ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီ ကို ရောင်းချလိုခဲ့ပေမယ့် ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့နောက် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းနဲ့ ဂျက် ဂရေးလစ်ချ် ကို ဒီနွေမှာ ခေါ်ယူဖို့ နည်းလမ်းများ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ စီးတီးက ထို ကစားသမား နှစ်ယောက်လုံးကို ခေါ်ဖို့ ပြောင်းရွှေ့ကြေး များစွာ သုံးရဖွဝ် ရှိနေပါတယ်။
ပေါင် သန်း ၄၀ လို့ ချယ်ဆီး ဈေးသတ်မှတ်ထားတဲ့ တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကို အာဆင်နယ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သတင်းထွက်ပေါ်နေပါတယ်။
အက်သလက်တီကိုမက်ဒရစ် ခံစစ်မှူး ထရစ်ပီယာက ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာနိုင်ဖို့ မျှော်လင့်နေပြီး ယူနိုက်တက်ကလည်း ကစားသမားကို အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်နေပါတယ်။
ချယ်ဆီး အစွန်ခံစစ်မှူး အီမာဆန်ဟာ အီတလီ အသင်းကို ယူရိုမှာ ဗိုလ်စွဲအောင် အဓိက ပါဝင်ခဲ့ပြီးနောက် နာပိုလီ အသင်းက ဦးစားပေး ပစ်မှတ်အဖြစ် အားစိုက် ကြိုးပမ်းလာနေပါတယ်။
အာဆင်နယ်အသင်းဟာ လိုင်ယွန်ကွင်းလယ် ကစားသမား ဟက်ဆန် အော်ရေး ကို ခေါ်ဖို့ ကြိုးစားနေစဉ်မှာပဲ ယူနိုက်တက်၊ လီဗာပူးနဲ့ စပါးအသင်းတို့က ပြိုင်ဘက်တွေ အဖြစ် အော်ရေးကို ဝင် ချိတ်ဆက်လာကြပါတယ်။
Zawgyi – ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီ ကို ရောင်းချလိုခဲ့ပေမယ့် ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့နောက် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။