြပြီ ဖြစ်ပါတယ်။
ZAWGYI – အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ေဆာနီဂြက္စ္က သူ႔ရဲ႕ အသင္းသစ္ကို တရားဝင္ ေၾကညာလိုက္ျပီျဖစ္ျပီး အားလံုးကို ပြဲက်ေစတဲ့ သတင္းတစ္ခုလည္း ျဖစ္ခဲ့ပါတယ္။
အက္သလက္တီကိုနဲ႔ ကြင္းလယ္လူ ေဆာၾကားမွာ စာခ်ဳပ္အရ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၃၅ သန္းထိ ေပးရမွာျဖစ္လို႔ ကစားသမားက တီကိုကေန ထြက္ခြာမယ္လို႔ ေၾကညာခဲ့ရင္ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးတစ္ခုကိုပါ ျမင္ရဖြယ္ ရွိေနတယ္လို႔ အားလံုးက ယူဆခဲ့ၾကတာပါ။
ဒီရာသီမွာ အက္သလက္တီကိုအတြက္ ျပိဳင္ပြဲစံု ၃၇ ပြဲ ပါဝင္ကစားေပးထားျပီး ကိုယ္တိုင္ ၄ ဂိုး သြင္းယူေပးထားတဲ့ ကြင္းလယ္လူက ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္၊ လာလီဂါကလပ္ ဘာစီလိုနာတို႔နဲ႔ သတင္းၾကီးထားခဲ့သူျဖစ္တယ္။ သူရဲ႕ တြစ္တာကေန ” အသင္းသစ္ကို သံုးရက္အတြင္း ေၾကညာေပးပါမယ္ ” ဆိုတဲ့ ထုတ္ေျပာမႈက လူေျပာမ်ား သတင္းတစ္ရပ္ ျဖစ္ခဲ့ပါတယ္။
ဒီကေန႔မွာေတာ့ ေဆာနီဂြက္စ္က သူ႔ရဲ႕ အသင္းသစ္ကို တရားဝင္ ေၾကညာလုိက္ျပီျဖစ္ျပီး ကလပ္ ကိုစတာ စီးတီးဆိုတဲ့ အသင္းပဲျဖစ္ပါတယ္။ ဒီနာမည္ကိုၾကားေတာ့ ေဝဝါးဝါးျဖစ္ျပီး မၾကားဖူးသလိုပဲလို႔ ျဖစ္ေကာင္းျဖစ္ၾကပါမယ္။ ဟုတ္ပါတယ္။ ဘယ္သူမွ မၾကားဖူးၾကပါဘူး။ ဘာလို႔လည္းဆိုေတာ့ အသင္းသစ္ ျဖစ္ေနလို႔ပါပဲ။
သံုးရက္အတြင္း သူ႔ရဲ႕ အသင္းသစ္ကို ေၾကညာမယ္လို႔ ေျပာခဲ့တဲ့ ေဆာက သူ႔ကတိအတုိင္း ေၾကညာခဲ့တာက သူေျပာင္းမယ့္ အသင္းသစ္ မဟုတ္ဘဲ သူတည္ေထာင္တဲ့ အသင္းသစ္ ျဖစ္ေနလို႔ပါပဲ။ ကလပ္ ကိုစတာ စီးတီးဟာ သူနဲ႔ သူ႔အကိုတို႔ စပိန္မွာ တည္ေထာင္လိုက္ၾကတဲ့ အကယ္ဒမီေက်ာင္းအသစ္ပဲ ျဖစ္ပါတယ္။
သင္တန္းသား ၅၀၀ ေလာက္ထိ လက္ခံေပးမယ့္ အဆိုပါ အသင္းသစ္ကို ဒီကေန႔မွာ ေဆာက ေၾကညာခဲ့ျပီး စပိန္ကြင္းလယ္လူရဲ႕ အရူးလံုးျခင္းကို ခံလုိက္ရတာအတြက္ အားလံုးက ပြဲျဖစ္ေနၾကျပီ ျဖစ္ပါတယ္။