ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ (09/07/21)

လီဗာပူးအသင်းဟာ လူငယ်တိုက်စစ်သမား ဟာဗေး အီလီးယက် ကို ဒီနေ့ပဲ ကာလရှည် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘလက်ဘန်းမှာ အငှားထွက် ကစားခဲ့တဲ့ အီလီးယက် ဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းကြီးမှာ ၉ ပွဲ ပွဲထွက် ပါဝင်ထားဖူးပါတယ်။

ယူနိုက်တက်ဟာ ဗာရိန်းကို ခေါ်ဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ရင် အရန် ပစ်မှတ် အဖြစ် လိုင်ယွန်မှ ဒိန်းမတ်သား ခံစစ်မှူး ဂျိုအာချင် အန်ဒါဆန် ကို ချိန်ရွယ်နေပါတယ်။

ရီးရဲလ်ကနေ ပီအက်စ်ဂျီ အသင်းထံ မပြောင်းရွှေ့ခင်က ခံစစ်မှူး ဆာဂျီယို ရာမို့စ်ဟာ ၎င်းကို ပေါင် သန်း ၃၀ တန် ၂နှစ် စာချုပ်နဲ့ ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်ကို စိတ်ဝင်စားခဲ့ပေမယ့် ဂန်းနားတွေက နောက်ရာသီ ချန်ပီယံလိဂ် မကစားရတာကြောင့် ငြင်းဆန်ခဲ့ပါတယ်။

ဒီနွေမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ဘရာဇီး ကွင်းလယ်တိုက်စစ်သမား ကော်တင်ညိုက နည်းလမ်း ရှာဖွေနေပြီး လက်စတာက ၎င်းကို ရဖို့ ရေပန်းစားလာပါတယ်။ ကော်တင်ညို ကို အင်တာနဲ့ အေစီမီလန်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

လီဗာပူးက ဝုဗ် တောင်ပံတိုက်စစ်သမား ထရာအိုရေး အတွက် ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းလိုနေပါတယ်။ ဂျိုတာကို ပြီးခဲ့တဲ့ရာသီကမှ ခေါ်ထားတဲ့ လီဗာပူးက တိုက်စစ်အင်အားကို ဆက်ဖြည့်နေပါတယ်။

အင်္ဂလန်အသင်းဟာ သူ့ အရန်ခုံက လူစာရင်းနဲ့တောင် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ အင်အား ရှိနေတယ်လို့ ဗိုလ်လုပွဲ မှာ တွေ့မယ့် အီတလီအသင်းရဲ့ ခံစစ်မှူးကြီး ချီလီနီက ပြောဆိုလိုက်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ လူငယ္တိုက္စစ္သမား ဟာေဗး အီလီးယက္ ကို ဒီေန႔ပဲ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ သေဘာတူ လက္မွတ္ထိုးလိုက္ပါတယ္။ ျပီးခဲ့တဲ့ရာသီက ဘလက္ဘန္းမွာ အငွားထြက္ ကစားခဲ့တဲ့ အီလီးယက္ ဟာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းၾကီးမွာ ၉ ပြဲ ပြဲထြက္ ပါ၀င္ထားဖူးပါတယ္။

ယူနိုက္တက္ဟာ ဗာရိန္းကို ေခၚဖို႔ ၾကိဳးစားမႈ မေအာင္ျမင္ခဲ့ရင္ အရန္ ပစ္မွတ္ အျဖစ္ လိုင္ယြန္မွ ဒိန္းမတ္သား ခံစစ္မွဴး ဂ်ိဳအာခ်င္ အန္ဒါဆန္ ကို ခ်ိန္ရြယ္ေနပါတယ္။

ရီးရဲလ္ကေန ပီအက္စ္ဂ်ီ အသင္းထံ မေျပာင္းေရႊ႕ခင္က ခံစစ္မွဴး ဆာဂ်ီယို ရာမို႔စ္ဟာ ၄င္းကို ေပါင္ သန္း ၃၀ တန္ ၂နွစ္ စာခ်ဳပ္နဲ႕ ကမ္းလွမ္းခဲ့တဲ့ အာဆင္နယ္ကို စိတ္၀င္စားခဲ့ေပမယ့္ ဂန္းနားေတြက ေနာက္ရာသီ ခ်န္ပီယံလိဂ္ မကစားရတာေၾကာင့္ ျငင္းဆန္ခဲ့ပါတယ္။

ဒီေႏြမွာ ဘာစီလိုနာကေန ထြက္ခြာဖို႔ ဘရာဇီး ကြင္းလယ္တိုက္စစ္သမား ေကာ္တင္ညိဳက နည္းလမ္း ရွာေဖြေနျပီး လက္စတာက ၄င္းကို ရဖို႔ ေရပန္းစားလာပါတယ္။ ေကာ္တင္ညိဳ ကို အင္တာနဲ႕ ေအစီမီလန္တို႕ကလည္း စိတ္၀င္စားေနပါတယ္။

လီဗာပူးက ၀ုဗ္ ေတာင္ပံတိုက္စစ္သမား ထရာအိုေရး အတြက္ ေပါင္ ၂၅ သန္းနဲ႕ ကမ္းလွမ္းလိုေနပါတယ္။ ဂ်ိဳတာကို ျပီးခဲ့တဲ့ရာသီကမွ ေခၚထားတဲ့ လီဗာပူးက တိုက္စစ္အင္အားကို ဆက္ျဖည့္ေနပါတယ္။

အဂၤလန္အသင္းဟာ သူ႔ အရန္ခံုက လူစာရင္းနဲ႕ေတာင္ ယူရိုျပိဳင္ပြဲမွာ ဗိုလ္စြဲနိုင္တဲ့ အင္အား ရွိေနတယ္လို႔ ဗိုလ္လုပြဲ မွာ ေတြ႔မယ့္ အီတလီအသင္းရဲ႕ ခံစစ္မွဴးၾကီး ခ်ီလီနီက ေျပာဆိုလိုက္ပါတယ္။