အာဆင်နယ်အသင်းဟာ ဝုဗ် ကွင်းလယ် ကစားသမား ရူဘန် နီဗက်စ် ကို ခေါ်ယူဖို့ ညှိနှိုင်းဆွေးနွေးမှုတေါ ပြုလုပ်ထားကြောင်း သိရပါတယ်။ ဂန်းနားတွေဟာ ပေါ်တူဂီသား ရဲ့ တန်ကြေး ပေါင် ၃၅ သန်းကို ပေးနိုင်ရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ် မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ပြင်သစ် ခံစစ်မှူး ဗာရိန်း အတွက် ပြောင်းရွှေ့ကြေး က ယူရို သန်း ၅၀ ရမှ ဖြစ်မယ်လို့ တောင်းဆိုလိုက်ပါတယ်။
ဘင်နီတက်ဇ် နည်းပြ ဖြစ်လာပြီးနောက် အဲဗာတန် အသင်းဟာ နာပိုလီမှ နာမည်ကြီး ခံစစ်မှူး ကူလီဘိုင်လေကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
အာဆင်နယ်က ရိုးမား အလိုရှိနေတဲ့ ကွင်းလယ် ကစားသမား ဇာခါ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ရမှ လက်လွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ချယ်ဆီး ဝါရင့်တိုက်စစ်မှူးကြီး ဂျီရူးဟာ အေစီမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ ပြီးစီးလု ဖြစ်နေပြီး ဒီနေ့မှာပဲ ဆေးစစ်ပြီးဖွယ် ရှိနေပါတယ်။
ဘရိုက်တန် အသင်းဟာ ၎င်းတို့ ခံစစ်မှူး ဘန်ဝှိုက် အတွက် လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှု မရသေးဘူးလို့ သိရပါတယ်။ ဝှိုက်ကို အာဆင်နယ်က အလေးအနက် ချိတ်ဆက်နေပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။