ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (03/06/20)

ယူနိုက်တက် ပစ်မှတ် ဆော နီဂွက်ဇ်က သူ့ရဲ့ အသင်းသစ်ကို ရက်ပိုင်းအတွင်း အသိပေး ကြေငြာမယ် ဆိုထားတာကို ဒီနေ့ပဲ ထုတ်ပြန် လိုက်ပါပြီ။ ဆော အတည်ပြု ကြေညာလိုက်တဲ့ အသင်းသစ်က ပြောင်းရွှေ့မယ့် အသင်း မဟုတ်ဘဲ သူ တည်ထောင်လိုက်တဲ့ ကလပ် ကိုစတာ စီးတီးပဲဖြစ်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့ ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲ မတိုင်ခင် ကလပ်အသင်းတွေဟာ ခြေစမ်းပွဲတွေ ကစားခွင့်ရှိမှာဖြစ်ပြီး ယူနိုက်တက်ကလည်း ခွင့်ပြုမိန့် ရခဲ့ပြီလို့ သိရပါတယ်။ နည်းပြ ဆိုးရှားကတော့ အသင်းထရိန်နင်မှာပဲ ပို အားစိုက်ဖို့ ရည်ရွယ်ထားပါတယ်။

ပေါ့ဘာ ပြန် ပါဝင်ကစားနိုင်တော့မှာက ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်အောင် ရုန်းဖို့ တွန်းအားကောင်း တစ်ရပ် ဖြစ်လာမယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဆိုလိုက်ပါတယ်။

ယူနိုက်တက် ဟာဆန်ချိုကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါက အစားထိုးခေါ်ယူသွားဖို့ အရန် အဖြစ် ဗယ်လစ်ဆက်စ်ဖီးလ်အသင်းရဲ့ တီယာဂို အယ်လ်မာဒါ၊ ဘုန်းမောက်ရဲ့ ဒေးဗစ်ဘရွတ်ခ်နဲ့ ရှော်လ်ကာအသင်းရဲ့ ရက်ဘီမက်တွန်ဒိုတို့ကို ပစ်မှတ်ထားနေကြောင်း MEN သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ဆန်ချိုအတွက် အဓိက ကြိုးစားနေတဲ့ အသင်းတွေထဲ ယူနိုက်တက်နဲ့ ချယ်ဆီးအပြင် စပိန်အင်းအားကြီးကလပ် ရီးရဲလ်မက်ဒရစ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း ဒီနေ့ သတင်းများမှာ ဖော်ပြနေပါတယ်။

ဖီဖာက ဘောလုံးလိဂ်တွေကို အမှတ်ပေးပွဲတွေ ပြန်စတင်တဲ့အခါ VAR ကို သုံးချင်လား မသုံးချင်ဘူးလား စိတ်ကြိုက်ရွေးခွင့် ပေးထားပြီး ပရီးမီးယားလိဂ်ကတော့ ဆက်သုံးမယ်လို့ ရွေးချယ်ထားပါတယ်။

တိုက်စစ်မှူး အစ်ဟာလို က အငှားသက်တမ်းတိုးနိုင်ခဲ့ကာ ယူနိုက်တက်မှာ ဆက်ပြီး ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ် ပျော်ရွှင်နေကြောင်းနဲ့ အသင်း အတွက်ဆို ဘာမဆို ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ကွင်းလယ် ကစားသမား ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ဟာ တိုက်စစ်မှူး မာရှယ်ကို အဓိက ပံ့ပိုးသွားမယ့် အသင်းဖော်ကောင်းတွေ ဖြစ်မယ်လို့ အသင်း ပရိသတ်တွေက ယုံကြည်မျှော်လင့် နေကြပါတယ်။

Zawgyi – ယူနုိက္တက္ ပစ္မွတ္ ေဆာ နီဂြက္ဇ္က သူ႔ရဲ႕ အသင္းသစ္ကို ရက္ပိုင္းအတြင္း အသိေပး ေၾကျငာမယ္ ဆိုထားတာကို ဒီေန႔ပဲ ထုတ္ျပန္ လိုက္ပါျပီ။ ေဆာ အတည္ျပဳ ေၾကညာလိုက္တဲ့ အသင္းသစ္က ေျပာင္းေရႊ႕မယ့္ အသင္း မဟုတ္ဘဲ သူ တည္ေထာင္လုိက္တဲ့ ကလပ္ ကိုစတာ စီးတီးပဲျဖစ္ပါတယ္။

ဇြန္လ ၁၇ ရက္ေန႔ ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲ မတိုင္ခင္ ကလပ္အသင္းေတြဟာ ေျခစမ္းပြဲေတြ ကစားခြင့္ရွိမွာျဖစ္ျပီး ယူႏုိက္တက္ကလည္း ခြင့္ျပဳမိန္႔ ရခဲ့ျပီလို႔ သိရပါတယ္။ နည္းျပ ဆိုးရွားကေတာ့ အသင္းထရိန္နင္မွာပဲ ပို အားစိုက္ဖို႔ ရည္ရြယ္ထားပါတယ္။

ေပါ့ဘာ ျပန္ ပါ၀င္ကစားနိုင္ေတာ့မွာက ယူနိုက္တက္ အတြက္ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ၀င္ေအာင္ ရုန္းဖို႔ တြန္းအားေကာင္း တစ္ရပ္ ျဖစ္လာမယ္လို႔ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ဆိုလိုက္ပါတယ္။

ယူႏိုက္တက္ ဟာဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့ျခင္း မရွိပါက အစားထိုးေခၚယူသြားဖို႔ အရန္ အျဖစ္ ဗယ္လစ္ဆက္စ္ဖီးလ္အသင္းရဲ႕ တီယာဂို အယ္လ္မာဒါ၊ ဘုန္းေမာက္ရဲ႕ ေဒးဗစ္ဘ႐ြတ္ခ္နဲ႔ ေရွာ္လ္ကာအသင္းရဲ႕ ရက္ဘီမက္တြန္ဒိုတို႔ကို ပစ္မွတ္ထားေနေၾကာင္း MEN သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ဆန္ခ်ိဳအတြက္ အဓိက ၾကိဳးစားေနတဲ့ အသင္းေတြထဲ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးအျပင္ စပိန္အင္းအားၾကီးကလပ္ ရီးရဲလ္မက္ဒရစ္လည္း ပါ၀င္လာခဲ့ျပီ ျဖစ္ေၾကာင္း ဒီေန႔ သတင္းမ်ားမွာ ေဖာ္ျပေနပါတယ္။

ဖီဖာက ေဘာလံုးလိဂ္ေတြကို အမွတ္ေပးပြဲေတြ ျပန္စတင္တဲ့အခါ VAR ကို သံုးခ်င္လား မသံုးခ်င္ဘူးလား စိတ္ၾကိဳက္ေရြးခြင့္ ေပးထားျပီး ပရီးမီးယားလိဂ္ကေတာ့ ဆက္သံုးမယ္လို႔ ေရြးခ်ယ္ထားပါတယ္။

တိုက္စစ္မွဴး အစ္ဟာလို က အငွားသက္တမ္းတိုးနိုင္ခဲ့ကာ ယူႏိုက္တက္မွာ ဆက္ၿပီး ကစားခြင္႔ရခဲ႔တဲ႔အတြက္ ေက်နပ္ ေပ်ာ္ရႊင္ေနေၾကာင္းနဲ႕ အသင္း အတြက္ဆို ဘာမဆို ကူညီလုပ္ေဆာင္ေပးသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ကြင္းလယ္ ကစားသမား ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ဟာ တိုက္စစ္မွဴး မာရွယ္ကို အဓိက ပံ့ပိုးသြားမယ့္ အသင္းေဖာ္ေကာင္းေတြ ျဖစ္မယ္လို႔ အသင္း ပရိသတ္ေတြက ယံုၾကည္ေမွ်ာ္္လင့္ ေနၾကပါတယ္။