ယူနိုက်တက်ထံ ပြောင်းရတော့မယ် သိတော့ ငိုကြွေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

ယူနိုက်တက်ရဲ့ ပေါ်တူဂီသား တိုက်စစ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရတော့မယ် သိရတော့ ငိုကြွေးခဲ့မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ပြီးခဲ့တဲ့နှစ်တွေ အတွင်း ယူနိုက်တက် တောက်လျောက် ချိတ်ဆက်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဇန်နဝါရီကမှ တကယ် ခေါ်ယူနိုင်ပါ။ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒို တစ်ယောက် ပရီးမီးယားလိဂ်နဲ့ ယူနိုက်တက်မှာ တောက်ပနေတာ ကြည့်ရင်း ကြီးပြင်းလာခဲ့သူ ဖြစ်တာကြောင့် ဖာနန်ဒက်စ်အတွက် ယူနိုက်တက်မှာ လာကစားဖို့က အိပ်မက်ကြီး တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် သူ့စိတ်ကူးအိပ်မက်တွေ တကယ် ဖြစ်လာတော့မယ် ကြားချိန်မှာတော့ ဘယ်လိုမှ စိတ်မထိန်းနိုင်ခဲ့ဘဲ မျက်ရည်ကျ ငိုကြွေးခဲ့မိကြောင်း ဖာနန်ဒက်စ်က ဖွင့်ဟခဲ့တာပါ။

” အမှန်အတိုင်း ဝန်ခံရရင် ကျနော် ကြောက်နေခဲ့တာ။ ဒါက ကျနော့် အိပ်မက်ကြီး တစ်ခု တကယ် ဖြစ်လာတော့တာလေ။ ကျနော့် အတွက် အင်္ဂလန်မှာနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားဖို့ဆိုတာ ကစားသမားဘ၀ အမြင့်ဆုံး ထားထားတဲ့ အစိတ်အပိုင်းပဲ။ ပရီးမီးယားလိဂ်မှာ ကမ္ဘာ့ အကောင်းဆုံး ကလပ်အသင်း တစ်သင်း အတွက် ကစားရတော့မှာလေ။

ဘရူနို မင်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းဖို့ အခွင့်အရေး ရပြီ လို့ ဖုန်း ဝင်လာတော့ ကျနော့် မိန်းမကိုရော ညီ၊ ညီမနဲ့ အမေ့ကို ခေါ်ပြီး ကျနော် ငိုမိတော့တာပဲ။ ဒါပေမယ့် ကျနော် ငိုတာ ပျော်လွန်းလို့ပါ။ တစ်ဘဝလုံး ဒီအတွက် တိုက်ပွဲဝင်လာတာ ဒီထိပ်တန်းကလပ် အတွက်ပါ။ အခု အခွင့်အရေး ရလာပြီး ကျနော့် လက်နှစ်ဖက်နဲ့ မြဲမြဲ ဆုပ်ကိုင်ပြီး အိပ်မက်ကို အကောင်အထည် ဖော်ရတော့မယ်။

ကျနော့် မိသားစုကတော့ ဘောလုံးသမား တစ်ယောက် ဖြစ်ချင်တည်းက ကျနော် အိပ်မက်ကြီးက ပရီးမီးယားလိဂ် သွားဖို့၊ မန်ချက်စတာမှာ ကစားဖို့ ဆိုတာ သိကြတယ်။ ” လို့ ဘရူနို ဖာနန်ဒက်စ် က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ အိပ်မက်ကလည်း အင်္ဂလန်မြေမှာ ရောက်တာနဲ့ အောင်မြင်စွာ အသက်ဝင်ခဲ့ပြီ ခြေစွမ်းပြနိုင်ခဲ့တယ် ဆိုရမှာပါ။ ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးပွဲများ ရပ်နားထားရပေမယ့် ပွဲတွေ ပြန်စတာနဲ့ ပေါက်ကွဲ အစွမ်းပြဖို့လည်း ဖာနန်ဒက်စ်က စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ ေပၚတူဂီသား တိုက္စစ္ၾကယ္ပြင့္ ဘရူနို ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းကေန မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းရေတာ့မယ္ သိရေတာ့ ငိုေၾကြးခဲ့မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဘရူနို ဖာနန္ဒက္စ္က ျပီးခဲ့တဲ့နွစ္ေတြ အတြင္း ယူနိုက္တက္ ေတာက္ေလ်ာက္ ခ်ိတ္ဆက္ခဲ့တဲ့ ကစားသမား ျဖစ္ျပီး ဇန္န၀ါရီကမွ တကယ္ ေခၚယူနုိင္ပါ။ ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာနို ရိုနယ္ဒို တစ္ေယာက္ ပရီးမီးယားလိဂ္နဲ႕ ယူနိုက္တက္မွာ ေတာက္ပေနတာ ၾကည့္ရင္း ၾကီးျပင္းလာခဲ့သူ ျဖစ္တာေၾကာင့္ ဖာနန္ဒက္စ္အတြက္ ယူနိုက္တက္မွာ လာကစားဖို႔က အိပ္မက္ၾကီး တစ္ခု ျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႔စိတ္ကူးအိပ္မက္ေတြ တကယ္ ျဖစ္လာေတာ့မယ္ ၾကားခ်ိန္မွာေတာ့ ဘယ္လုိမွ စိတ္မထိန္းနိုင္ခဲ့ဘဲ မ်က္ရည္က် ငိုေၾကြးခဲ့မိေၾကာင္း ဖာနန္ဒက္စ္က ဖြင့္ဟခဲ့တာပါ။

” အမွန္အတိုင္း ၀န္ခံရရင္ က်ေနာ္ ေၾကာက္ေနခဲ့တာ။ ဒါက က်ေနာ့္ အိပ္မက္ၾကီး တစ္ခု တကယ္ ျဖစ္လာေတာ့တာေလ။ က်ေနာ့္ အတြက္ အဂၤလန္မွာနဲ႕ မန္ခ်က္စတာ ယူနုိက္တက္မွာ ကစားဖို႔ဆိုတာ ကစားသမားဘ၀ အျမင့္ဆံုး ထားထားတဲ့ အစိတ္အပိုင္းပဲ။ ပရီးမီးယားလိဂ္မွာ ကမၻာ့ အေကာင္းဆံုး ကလပ္အသင္း တစ္သင္း အတြက္ ကစားရေတာ့မွာေလ။

ဘရူနို မင္း မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းဖုိ႔ အခြင့္အေရး ရျပီ လို႔ ဖုန္း ၀င္လာေတာ့ က်ေနာ့္ မိန္းမကိုေရာ ညီ၊ ညီမနဲ႕ အေမ့ကို ေခၚျပီး က်ေနာ္ ငိုမိေတာ့တာပဲ။ ဒါေပမယ့္ က်ေနာ္ ငိုတာ ေပ်ာ္လြန္းလို႔ပါ။ တစ္ဘ၀လံုး ဒီအတြက္ တိုက္ပြဲ၀င္လာတာ ဒီထိပ္တန္းကလပ္ အတြက္ပါ။ အခု အခြင့္အေရး ရလာျပီး က်ေနာ့္ လက္နွစ္ဖက္နဲ႕ ျမဲျမဲ ဆုပ္ကိုင္ျပီး အိပ္မက္ကို အေကာင္အထည္ ေဖာ္ရေတာ့မယ္။

က်ေနာ့္ မိသားစုကေတာ့ ေဘာလံုးသမား တစ္ေယာက္ ျဖစ္ခ်င္တည္းက က်ေနာ္ အိပ္မက္ၾကီးက ပရီးမီးယားလိဂ္ သြားဖို႔၊ မန္ခ်က္စတာမွာ ကစားဖို႔ ဆိုတာ သိၾကတယ္။ ” လို႔ ဘရူနို ဖာနန္ဒက္စ္ က ဖြင့္ဟ ေျပာဆိုသြားခဲ့ပါတယ္။

ဘရူနို ဖာနန္ဒက္စ္ရဲ႕ အိပ္မက္ကလည္း အဂၤလန္ေျမမွာ ေရာက္တာနဲ႕ ေအာင္ျမင္စြာ အသက္၀င္ခဲ့ျပီ ေျခစြမ္းျပနို္င္ခဲ့တယ္ ဆိုရမွာပါ။ ကိုရိုနာ ကပ္ေဘးေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားထားရေပမယ့္ ပြဲေတြ ျပန္စတာနဲ႕ ေပါက္ကြဲ အစြမ္းျပဖို႔လည္း ဖာနန္ဒက္စ္က စိတ္အားထက္သန္ေနျပီ ျဖစ္ပါတယ္။