ဒီနွေအပြောင်းအရွှေ့မှာ ယူနိုက်တက်က ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ပေါင် ၇၃ သန်းဖြင့် ခေါ်ယူရေး ညိနှိုင်းနိုင်မှုဟာ ပြိုင်ဘက် ချယ်ဆီးအသင်းရဲ့ နွေအဓိက ပစ်မှတ်ကို ခေါ်ယူနိုင်ရေး အခက်တွေ့စေခဲ့ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။
ဟာလန်းက လက်ရွေးစင်အသင်းနဲ့အတူ ဒီနွေ ယူရိုပြိုင်ပွဲအတွင်း ပါဝင်ခြေစွမ်းပြဖို့ လွဲချော်ခဲ့ပေမယ့် ပြိင်ပွဲကြီး ပြီးဆုံးချိန်မှာတော့ သူ့ရဲ့ နာမည်ဟာ ဥရောပစာမျက်နှာတွေမှာ ဦးစားပေး တစ်နေရာက ပါဝင်လာခဲ့ပါတယ်။ ဒါကလည်း ဥရောပချန်ပီယံ ချယ်ဆီးအသင်းက သူ့ကို ခေါ်ယူရေးကို အဓိက ဦးစားပေးအဖြစ် ရွေးချယ်ထားခြင်းကြောင့်ဖြစ်တယ်။
ဒေါ့မွန်ဘက်က အသက် ၂၀ အရွယ် တိုက်စစ်သမားကို ဒီနွေမှာ မရောင်းထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားကာ ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ လန်ဒန်ကလပ်ဘက်က အေဘရာဟမ် (သို့) အိုဒွိုင်းကိုပါ အလိုက်ပေးမှုဖြင့် ဟာလန်းအတွက် ကမ်းလှမ်းခဲ့တာလို့ သိရတယ်။
အပြောင်းအရွှေ့ဟာ ဖြစ်မြောက်ဖို့ ခက်ခဲပေမယ့် မနှစ်ကရာသီမှာ ချယ်ဆီးအသင်းရဲ့ သွင်းဂိုး ရယူနိုင်စွမ်းအရ ဒီနွေမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုကို လိုအပ်နေတဲ့ အနေအထားဖြစ်တယ်။ မန်နေဂျာတူချယ်က အေဘရာဟမ်ကို နံပါတ် ၉ နေရာအတွက် အပြည့်အဝ မယုံကြည်သလို ဂျီရူးကိုလည်း ရောင်းထုတ်ခဲ့ပြီဖြစ်ပါတယ်။
ဒေါ့မွန်ကတော့ ဆန်ချိုကို လက်လွတ်ထားရပြီဖြစ်တာကြောင့် ဟာလန်းကိုတော့ တစ်ရာသီ ဆက်ထိန်းဖို့ကိုပဲ ရွေးချယ်ထားတယ်။ ချယ်ဆီးဟာ ဒေါ့မွန်ထံကနေ ဟာလန်းကို ဆွဲထုတ်လိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ ထိ ပေးရမှာဖြစ်သလို ကစားသမားရဲ့ အေးဂျင့်ကိုလည်း ကော်မရှင်ကြေးကြီးတစ်ရပ် ပေးရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ ဆန်ချိုကို ခေါ်ယူနိုင်မှုဟာ ချယ်ဆီးရဲ့ နွေအဓိက ပစ်မှတ် ခေါ်ယူရေးကို ထိခိုက်စေခဲ့တာဖြစ်ကာ လန်ဒန်ကလပ်က အခုချိန်ထိတော့ တိုက်စစ်အတွက် အခြားသော ပစ်မှတ်တွေထံ ဦးလှည့်မယ့် အရိပ်အယောင်မျိုး မပြသလာသေးတာ ဖြစ်ပါတယ်။

ZAWGYI – ဒီေႏြအေျပာင္းအေရႊ႔မွာ ယူႏုိက္တက္က ေဒါ့မြန္တုိက္စစ္သမား ဆန္ခ်ိဳကို ေပါင္ ၇၃ သန္းျဖင့္ ေခၚယူေရး ညိႏိႈင္းႏုိင္မႈဟာ ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းရဲ႕ ေႏြအဓိက ပစ္မွတ္ကို ေခၚယူႏုိင္ေရး အခက္ေတြ႔ေစခဲ့ေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။
ဟာလန္းက လက္ေရြးစင္အသင္းနဲ႔အတူ ဒီေႏြ ယူရိုျပိဳင္ပြဲအတြင္း ပါဝင္ေျခစြမ္းျပဖို႔ လြဲေခ်ာ္ခဲ့ေပမယ့္ ျပိင္ပြဲၾကီး ျပီးဆံုးခ်ိန္မွာေတာ့ သူ႔ရဲ႕ နာမည္ဟာ ဥေရာပစာမ်က္ႏွာေတြမွာ ဦးစားေပး တစ္ေနရာက ပါဝင္လာခဲ့ပါတယ္။ ဒါကလည္း ဥေရာပခ်န္ပီယံ ခ်ယ္ဆီးအသင္းက သူ႔ကို ေခၚယူေရးကို အဓိက ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားျခင္းေၾကာင့္ျဖစ္တယ္။
ေဒါ့မြန္ဘက္က အသက္ ၂၀ အရြယ္ တိုက္စစ္သမားကို ဒီေႏြမွာ မေရာင္းထုတ္ဖို႔ စိတ္ပိုင္းျဖတ္ထားကာ ခ်ယ္ဆီးရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ လန္ဒန္ကလပ္ဘက္က ေအဘရာဟမ္ (သို႔) အိုဒိိြဳင္းကိုပါ အလိုက္ေပးမႈျဖင့္ ဟာလန္းအတြက္ ကမ္းလွမ္းခဲ့တာလို႔ သိရတယ္။
အေျပာင္းအေရႊ႔ဟာ ျဖစ္ေျမာက္ဖို႔ ခက္ခဲေပမယ့္ မႏွစ္ကရာသီမွာ ခ်ယ္ဆီးအသင္းရဲ႕ သြင္းဂိုး ရယူႏုိင္စြမ္းအရ ဒီေႏြမွာ တိုက္စစ္မွဴးသစ္ ေခၚယူဖို႔ လိုကို လိုအပ္ေနတဲ့ အေနအထားျဖစ္တယ္။ မန္ေနဂ်ာတူခ်ယ္က ေအဘရာဟမ္ကို နံပါတ္ ၉ ေနရာအတြက္ အျပည့္အဝ မယံုၾကည္သလို ဂ်ီရူးကိုလည္း ေရာင္းထုတ္ခဲ့ျပီျဖစ္ပါတယ္။
ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳကို လက္လြတ္ထားရျပီျဖစ္တာေၾကာင့္ ဟာလန္းကိုေတာ့ တစ္ရာသီ ဆက္ထိန္းဖို႔ကိုပဲ ေရြးခ်ယ္ထားတယ္။ ခ်ယ္ဆီးဟာ ေဒါ့မြန္ထံကေန ဟာလန္းကို ဆြဲထုတ္လိုတယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၁၅၀ ထိ ေပးရမွာျဖစ္သလို ကစားသမားရဲ႕ ေအးဂ်င့္ကိုလည္း ေကာ္မရွင္ေၾကးၾကီးတစ္ရပ္ ေပးရဖို႔ ရွိေနပါတယ္။
ယူႏုိက္တက္ရဲ႕ ဆန္ခ်ိဳကို ေခၚယူႏုိင္မႈဟာ ခ်ယ္ဆီးရဲ႕ ေႏြအဓိက ပစ္မွတ္ ေခၚယူေရးကို ထိခိုက္ေစခဲ့တာျဖစ္ကာ လန္ဒန္ကလပ္က အခုခ်ိန္ထိေတာ့ တိုက္စစ္အတြက္ အျခားေသာ ပစ္မွတ္ေတြထံ ဦးလွည့္မယ့္ အရိပ္အေယာင္မ်ိဳး မျပသလာေသးတာ ျဖစ္ပါတယ္။
