ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (06/07/21)
ချယ်ဆီးအသင်းမှ ဂေးလ်မား၊ မော့ဆက်၊ တိုမိုရီ တို့ ဒီနွေမှာ အသီးသီး ထွက်ခွာပြီးသည့်တိုင် နောက်ဆုံး သတင်းတွေမျာ ချယ်ဆီး အတွက် ကစားသမား အဝင် သတင်းက ခိုင်မာတဲ့ ထူးခြားမှု မရှိလှသေးပါဘူး။ ဒါပေမယ့် အသင်းကနေ ဆက်လက် ထွက်ခွာဖွယ် ရှိတဲ့ ချယ်ဆီး ကစားသမားတွေကတော့ ရှိနေဆဲပါ။
ချယ်ဆီးရဲ့ ဒီနွေ တိုက်စစ် ပစ်မှတ် ဟာလန်း အတွက် အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ် ကိုယ်တိုင် ဝင်ရောက် ကူညီနေပေမယ့် ဒေါ့မွန်က ဆန်ချို ကို ပေါင် ၇၃ သန်းနဲ့ ရောင်းထုတ်ပြီးနောက် ငွေကြေး အင်အား ရှိသွားတာကြောင့် ဟာလန်းကို မရောင်းလိုတော့ဘဲ ရှိနေပါတယ်။
ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ စာချုပ်သစ် ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင် ပယ်ချထားပြီး သူ့ အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားဆဲပါ။ ချယ်ဆီးအသင်းက ရိုက်စ်ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေ ဆက်တိုက် စောင့်ကြည့်ခဲ့ပြီး နည်းပြ တူချယ် ကိုယ်တိုင်ကလည်း ရိုက်စ်ကို အကြိုက်တွေ့ပါတယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုကတော့ မရှိသေးဘူးလို့ သိရပါတယ်။
ချယ်ဆီး ခံစစ်မှူး အီမာဆန်က သူ့ရဲ့ စူပါအေးဂျင့် ဇာဟာဗီနဲ့ တွဲပြီး ဒီနွေမျာ အသင်းပြောင်းခွင့် ရဖို့ လှုပ်ရှားနေပါတယ်။ ဘယ်စွန် ခံစစ်သမားကို စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အင်တာ၊ လာဇီယိုနဲ့ နာပိုလီတို့က စိတ်ဝင်စားနေပါတယ်။
ဂျာမန် သတင်းတွေ အဆိုအရ ပီတာချက် က ဝါဒါဘရီမင် ဂိုးသမား ဂျီရီ ပက်ဗ်လန်ကာ ကို ချယ်ဆီး ခေါ်ယူစေလို နေပါတယ်။ ဒါပေမယ့် အသက် ၂၉ နှစ် အရွယ် ဂိုးသမားက ချယ်ဆီးမှာ ပွဲထွက်နေရာတော့ ရမှာ မဟုတ်တာကြောင့် စဉ်းစားနေဆဲပါ။
ဖေဖော်ဝါရီ ၂၀ နောက်ပိုင်း ချယ်ဆီး အတွက် ၁၉ မိနစ်သာ ကစားထားရတဲ့ တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကတော့ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ နည်းလမ်း ရှာနေပြီး အက်စတွန်ဗီလာ အသင်းက သူတို့ ကစားသမားဟောင်း အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ချယ်ဆီးရဲ့ ဒီနွေ တိုက်စစ် ပစ်မှတ် ဟာလန်း အတွက် အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျ ကိုယ်တိုင် ၀င်ရောက် ကူညီနေပေမယ့် ဒေါ့မွန်က ဆန်ချို ကို ပေါင် ၇၃ သန်းနဲ့ ရောင်းထုတ်ပြီးနောက် ငွေကြေး အင်အား ရှိသွားတာကြောင့် ဟာလန်းကို မရောင်းလိုတော့ဘဲ ရှိနေပါတယ်။