လမ်းပတ်နဲ့ အသင်းသားတွေအတွက် ချယ်ဆီးဘက်က လုပ်ပေးတဲ့ အထူး အစီအစဉ်

UNICODE – ချယ်ဆီးအသင်းဟာ ကိုရိုနာ ကပ်ဘေးအတွင်း ကစားသမားတွေရဲ့ အဟာရပိုင်းကို ပြီးပြည်စုံစေဖို့ ရည်ရွယ်ချက်ဖြင့် ချက်ပြုတ်ပြီး အစားအသောက်များကို လေ့ကျင့်ရေးပြီးတိုင်း ထည့်ပေးလိုက်ဖို့ အထူးအစီအစဉ်ဖြင့် ချက်ပြုတ်ပေးနေပါတယ်။

Project Restart အတွက် အရေးပါတဲ့ အခြေအနေအဖြစ် နည်းပြတွေနဲ့ ကစားသမားတွေက အစားအသောက်ဆိုင်ရာ ကန်တင်းတွေ သုံးခွင့် မရှိသေးပါဘူး။ ပရီးမီးယားလိဂ် ပြန်စဖို့ သီတင်းပတ် နှစ်ခုလောက်ပဲ လိုတော့တဲ့ အခုချိန်မှာ ကိုဗစ်ပိုးတွေ့ရင် အဲ့သည် ကစားသမားတွေက ပထမအပတ် ပွဲတွေကို လွဲမှာလည်း ဖြစ်တယ်။

ဒါကြောင့် ကစားသမားတွေကို အသင်းဘက်က ဂရုစိုက် ကြည့်ရှု စောင့်ရှောက်မှုအဖြစ် ကလပ်ဘက်က အစီအစဉ်ကောင်းတွေ လုပ်ဆောင်ပေးတာဖြစ်တယ်။ မန်နေဂျာလမ်းပတ်နဲ့ ကစားသမားတွေ လေ့ကျင့်ရေးဆင်းနေပြီး အိမ်အပြန်မှာတော့ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို ထည့်ပေးလိုက်ကြပါတယ်။

ချယ်ဆီးဟာ ကိုရိုနာကပ်ဘေးမှာ စံနမူနာ ထားရမယ့် လုပ်ရပ်တွေကို ဦးဆောင်လုပ်ပေးနေတဲ့ ကလပ်ဖြစ်တယ်။ ဗြိတိန် ကျန်းမာရေးဝန်ထမ်းတွေအတွက် စတမ်းဖိုဒ်ဘရစ် အသုံးအဆောင်တွေကို အသုံးပြုခွင့် ဖွင့်ပေးထားသလို ကူညီနိုင်မယ့် ကိစ္စတွေအား အစွမ်းကုန် ကူညီပေးလေ့ရှိတယ်။

ကပ်ဘေးကြားမှာ ကစားသမားတွေ အဟာရဖြစ်စေဖို့ ရည်ရွယ်ပြီး အသီးအနှံ့နဲ့ အသားငါးတွေပါတဲ့ ပါဆယ်တွေကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးခဲ့ပါသေးတယ်။ ချယ်ဆီးရဲ့ နောက်လာမယ့် ပွဲကတော့ အက်စတွန်ဗီလာနဲ့ပွဲဖြစ်ပြီး အဲ့ပွဲမတိုင်ခင် ကစားသမားတွေ ကျန်းမာ ကြံ့ခိုင်နေဖို့အတွက် အစားအသောက်ပိုင်းတွေကိုပါ ကလပ်ဘက်က စီစဉ်ပေးနေတာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ကိုရိုနာ ကပ္ေဘးအတြင္း ကစားသမားေတြရဲ႕ အဟာရပိုင္းကို ျပီးျပည္စံုေစဖို႔ ရည္ရြယ္ခ်က္ျဖင့္ ခ်က္ျပဳတ္ျပီး အစားအေသာက္မ်ားကို ေလ့က်င့္ေရးျပီးတိုင္း ထည့္ေပးလိုက္ဖို႔ အထူးအစီအစဥ္ျဖင့္ ခ်က္ျပဳတ္ေပးေနပါတယ္။

Project Restart အတြက္ အေရးပါတဲ့ အေျခအေနအျဖစ္ နည္းျပေတြနဲ႔ ကစားသမားေတြက အစားအေသာက္ဆုိင္ရာ ကန္တင္းေတြ သံုးခြင့္ မရွိေသးပါဘူး။ ပရီးမီးယားလိဂ္ ျပန္စဖို႔ သီတင္းပတ္ ႏွစ္ခုေလာက္ပဲ လိုေတာ့တဲ့ အခုခ်ိန္မွာ ကိုဗစ္ပိုးေတြ႔ရင္ အဲ့သည္ ကစားသမားေတြက ပထမအပတ္ ပြဲေတြကို လြဲမွာလည္း ျဖစ္တယ္။

ဒါေၾကာင့္ ကစားသမားေတြကို အသင္းဘက္က ဂရုစိုက္ ၾကည့္ရႈ ေစာင့္ေရွာက္မႈအျဖစ္ ကလပ္ဘက္က အစီအစဥ္ေကာင္းေတြ လုပ္ေဆာင္ေပးတာျဖစ္တယ္။ မန္ေနဂ်ာလမ္းပတ္နဲ႔ ကစားသမားေတြ ေလ့က်င့္ေရးဆင္းေနျပီး အိမ္အျပန္မွာေတာ့ ျပင္ဆင္ထားတဲ့ အစားအေသာက္ေတြကို ထည့္ေပးလိုက္ၾကပါတယ္။

ခ်ယ္ဆီးဟာ ကိုရိုနာကပ္ေဘးမွာ စံနမူနာ ထားရမယ့္ လုပ္ရပ္ေတြကို ဦးေဆာင္လုပ္ေပးေနတဲ့ ကလပ္ျဖစ္တယ္။ ျဗိတိန္ က်န္းမာေရးဝန္ထမ္းေတြအတြက္ စတမ္းဖိုဒ္ဘရစ္ အသံုးအေဆာင္ေတြကို အသံုးျပဳခြင့္ ဖြင့္ေပးထားသလို ကူညီႏုိင္မယ့္ ကိစၥေတြအား အစြမ္းကုန္ ကူညီေပးေလ့ရွိတယ္။

ကပ္ေဘးၾကားမွာ ကစားသမားေတြ အဟာရျဖစ္ေစဖို႔ ရည္ရြယ္ျပီး အသီးအႏွံ႔နဲ႔ အသားငါးေတြပါတဲ့ ပါဆယ္ေတြကို အိမ္တိုင္ယာေရာက္ လိုက္ပို႔ေပးခဲ့ပါေသးတယ္။ ခ်ယ္ဆီးရဲ႕ ေနာက္လာမယ့္ ပြဲကေတာ့ အက္စတြန္ဗီလာနဲ႔ပြဲျဖစ္ျပီး အဲ့ပြဲမတိုင္ခင္ ကစားသမားေတြ က်န္းမာ ၾကံ႕ခိုင္ေနဖို႔အတြက္ အစားအေသာက္ပိုင္းေတြကိုပါ ကလပ္ဘက္က စီစဥ္ေပးေနတာ ျဖစ္ပါတယ္။