ချယ်ဆီးအသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ရေးနက်စ် လူငယ် ကစားသမား ကာမာဗင်ဂါ ကို ခေါ်ယူဖို့ ဝင် ကြိုးစားရန် ကြံရွယ်နေပါတယ်။ ချယ်ဆီးအသင်း ဒါရိုက်တာ ပီတာချက်က ရေးနက်စ်မှာ ကစားဖူးပြီး သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ရှိနေတာကြောင့် အပြောင်းအရွှေ့ အတွက် ညှိနှိုင်းနိုင်မယ် ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ စပါးတိုက်စစ်မှူး ကိန်းကို ပစ်မှတ်ထားခဲ့ပေမယ့် ဒီတလောမှာတော့ စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူနိုက်တက် က တိုက်စစ်မှူးထက် ကွင်းလယ်နဲ့ ဗဟိုခံစစ် တစ်ဦး ဈေးကွက်ထဲ ပို အားစိုက် ရှာဖွေနေပါတယ်။

အဲဗာတန် နည်းပြသစ် ဖြစ်လာတဲ့ ဘင်နီတက်ဇ် က သူ့အသင်းဟောင်း နယူးကာဆယ်မှ တောင်ပံတိုက်စစ်သမား အလန် စိန့် မက်ဆီမင် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် ထို ပေါင် သန်း ၅၀ တန် ကစားသမားကို ရစ်ချာလီဆန် ထွက်ခွာမှသာ ခေါ်ဖွယ် ရှိပါတယ်။
ဒေါ့မွန် ကစားသမားဟောင်း မာရီယို ဂေါ့ဇီကတော့ PSV အသင်းမှာ ချန်ပီယံလိဂ် ကစားခွင့် ရှိနေပြီး အလားအလာ ကောင်းတွေလည်း ရှိတာကြောင့် ထွက်ခွာဖို့ စိတ်ကူးမရှိကြောင်း ပြောဆိုလိုက်ပါတယ်။
ဒေါ့မွန် အားကစား ဒါရိုက်တာ မိုက်ကယ်ဇောကတော့ တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်နဲ့ အတူ နောက်တစ်နှစ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဆိုလိုက်တာကြောင့် ချယ်ဆီးတို့ မျှော်လင့်ချက် ထိခိုက်သွားခဲ့ပါတယ်။
အီတလီ အသင်းခေါင်းဆောင် ချီလီနီ က ယူရို ၂၀၂၀ ပြိုင်ပွဲပြီးဆုံးရင် နောက်တစ်ပတ်ထဲမှာ ဂျူဗင်တပ်နဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလို အသင်းတို့ဟာ ဆော နီဂွက်ဇ်နဲ့ ဂရစ်စမန်းတို့ကို အလဲအထုပ် လုပ်ဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
တီကို ကစားသမား ဆော နီဂွက်ဇ် ကို လီဗာပူး အသင်းက စိတ်ဝင်စားပေမယ့် စပိန်ကလပ် သတ်မှတ်တဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ကို လီဗာပူးက မလိုက်နိုင်ဘဲ ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ေရးနက္စ္ လူငယ္ ကစားသမား ကာမာဗင္ဂါ ကို ေခၚယူဖို႔ ၀င္ ၾကိဳးစားရန္ ၾကံရြယ္ေနပါတယ္။ ခ်ယ္ဆီးအသင္း ဒါရိုက္တာ ပီတာခ်က္က ေရးနက္စ္မွာ ကစားဖူးျပီး သူ႔ရဲ႕ ရင္းနွီးတဲ့ မိတ္ေဆြေတြလည္း ရွိေနတာေၾကာင့္ အေျပာငး္အေရႊ႕ အတြက္ ညွိနိႈင္းနိုင္မယ္ ယံုၾကည္ေနပါတယ္။
ယူနိုက္တက္ဟာ စပါးတိုက္စစ္မွဴး ကိန္းကို ပစ္မွတ္ထားခဲ့ေပမယ့္ ဒီတေလာမွာေတာ့ စိတ္၀င္စားမႈ ေအးစက္သြားခဲ့ျပီ ျဖစ္ပါတယ္။ မန္ယူနိုက္တက္ က တိုက္စစ္မွဴးထက္ ကြင္းလယ္နဲ႕ ဗဟိုခံစစ္ တစ္ဦး ေစ်းကြက္ထဲ ပို အားစိုက္ ရွာေဖြေနပါတယ္။
အဲဗာတန္ နည္းျပသစ္ ျဖစ္လာတဲ့ ဘင္နီတက္ဇ္ က သူ႔အသင္းေဟာင္း နယူးကာဆယ္မွ ေတာင္ပံတိုက္စစ္သမား အလန္ စိန္႔ မက္ဆီမင္ ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ ဒါေပမယ့္ ထို ေပါင္ သန္း ၅၀ တန္ ကစားသမားကို ရစ္ခ်ာလီဆန္ ထြက္ခြာမွသာ ေခၚဖြယ္ ရွိပါတယ္။
ေဒါ့မြန္ ကစားသမားေဟာင္း မာရီယို ေဂါ့ဇီကေတာ့ PSV အသင္းမွာ ခ်န္ပီယံလိဂ္ ကစားခြင့္ ရွိေနျပီး အလားအလာ ေကာင္းေတြလည္း ရွိတာေၾကာင့္ ထြက္ခြာဖို႔ စိတ္ကူးမရွိေၾကာင္း ေျပာဆိုိလိုက္ပါတယ္။
ေဒါ့မြန္ အားကစား ဒါရိုက္တာ မိုက္ကယ္ေဇာကေတာ့ တိုက္စစ္မွဴး ဟာလန္းဟာ ေဒါ့မြန္နဲ႕ အတူ ေနာက္တစ္နွစ္ ဆက္ရွိေနမွာ ျဖစ္တယ္လို႔ ဆိုလိုက္တာေၾကာင့္ ခ်ယ္ဆီးတို႔ ေမွ်ာ္လင့္ခ်က္ ထိခိုက္သြားခဲ့ပါတယ္။
အက္သလက္တီကို မက္ဒရစ္နဲ႕ ဘာစီိလို အသင္းတို႔ဟာ ေဆာ နီဂြက္ဇ္နဲ႕ ဂရစ္စမန္းတို႔ကို အလဲအထုပ္ လုပ္ဖုိ႔ ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။
တီကို ကစားသမား ေဆာ နီဂြက္ဇ္ ကို လီဗာပူး အသင္းက စိတ္၀င္စားေပမယ့္ စပိန္ကလပ္ သတ္မွတ္တဲ့ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၅၀ ကို လီဗာပူးက မလိုက္နုိင္ဘဲ ရွိပါတယ္။
အီတလီ အသင္းေခါင္းေဆာင္ ခ်ီလီနီ က ယူရို ၂၀၂၀ ျပိဳင္ပြဲျပီးဆံုးရင္ ေနာက္တစ္ပတ္ထဲမွာ ဂ်ဴဗင္တပ္နဲ႕ တစ္နွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။
