ချယ်ဆီးအသင်းရဲ့ အသက် ၃၄ နှစ် အရွယ် ဝါရင့် တိုက်စစ်မှူးကြီး ဂျီရူး ကို ခေါ်ယူဖို့ အေစီမီလန်က အားစိုက် ကြိုးပမ်းနေပါတယ်။ ကလပ်အသင်း နှစ်သင်းကြား ပြောဆိုဆွေးနွေးမှုတွေက ဆက်ရှိနေသေးပြီး စာချုပ် တစ်နှစ် တိုးထားတာ မကြာသေးတဲ့ ဂျီရူးက ဒီနွေမှာ အသင်းပြောင်းသွားတာလည်း ဖြစ်နိုင်နေပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ဒီနွေမှာ ပေါ့ဘာကို ခေါ်ယူမှု လက်မလျှော့သေးဘဲ ဆက်လက် ကြိုးစားနေတယ်လို့ ပြင်သစ် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ပြင်သစ်လက်ရွေးစင် ကွင်းလယ်သမားဟာ ယူနိုက်တက်နဲ့ စာချုပ် နောက်ဆုံး နှစ်ထဲ ရောက်ရှိနေပါပြီ။

အဲဗာတန် နည်းပြသစ် ဖြစ်လာတဲ့ ရာဖေးဘင်နီတက်ဇ် ဟာ ဘာစီလိုနာ ဗဟိုခံစစ်မှူး ကလီမန့် လန်လက်ကို ခေါ်ယူလိုနေပြီး လာလီဂါ ထိပ်သီးကလပ်ကလည်း လန်လက်ကို ရောင်းထုတ်ဖို့ များနေပါတယ်။
ဒီနွေမှာ လီဗာပူးအသင်း ခေါ်ယူထားတဲ့ ကစားသမားသစ် ကိုနာတေးက ထွက်ခွာသွားတဲ့ ကွင်းလယ် ဝိုက်နယ်ဒန်ရဲ့ ကျောနံပါတ် ၅ ကို ဝတ်ဆင် ကစားတော့မှာ ဖြစ်ပါတယ်။
ရိမ်းဂျားစ် တောင်ပံတိုက်စစ်သမား လီဗာပူး အကယ်ဒမီထွက် ရိုင်ယန် ကန့် ကို လိဒ်ယူနိုက်တက် အသင်းက ဒီနွေမှာ ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေကလည်း လိဒ်က ကန့်ကို ကမ်းလှမ်းခဲ့ပြီး ထိုစဉ်က ရိမ်းဂျားစ်က ပယ်ချခဲ့တာပါ။
ဟာကိမိ ကို လက်လွှတ်ထားရတဲ့ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းဟာ ညာစွန်ခံစစ်သမား ဈေးကွက်ထဲ ရှာဖွေနေပြီး အာဆင်နယ်မှ ဘယ်လာရင် ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ချယ်ဆီးအသင်းဟာ ဟာလန်း အတွက် ဒေါ့မွန် ငြင်းပယ်နိုင်မှာ မဟုတ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း အင်္ဂလန် သတင်းတွေမှာ ဖော်ပြထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ အသက္ ၃၄ နွစ္ အရြယ္ ၀ါရင့္ တိုက္စစ္မွဴးၾကီး ဂ်ီရူး ကို ေခၚယူဖို႔ ေအစီမီလန္က အားစိုက္ ၾကိဳးပမ္းေနပါတယ္။ ကလပ္အသင္း နွစ္သင္းၾကား ေျပာဆိုေဆြးေႏြးမႈေတြက ဆက္ရွိေနေသးျပီး စာခ်ဳပ္ တစ္နွစ္ တိုးထားတာ မၾကာေသးတဲ့ ဂ်ီရူးက ဒီေႏြမွာ အသင္းေျပာင္းသြားတာလည္း ျဖစ္နုိင္ေနပါတယ္။
ပီအက္စ္ဂ်ီ အသင္းဟာ ဒီေႏြမွာ ေပါ့ဘာကို ေခၚယူမႈ လက္မေလွ်ာ့ေသးဘဲ ဆက္လက္ ၾကိဳးစားေနတယ္လို႔ ျပင္သစ္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ ျပင္သစ္လက္ေရြးစင္ ကြင္းလယ္သမားဟာ ယူနိုက္တက္နဲ႕ စာခ်ဳပ္ ေနာက္ဆံုး နွစ္ထဲ ေရာက္ရွိေနပါျပီ။
အဲဗာတန္ နည္းျပသစ္ ျဖစ္လာတဲ့ ရာေဖးဘင္နီတက္ဇ္ ဟာ ဘာစီလိုနာ ဗဟိုခံစစ္မွဴး ကလီမန္႔ လန္လက္ကို ေခၚယူလိုေနျပီး လာလီဂါ ထိပ္သီးကလပ္ကလည္း လန္လက္ကို ေရာင္းထုတ္ဖို႔ မ်ားေနပါတယ္။
ဒီေႏြမွာ လီဗာပူးအသင္း ေခၚယူထားတဲ့ ကစားသမားသစ္ ကိုနာေတးက ထြက္္ခြာသြားတဲ့ ကြင္းလယ္ ၀ိုက္နယ္ဒန္ရဲ႕ ေက်ာနံပါတ္ ၅ ကို ၀တ္ဆင္ ကစားေတာ့မွာ ျဖစ္ပါတယ္။
ရိမ္းဂ်ားစ္ ေတာင္ပံတုိက္စစ္သမား လီဗာပူး အကယ္ဒမီထြက္ ရိုင္ယန္ ကန္႔ ကို လိဒ္ယူနိုက္တက္ အသင္းက ဒီေႏြမွာ ေခၚယူဖို႔ ထပ္မံ ၾကိဳးပမ္းဦးမွာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေႏြကလည္း လိဒ္က ကန္႔ကို ကမ္းလွမ္းခဲ့ျပီး ထိုစဥ္က ရိမ္းဂ်ားစ္က ပယ္ခ်ခဲ့တာပါ။
ဟာကိမိ ကို လက္လႊတ္ထားရတဲ့ စီးရီးေအ ခ်န္ပီယံ အင္တာမီလန္အသင္းဟာ ညာစြန္ခံစစ္သမား ေစ်းကြက္ထဲ ရွာေဖြေနျပီး အာဆင္နယ္မွ ဘယ္လာရင္ ကို ေခၚယူဖို႔ စဥ္းစားေနပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဟာလန္း အတြက္ ေဒါ့မြန္ ျငင္းပယ္နိုင္မွာ မဟုတ္တဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၅၀ နဲ႕ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း အဂၤလန္ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
