ဘာစီလိုနာ အရှုပ်တော်ပုံနဲ့ လက်တလော နာမည်ကြီးနေတဲ့ ဥရောပ အပြောင်းအရွှေ့ သတင်းများ

ဘာစီလိုနာအသင်းက ဘဏ္ဍာရေးပိုင်း ထိန်းချုပ်မှုမှာ ပြဿနာကြီးတွေ ရှိနေပေမယ့်လည်း မက်ဆီကိုတော့ စာချုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း စပိန်ဘောလုံး ကျွမ်းကျင်သူတွေက ထုတ်ပြောလာပါတယ်။

ဘဏ္ဍာရေးအခြေအနေကြောင့် ဘာစီလိုနာဘက်က လုပ်ခ လျော့ယူဖို့ ကမ်းလှမ်းခံထားရတဲ့ ဂရစ်စမန်းဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာက အမ်တီတီနဲ့ ပီဂျာနစ်တို့ကို စာချုပ်ဖျက်သိမ်းလိုနေပေမယ့် ကစားသမားတွေရဲ့ မြင့်မားတဲ့ လုပ်ခကြောင့် ခေါ်ယူလိုတဲ့ ကလပ်တွေ မရှိခြင်းကြောင့် အခက်တွေ့နေပါတယ်။

ပေါ်တိုအသင်းဟာ လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ကို ခေါ်ယူဖို့ ကြိုးစားမှုကို သိပ်မကြာခင်မှာ စတင်လာနိုင်ပါတယ်။ လီဗာပူးဘက်ကတော့ ပေါင် သန်း ၂၀ မရရင် ရောင်းထုတ်ခြင်း မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

မန်စီးတီးဟာ တိုက်စစ်မှူးနေရာအတွက် ကမ်းလှမ်းမှုတွေ လုပ်ရာမှာ တောင်းဆိုဈေးတွေ များလွန်းခြင်းကြောင့် အခက်တွေ့နေပါတယ်။ မန်နေဂျာဂွာဒီယိုလာက ဟယ်ရီကိန်းနဲ့ ဟာလန်းတို့ကို တိုက်စစ်အတွက် အလိုရှိနေတာပါ။

ဒေါ့မွန်အသင်းက ပီအက်စ်ဗီတိုက်စစ်သမား မာလန်အပြင် လိုက်ဇစ်အသင်းမှ သြစတြီးယား ကွင်းလယ်လူ ဆာဘစ်ဇာကိုလည်း ယူရို သန်း ၂၀ ဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘေလ်ဇယ်အသင်းဟာ လီဗာပူးလူငယ် တိုက်စစ်သမား မီလာကို ပေါင် ၁.၃ သန်းဖြင့် အပြီးသတ် ခေါ်ယူခဲ့ပါပြီ။

အာဆင်နယ်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူ အော်ရေးအတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနွေမှာ ပြင်သစ်သား ကွင်းလယ်လူကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူနိုင်ပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ် မန်နေဂျာအန်ဆယ်လော့တီက အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို လာလီဂါကလပ်အတွက် ခေါ်ယူလိုနေပါတယ်။

ZAWGYI – ဘာစီလိုနာအသင္းက ဘ႑ာေရးပိုင္း ထိန္းခ်ဳပ္မႈမွာ ျပႆနာၾကီးေတြ ရွိေနေပမယ့္လည္း မက္ဆီကိုေတာ့ စာခ်ဳပ္ေပးႏုိင္မယ္လို႔ ယံုၾကည္ေၾကာင္း စပိန္ေဘာလံုး ကၽြမ္းက်င္သူေတြက ထုတ္ေျပာလာပါတယ္။

ဘ႑ာေရးအေျခအေနေၾကာင့္ ဘာစီလိုနာဘက္က လုပ္ခ ေလ်ာ့ယူဖို႔ ကမ္းလွမ္းခံထားရတဲ့ ဂရစ္စမန္းဟာ ပရီးမီးယားလိဂ္ထံ ေျပာင္းေရႊ႔ဖို႔ စိတ္ဝင္စားေနပါတယ္။

ဘာစီလိုနာက အမ္တီတီနဲ႔ ပီဂ်ာနစ္တို႔ကို စာခ်ဳပ္ဖ်က္သိမ္းလိုေနေပမယ့္ ကစားသမားေတြရဲ႕ ျမင့္မားတဲ့ လုပ္ခေၾကာင့္ ေခၚယူလိုတဲ့ ကလပ္ေတြ မရွိျခင္းေၾကာင့္ အခက္ေတြ႔ေနပါတယ္။

ေပၚတိုအသင္းဟာ လီဗာပူးကြင္းလယ္လူ ဂရုဂ်စ္ကို ေခၚယူဖို႔ ၾကိဳးစားမႈကို သိပ္မၾကာခင္မွာ စတင္လာႏုိင္ပါတယ္။ လီဗာပူးဘက္ကေတာ့ ေပါင္ သန္း ၂၀ မရရင္ ေရာင္းထုတ္ျခင္း မလုပ္ဖို႔ ဆံုးျဖတ္ထားပါတယ္။

မန္စီးတီးဟာ တိုက္စစ္မွဴးေနရာအတြက္ ကမ္းလွမ္းမႈေတြ လုပ္ရာမွာ ေတာင္းဆိုေစ်းေတြ မ်ားလြန္းျခင္းေၾကာင့္ အခက္ေတြ႔ေနပါတယ္။ မန္ေနဂ်ာဂြာဒီယိုလာက ဟယ္ရီကိန္းနဲ႔ ဟာလန္းတို႔ကို တိုက္စစ္အတြက္ အလိုရွိေနတာပါ။

ေဒါ့မြန္အသင္းက ပီအက္စ္ဗီတိုက္စစ္သမား မာလန္အျပင္ လိုက္ဇစ္အသင္းမွ ၾသစၾတီးယား ကြင္းလယ္လူ ဆာဘစ္ဇာကိုလည္း ယူရို သန္း ၂၀ ျဖင့္ ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ေဘလ္ဇယ္အသင္းဟာ လီဗာပူးလူငယ္ တိုက္စစ္သမား မီလာကို ေပါင္ ၁.၃ သန္းျဖင့္ အျပီးသတ္ ေခၚယူခဲ့ပါျပီ။

အာဆင္နယ္အသင္းဟာ လိုင္ယြန္ကြင္းလယ္လူ ေအာ္ေရးအတြက္ တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီေႏြမွာ ျပင္သစ္သား ကြင္းလယ္လူကို ယူရို သန္း ၂၀ ျဖင့္ ေခၚယူႏုိင္ပါလိမ့္မယ္။

ရီးရဲလ္မက္ဒရစ္ မန္ေနဂ်ာအန္ဆယ္ေလာ့တီက အဲဗာတန္တိုက္စစ္မွဴး ရစ္ခ်ာလီဆန္ကို လာလီဂါကလပ္အတြက္ ေခၚယူလိုေနပါတယ္။