ဘာစီလိုနာ ခံစစ်မှုးအတွက် အပြိုင် တိုက်ပွဲဆင်ရမယ့် အာဆင်နယ်နဲ့ ချယ်ဆီး

အာဆင်နယ်နဲ့ ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဘာစီလိုနာအသင်းမှ ပြင်သစ်သား ခံစစ်မှူး ဆမ်မြူရယ် အမ်တီတီကို အပြိုင် ခေါ်ယူဖို့ စိတ်အားထက်သန် နေကြကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။ အမ်တီတီက အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ်ထားခြင်း ခံရသူလည်း ဖြစ်ပါတယ်။

ဂန်းနားတွေက ဒီတကြိမ် အပြောင်းအရွှေ့မှာ အမ်တီတီကို အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ချယ်ဆီးအသင်းကပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အမ်တီတီဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ကစားခွင့် ရစပြုလာပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့တော့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

စပိန်သတင်းတွေ အဆိုအရ ချယ်ဆီးအသင်းဟာ အမ်တီတီကို ခေါ်ယူဖို့ ချဉ်းကပ်ထားပြီး ယူအီးအက်ဖ်အေ အပြောင်းအရွှေ့ ပိတ်ခံထားရတဲ့ ကာလတည်းက ချိတ်ဆက်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ စတန်းဖို့ဘရစ်ချ်ထံ ပြောင်းလာဖို့ အမ်တီတီကလည်း စိတ်ဝင်စားမှု ရှိနေပြီး သူ့ရဲ့ အေးဂျင့်တွေအား ချယ်ဆီးအကြီးအကဲတွေနဲ့ ဆွေးနွေးစေရန် ပြင်ဆင်ခိုင်းထားပါတယ်။

ချယ်ဆီးဘက်ကလည်း အမ်တီတီရဲ့ အေးဂျင့် ဖြစ်သူ ကာနာလက်စ်နဲ့ ဆက်သွယ်မှုတွေ ရှိနေတယ် ယူဆရပြီး အပြောင်းအရွှေ့ ဖြစ်အောင် တွန်းအားပေးနေပါတယ်။

အသက် ၂၆ နှစ် အရွယ် ပြင်သစ်သားက ဘာစီလိုနာမှာ ဆက်နေဖို့တော့ လိုလားပြီး ပြေင်းရွှေ့ရမယ်ဆိုလည်း ချန်ပီယံလိဂ် ကစားခွင့် ရမယ့် အသင်းကိုသာ ရွေးချယ်လိုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အာဆင်နယ်နဲ့ ယူနိုက်တက်ထက် ချယ်ဆီးကိုတော့ ပိုမို အလေးသာနေပါတယ်။

ဘာစီလိုနာကတော့ ရာသီအကုန်မှာ အမ်တီတီ အတွက် ၎င်းတို့ တောင်းဆိုတဲ့ တန်ကြေး ပေါင် ၄၆ သန်းနဲ့ ကမ်းလှမ်းနိုင်ရင် ရောင်းချသွားလိုနေပါတယ်။ ချယ်ဆီးမှာလည်း အခြား ခံစစ် ပစ်မှတ်ကစားသမားတွေ ရှိနေပြီး အမ်တီတီထက် ဈေးပိုသက်သာနိုင်တဲ့ အနေအထားတွေ ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးမှာတော့ ညှိနှိုင်းရဖွယ် ရှိပါတယ်။

Zawgyi – အာဆင္နယ္နဲ႕ ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ဘာစီလိုနာအသင္းမွ ျပင္သစ္သား ခံစစ္မွဴး ဆမ္ျမဴရယ္ အမ္တီတီကို အျပိဳင္ ေခၚယူဖုိ႔ စိတ္အားထက္သန္ ေနၾကေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။ အမ္တီတီက အာဆင္နယ္အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ထားျခင္း ခံရသူလည္း ျဖစ္ပါတယ္။

ဂန္းနားေတြက ဒီတၾကိမ္ အေျပာင္းအေရႊ႕မွာ အမ္တီတီကို အရ ေခၚယူဖို႔ ပစ္မွတ္ထားေနျပီး ခ်ယ္ဆီးအသင္းကပါ စိတ္၀င္စားလာခဲ့တာ ျဖစ္ပါတယ္။ အမ္တီတီဟာ ဘာစီလိုနာအသင္းမွာ ပံုမွန္ကစားခြင့္ ရစျပဳလာေပမယ့္ ေျခစြမ္းေကာင္းေတြ ျပသနိုင္ဖို႔ေတာ့ လိုအပ္ခ်က္ေတြ ရွိေနဆဲ ျဖစ္ပါတယ္။

စပိန္သတင္းေတြ အဆိုအရ ခ်ယ္ဆီးအသင္းဟာ အမ္တီတီကို ေခၚယူဖို႔ ခ်ဥ္းကပ္ထားျပီး ယူအီးအက္ဖ္ေအ အေျပာင္းအေရႊ႕ ပိတ္ခံထားရတဲ့ ကာလတည္းက ခ်ိတ္ဆက္ထားတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ စတန္းဖို႔ဘရစ္ခ်္ထံ ေျပာင္းလာဖို႔ အမ္တီတီကလည္း စိတ္၀င္စားမႈ ရွိေနျပီး သူ႔ရဲ႕ ေအးဂ်င့္ေတြအား ခ်ယ္ဆီးအၾကီးအကဲေတြနဲ႕ ေဆြးေႏြးေစရန္ ျပင္ဆင္ခိုင္းထားပါတယ္။

ခ်ယ္ဆီးဘက္ကလည္း အမ္တီတီရဲ႕ ေအးဂ်င့္ ျဖစ္သူ ကာနာလက္စ္နဲ႕ ဆက္သြယ္မႈေတြ ရွိေနတယ္ ယူဆရျပီး အေျပာင္းအေရႊ႕ ျဖစ္ေအာင္ တြန္းအားေပးေနပါတယ္။

အသက္ ၂၆ နွစ္ အရြယ္ ျပင္သစ္သားက ဘာစီလိုနာမွာ ဆက္ေနဖို႔ေတာ့ လိုလားျပီး ေျပင္းေရႊ႕ရမယ္ဆိုလည္း ခ်န္ပီယံလိဂ္ ကစားခြင့္ ရမယ့္ အသင္းကိုသာ ေရြးခ်ယ္လိုေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၄င္းကို စိတ္၀င္စားေနတဲ့အသင္းေတြထဲမွာ အာဆင္နယ္နဲ႕ ယူနိုက္တက္ထက္ ခ်ယ္ဆီးကိုေတာ့ ပိုမို အေလးသာေနပါတယ္။

ဘာစီလိုနာကေတာ့ ရာသီအကုန္မွာ အမ္တီတီ အတြက္ ၄င္းတို႔ ေတာင္းဆိုတဲ့ တန္ေၾကး ေပါင္ ၄၆ သန္းနဲ႕ ကမ္းလွမ္းနုိင္ရင္ ေရာင္းခ်သြားလိုေနပါတယ္။ ခ်ယ္ဆီးမွာလည္း အျခား ခံစစ္ ပစ္မွတ္ကစားသမားေတြ ရွိေနျပီး အမ္တီတီထက္ ေစ်းပိုသက္သာနုိင္တဲ့ အေနအထားေတြ ရွိေနတာေၾကာင့္ ေျပာင္းေရႊ႕ေၾကးမွာေတာ့ ညွိနိႈင္းရဖြယ္ ရွိပါတယ္။