ကျောနံပါတ်သစ် အတည်ပြုခဲ့တဲ့ ဂိုးသမားသစ် ဟီတန်
ပြီးခဲ့တဲ့ အပတ်ကပဲ အက်စတွန်ဗီလာကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဂိုးသမားသစ် တွမ် ဟီတန် က ကျောနံပါတ် ၂၂ ကို ဝတ်ဆင်နေတာ တွေ့ရပါတယ်။ ထို ၂၂ ကို အရင် နှစ်တွေ တုန်း က ဂိုးသမား ဆာဂျီယို ရိုမီရို ဝတ်ဆင်ခဲ့တာပါ။

တွမ်ဇီဘီကို ရဖို့ နီးနေတဲ့ အက်စတွန်ဗီလာ
ယူနိုက်တက် ဗဟိုခံစစ်မှူး တွမ်ဇီဘီဟာ လာမယ့် ဘောလုံးရာသီ မစတင်ခင်ပဲ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ၎င်းကို အက်စတွန်ဗီလာ အသင်းက ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေပြီ လို့ သိရပါတယ်။
ဗာရိန်း အရန်ပစ်မှတ် ကွန်ဒဲ
မန်ချက်စတာ ယူနိုက်တက်ဟာ ဗာရိန်း ကို မရခဲ့ရင် ဆိုတဲ့ အခြေအနေ အတွက် အရန် ပစ်မှတ် အဖြစ် ဆီဗီလာမှ ဂျူးလက်စ် ကွန်ဒဲ ကို ချိတ်ဆက်ထားကြောင်း စပိန် AS သတင်းက ဆိုပါတယ်။ ဗာရိန်းက ဘာနေဗြူးမှာပဲ ဆက်နေပြီ သေချာတာနဲ့ ကွန်ဒဲ အတွက် ယူနိုက်တက်က ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။
ယူနိုက်တက်နဲ့ ပိုပြီး နီးစပ်လာတဲ့ ဗာရိန်း
မက်ဒရစ် အခြေစိုက် သတင်းတွေ အရတော့ ခံစစ်မှူး ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဖို့ ထက် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပိုနီးစပ်နေကြောင်း သိရပါတယ်။ ယူရို ၄၂ သန်း ပြောင်းရွှေ့ကြေးနဲ့ ထပ်ဆောင်းကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှုက ရီးရဲလ် လက်ခံနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

Zawgyi
ေက်ာနံပါတ္သစ္ အတည္ျပဳခဲ့တဲ့ ဂိုးသမားသစ္ ဟီတန္
ျပီးခဲ့တဲ့ အပတ္ကပဲ အက္စတြန္ဗီလာကေန မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေရာက္ရွိလာခဲ့တဲ့ ဂိုးသမားသစ္ တြမ္ ဟီတန္ က ေက်ာနံပါတ္ ၂၂ ကို ၀တ္ဆင္ေနတာ ေတြ႔ရပါတယ္။ ထို ၂၂ ကို အရင္ နွစ္ေတြ တုန္း က ဂိုးသမား ဆာဂ်ီယို ရိုမီရို ၀တ္ဆင္ခဲ့တာပါ။
တြမ္ဇီဘီကို ရဖို႔ နီးေနတဲ့ အက္စတြန္ဗီလာ
ယူနိုက္တက္ ဗဟိုခံစစ္မွဴး တြမ္ဇီဘီဟာ လာမယ့္ ေဘာလံုးရာသီ မစတင္ခင္ပဲ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖြယ္ ရွိေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ ၄င္းကို အက္စတြန္ဗီလာ အသင္းက ေခၚယူနိုင္ဖို႔လည္း နီးစပ္ေနျပီ လို႔ သိရပါတယ္။
ဗာရိန္း အရန္ပစ္မွတ္ ကြန္ဒဲ
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဗာရိန္း ကို မရခဲ့ရင္ ဆိုတဲ့ အေျခအေန အတြက္ အရန္ ပစ္မွတ္ အျဖစ္ ဆီဗီလာမွ ဂ်ဴးလက္စ္ ကြန္ဒဲ ကို ခ်ိတ္ဆက္ထားေၾကာင္း စပိန္ AS သတင္းက ဆိုပါတယ္။ ဗာရိန္းက ဘာေနျဗဴးမွာပဲ ဆက္ေနျပီ ေသခ်ာတာနဲ႕ ကြန္ဒဲ အတြက္ ယူနိုက္တက္က ကမ္းလွမ္းဖို႔ ျပင္ဆင္ထားပါတယ္။
ယူနိုက္တက္နဲ႕ ပိုျပီး နီးစပ္လာတဲ့ ဗာရိန္း
မက္ဒရစ္ အေျခစိုက္ သတင္းေတြ အရေတာ့ ခံစစ္မွဴး ဗာရိန္းဟာ ရီးရဲလ္မက္ဒရစ္နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ထက္ မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ ပိုနီးစပ္ေနေၾကာင္း သိရပါတယ္။ ယူရို ၄၂ သန္း ေျပာင္းေရႊ႕ေၾကးနဲ႕ ထပ္ေဆာင္းေၾကးေတြ ပါ၀င္တဲ့ ကမ္းလွမ္းမႈက ရီးရဲလ္ လက္ခံနိုင္ဖို႔ အေျခအေနေကာင္းေနတယ္လို႔ သတင္းမွာ ေဖာ္ျပထားတာပါ။
