နွေအသုံးစရိတ်အတွက် ဆိုးရှား ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ယူနိုက်တက်အသင်းသား ၃ ဦး

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ လာမယ့်နွေ အပြောင်းအရွှေ့မှာ ကစားသမား ဝယ်ယူဖို့ အသုံးစရိတ် ပို ရရှိနိုင်ရန် အတွက် အငှား ထုတ်ထားတဲ့ ကစားသမား သုံးဦးကို အပြီး ရောင်းချဖို့ စီစဉ်နေပါတယ်။ ထို သုံးဦးကတော့ အဲလစ်ဆစ် ဆန်းချက်၊ စမောလင်းနဲ့ ရိုဂျိုတို့ ပါ။

ယူနိုက်တက်ရဲ့ နောက်ရာသီ အစီအစဉ်တွေထဲမှာ ထိုသုံးဦးလုံး မပါဝင်တာကြောင့် အငှားဆက်လွှတ်မယ့် အစား အပြီး ရောင်းချကာ ငွေကြေး ပြန်လည် ရှာဖွေဖို့ နော်ဝေသားကြီးက လှုပ်ရှားနေပြီလို့ အင်္ဂလန်သတင်းများမှာ ဖော်ပြလာပါတယ်။ ဒါပေမယ့် ကိုရိုနာကာလ အကြပ်အတည်းမှာ ကစားသမား ရောင်းချခြင်းကနေ ယူနိုက်တက် တောင်းဆိုသလောက် ပြောင်းရွှေ့ကြေး ရနိုင်ဖို့ကတော့ ခက်ခဲနိုင်ပါတယ်။

မန်ချက်စတာကလပ်ရဲ့ လစာအမြင့်ဆုံး ကစားသမား ဖြစ်တဲ့ တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းခွဲနဲ့ ဆန်းချက်ဟာ လောလောဆယ် စီးရီးအေ ကလပ် အင်တာမီလန်မှာ အငှား ထွက် ကစားနေပေမယ့် အီတလီမြေမှာလည်း ခြေစွမ်းမပြနိုင်ဘဲ ဒဏ်ရာများနဲ့ ရုန်းကန်နေရပါတယ်။ အင်တာကလည်း ဆန်းချက်ကို အငှားဆက်ခေါ်ဖို့ မသေချာတာကြောင့် ချီလီသားက ယူနိုက်တက်ထံ ပြန်လာဖို့ များနေပါတယ်။

စမောလင်းကတော့ ရိုးမားမှာ အငှားထွက် ကစားရင်း ခြေစွမ်းပြနေပါတယ်။ ၎င်းကလည်း ယူနိုက်တက် ဗဟိုခံစစ်မှာ မက်ဂွဲရား၊ လင်ဒီလော့ဖ်၊ ဘိုင်လီနဲ့ တူရမ်ဇီဘီ တို့ကြောင့် အသင်းမှာ ပြန် နေရာရဖို့ ခက်ခဲပါတယ်။ ရိုးမားက အပြီးသတ် ဝယ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ မရတာကြောင့် စမောလင်းကလည်း မန်ချက်စတာသို့ ပြန်လာရမယ့်သူ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ခံစစ်မှူး ရိုဂျိုကိုလည်း ၎င်းဇာတိမြေကလပ် Estudiantes က အငှားကုန်ဆုံးရင် ဆက်ခေါ်ထားနိုင်မှာ မဟုတ် တော့ကြောင်း အသင်းနည်းပြက ဝန်ခံပြောဆိုခြင်း ခံထားရပါတယ်။

ယူနိုက်တက်မှာ ဒင်း ဟန်ဒါဆန်တို့လို အငှားထုတ်ထားတဲ့ စွမ်းဆောင်ရည်ကောင်း ကစားသမားတွေ ရှိပေမယ့် ဆန်းချက်၊ စမောလင်းနဲ့ ရိုဂျို တို့သာ ဆိုးရှားက အရင် ရောင်းချလိုနေပါတယ်။

နည်းပြ ဆိုးရှားရဲ့ ပစ်မှတ် ကစားသမားစာရင်းမှာ ထိပ်သီး ကစားသမားတွေ ပါဝင်နေပြီး ပြောင်းရွှေ့ကြေး မြင့်မြင့် သုံးရနိုင်တာကြောင့် နော်ဝေသားကြီးကတော့ သူ့ ဘောင်ထဲက လှုပ်ရှားဖို့ ကြံရွယ်နေပါတယ်။ ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝပ်က ကစားသမား တစ်ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင်းသန်းရာချီ မသုံးနိုင်ဘူး ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ လာမယ့္ေႏြ အေျပာင္းအေရႊ႕မွာ ကစားသမား ၀ယ္ယူဖို႔ အသံုးစရိတ္ ပို ရရွိနုိင္ရန္ အတြက္ အငွား ထုတ္ထားတဲ့ ကစားသမား သံုးဦးကို အျပီး ေရာင္းခ်ဖို႔ စီစဥ္ေနပါတယ္။ ထို သံုးဦးကေတာ့ အဲလစ္ဆစ္ ဆန္းခ်က္၊ စေမာလင္းနဲ႕ ရိုဂ်ိဳတို႔ ပါ။

ယူနုိက္တက္ရဲ႕ ေနာက္ရာသီ အစီအစဥ္ေတြထဲမွာ ထိုသံုးဦးလံုး မပါ၀င္တာေၾကာင့္ အငွားဆက္လႊတ္မယ့္ အစား အျပီး ေရာင္းခ်ကာ ေငြေၾကး ျပန္လည္ ရွာေဖြဖို႔ ေနာ္ေ၀သားၾကီးက လႈပ္ရွားေနျပီလို႔ အဂၤလန္သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။ ဒါေပမယ့္ ကိုရိုနာကာလ အၾကပ္အတည္းမွာ ကစားသမား ေရာင္းခ်ျခင္းကေန ယူနိုက္တက္ ေတာင္းဆိုသေလာက္ ေျပာင္းေရႊ႕ေၾကး ရနုိင္ဖို႔ကေတာ့ ခက္ခဲနုိင္ပါတယ္။

မန္ခ်က္စတာကလပ္ရဲ႕ လစာအျမင့္ဆံုး ကစားသမား ျဖစ္တဲ့ တစ္ပတ္ လုပ္ခ ေပါင္ ၄ သိန္းခြဲနဲ႕ ဆန္းခ်က္ဟာ ေလာေလာဆယ္ စီးရီးေအ ကလပ္ အင္တာမီလန္မွာ အငွား ထြက္ ကစားေနေပမယ့္ အီတလီေျမမွာလည္း ေျခစြမ္းမျပနိုင္ဘဲ ဒဏ္ရာမ်ားနဲ႕ ရုန္းကန္ေနရပါတယ္။ အင္တာကလည္း ဆန္းခ်က္ကို အငွားဆက္ေခၚဖုိ႔ မေသခ်ာတာေၾကာင့္ ခ်ီလီသားက ယူနိုက္တက္ထံ ျပန္လာဖို႔ မ်ားေနပါတယ္။

စေမာလင္းကေတာ့ ရိုးမားမွာ အငွားထြက္ ကစားရင္း ေျခစြမ္းျပေနပါတယ္။ ၄င္းကလည္း ယူနိုက္တက္ ဗဟိုခံစစ္မွာ မက္ဂြဲရား၊ လင္ဒီေလာ့ဖ္၊ ဘိုင္လီနဲ႕ တူရမ္ဇီဘီ တို႔ေၾကာင့္ အသင္းမွာ ျပန္ ေနရာရဖို႔ ခက္ခဲပါတယ္။ ရိုးမားက အျပီးသတ္ ၀ယ္ယူလိုေပမယ့္ ေျပာင္းေရႊ႕ေၾကး ညွိနိႈင္းလို႔ မရတာေၾကာင့္ စေမာလင္းကလည္း မန္ခ်က္စတာသို႔ ျပန္လာရမယ့္သူ ျဖစ္ပါတယ္။

အသက္ ၃၀ အရြယ္ ခံစစ္မွဴး ရိုဂ်ိဳကိုလည္း ၄င္းဇာတိေျမကလပ္ Estudiantes က အငွားကုန္ဆံုးရင္ ဆက္ေခၚထားနိုင္မွာ မဟုတ္ ေတာ့ေၾကာင္း အသင္းနည္းျပက ၀န္ခံေျပာဆိုျခင္း ခံထားရပါတယ္။

ယူနိုက္တက္မွာ ဒင္း ဟန္ဒါဆန္တို႔လို အငွားထုတ္ထားတဲ့ စြမ္းေဆာင္ရည္ေကာင္း ကစားသမားေတြ ရွိေပမယ့္ ဆန္းခ်က္၊ စေမာလင္းနဲ႕ ရိုဂ်ိဳ တို႔သာ ဆိုးရွားက အရင္ ေရာင္းခ်လိုေနပါတယ္။

နည္းျပ ဆိုးရွားရဲ႕ ပစ္မွတ္ ကစားသမားစာရင္းမွာ ထိပ္သီး ကစားသမားေတြ ပါ၀င္ေနျပီး ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္ သံုးရနုိင္တာေၾကာင့္ ေနာ္ေ၀သားၾကီးကေတာ့ သူ႔ ေဘာင္ထဲက လႈပ္ရွားဖို႔ ၾကံရြယ္ေနပါတယ္။ ယူနုိက္တက္ အၾကီးအကဲ အက္၀ုဒ္၀ပ္က ကစားသမား တစ္ဦး အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္းသန္းရာခ်ီ မသံုးနုိင္ဘူး ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။