ဟာဗက်ဇ်၊ ကန်တေ၊ မောင့်တို့နဲ့ ကွင်းလယ်မှာ တွဲ ကစားချင်နေတဲ့ ရိုက်စ်
ဝက်စ်ဟမ်းနဲ့ ချယ်ဆီး အသင်း ကစားသမားတွေထဲကနေ ငါးယောက် တစ်သင်း ဖွဲ့မယ် ဆို ဘယ်သူတွေကို ရွေးမလဲ မေးခွန်းထုတ်ခံရရာမှာ ဒီကလန် ရိုက်စ် က ရိုက်စ်၊ ကန်တေ၊ မောင့်၊ ဟာဗက်ဇ်၊ အန်တိုနီယို လို့ ရွေးချယ်ခဲ့ပါတယ်။
အဲဒီနောက် ရိုက်စ် က – ” ဘယ်လောက် ကောင်းတဲ့ ၅ယောက် အသင်းလဲ ကြည့်လိုက်ဦး။ သူတို့နဲ့ အတူ ကစားဖို့ ဆို ကျနော် ငွေပုံပေး ဆိုလည်း ပေးပလိုက်ချင်တယ်။ ” လို့ ပြောဆိုလိုက်ပါတယ်။
အမှားကြီး လုပ်ခဲ့မိကြောင်း နည်းပြဟောင်း ဆာရီ ဆို

” ချယ်ဆီးမှာ ကျနော် အမှားကြီး တစ်ခု လုပ်ခဲ့မိတယ်၊ အဲဒါကတော့ အီတလီကို ဘယ်နည်းနဲ့ မဆို ပြန်ရဖို့ ကြိုးစားခဲ့တာ။ မာရီနာက ကျနော် ချယ်ဆီးကနေ ထွက်တာကို နှောင့်နှေးအောင် လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော်က အီတလီကိုပဲ ပြန်ချင်နေခဲ့တယ်။ ချယ်ဆီးက အသင်းကောင်းပါ။ သူတို့က ကျနော်နဲ့ သင့်တော်မယ့် လူငယ် ကစားသမားကောင်းတွေ အများကြီး ခေါ်ပေးခဲ့တယ်။ ” လို့ ဆာရီကပြောဆိုခဲ့ပါတယ်။
ချယ်ဆီးမှာ ဆက်နေဖို့ ရွေးလိုက်တဲ့ အိုဒွိုင်း
အားကစားသတင်းထောက် ရိုမန်နို အဆို အရ ချယ်ဆီးနည်းပြ တူချယ်ဟာ တောင်ပံ တိုက်စစ်သမား အိုဒွိုင်းကို လာမယ့် ရာသီ အသင်းမှာပဲ ဆက်နေစေလိုနေကြောင်း သိရပါတယ်။ အိုဒွိုင်းကလည်း သူ့ ပွဲထွက် ခွင့် တစ်နေရာ အတွက် အသင်းမှာ ဆက်နေပြီး တိုက်ပွဲဝင်သွားဖို့ ရှိနေပါတယ်။

Zawgyi
ဟာဗက္ဇ္၊ ကန္ေတ၊ ေမာင့္တို႔နဲ႕ ကြင္းလယ္မွာ တြဲ ကစားခ်င္ေနတဲ့ ရိုက္စ္
၀က္စ္ဟမ္းနဲ႕ ခ်ယ္ဆီး အသင္း ကစားသမားေတြထဲကေန ငါးေယာက္ တစ္သင္း ဖြဲ႕မယ္ ဆို ဘယ္သူေတြကို ေရြးမလဲ ေမးခြန္းထုတ္ခံရရာမွာ ဒီကလန္ ရိုက္စ္ က ရိုက္စ္၊ ကန္ေတ၊ ေမာင့္၊ ဟာဗက္ဇ္၊ အန္တိုနီယို လုိ႔ ေရြးခ်ယ္ခဲ့ပါတယ္။
အဲဒီေနာက္ ရိုက္စ္ က – ” ဘယ္ေလာက္ ေကာင္းတဲ့ ၅ေယာက္ အသင္းလဲ ၾကည့္လိုက္ဦး။ သူတို႔နဲ႕ အတူ ကစားဖို႔ ဆို က်ေနာ္ ေငြပံုေပး ဆိုလည္း ေပးပလိုက္ခ်င္တယ္။ ” လို႔ ေျပာဆိုလိုက္ပါတယ္။
အမွားၾကီး လုပ္ခဲ့မိေၾကာင္း နည္းျပေဟာင္း ဆာရီ ဆို
” ခ်ယ္ဆီးမွာ က်ေနာ္ အမွားၾကီး တစ္ခု လုပ္ခဲ့မိတယ္၊ အဲဒါကေတာ့ အီတလီကို ဘယ္နည္းနဲ႕ မဆို ျပန္ရဖို႔ ၾကိဳးစားခဲ့တာ။ မာရီနာက က်ေနာ္ ခ်ယ္ဆီးကေန ထြက္တာကို ေႏွာင့္ေနွးေအာင္ လုပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ က်ေနာ္က အီတလီကိုပဲ ျပန္ခ်င္ေနခဲ့တယ္။ ခ်ယ္ဆီးက အသင္းေကာင္းပါ။ သူတို႔က က်ေနာ္နဲ႕ သင့္ေတာ္မယ့္ လူငယ္ ကစားသမားေကာင္းေတြ အမ်ားၾကီး ေခၚေပးခဲ့တယ္။ ” လို႔ ဆာရီကေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးမွာ ဆက္ေနဖို႔ ေရြးလိုက္တဲ့ အိုဒြိဳင္း
အားကစားသတင္းေထာက္ ရိုမန္နို အဆို အရ ခ်ယ္ဆီးနည္းျပ တူခ်ယ္ဟာ ေတာင္ပံ တိုက္စစ္သမား အိုဒြိဳင္းကို လာမယ့္ ရာသီ အသင္းမွာပဲ ဆက္ေနေစလိုေနေၾကာင္း သိရပါတယ္။ အိုဒြိဳင္းကလည္း သူ႔ ပြဲထြက္ ခြင့္ တစ္ေနရာ အတြက္ အသင္းမွာ ဆက္ေနျပီး တိုက္ပြဲ၀င္သြားဖို႔ ရွိေနပါတယ္။
