ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (17/07/21)
ဝက်စ်ဟမ်း အသင်းနဲ့ ဖီနာဘာချီ အသင်းတို့ဟာ ယူကရိန်းသား တောင်ပံတိုက်စစ်သမား အန်ဒရီ ရာမိုလန်ကို အတွက် ပေါင် ၂ သန်း အပြောင်းအရွှေ့ ပြီးမြောက်ဖို့ ပြောဆို ဆွေးနွေးနေပါတယ်။
ဘရိုက်တန် အသင်းဟာ ၎င်းတို့ ခံစစ်မှူး ဘန်ဝှိုက် အတွက် အာဆ်ငနယ်ရဲ့ ပေါင် သန်း ၅၀ တန် ကမ်းလှမ်းမှုကို လက်ခံလိုက်ကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ညှိနှိုင်းမှုများ အပြီးမှာ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပြီး အပြီးသတ် လုပ်ဆောင်ဖို့ ဆေးစစ်မှုတွေ ဆောင်ရွက်ခွင့်ပါ အာဆင်နယ်က ရခဲ့ပြီ ဖြစ်ပါတယ်။
ချယ်ဆီး တိုက်စစ်မှူးကြီး ဂျီရူးဟာ အေစီမီလန်အသင်းထံ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပြီး အေစီမီလန်က ဒီနေ့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက အငှား လာကစားခဲ့တဲ့ ရီးရဲလ်တိုက်စစ်သမား ဂါရတ် ဘေးလ်ဟာ လာမယ့် ရာသီမှာတော့ မြောက်လန်ဒန်သို့ ပြန်လာတော့မှာ မဟုတ်ကြောင်း စပါးနည်းပြ ဆန်တို က အတည်ပြုလိုက်ပါတယ်။
ပြင်သစ်သား ရီးရဲလ် ခံစစ်မှူး ဗာရိန်း ရဲ့ ယူနိုက်တက် ထံ အပြောင်းအရွှေ့ က လာမယ့် ရက်တွေ အတွင်း ဖြစ်လာတော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြောင်းရွှေ့ကြေးက အကြမ်းဖျင်း ယူရို သန်း ၅၀ ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။
စပါး တိုက်စစ်မှူး ကိန်းဟာ မန်စီးတီးအသင်းထံ ဒီနွေမှာ ပြောင်းရွှေ့ခွင့် ရဖို့ ကလပ်အသင်း ထရိန်နင်သို့ ပူးပေါင်းဖို့ ပျက်ကွက်တာမျိုး လုပ်ပြီး ဖိအားပေးသွားရန် ရှိကြောင်း ကိန်းရဲ့ အင်္ဂလန်အသင်းဖော်တွေက ဆိုပါတယ်။
Zawgyi – ၀က်စ်ဟမ်း အသင်းနဲ့ ဖီနာဘာချီ အသင်းတို့ဟာ ယူကရိန်းသား တောင်ပံတိုက်စစ်သမား အန်ဒရီ ရာမိုလန်ကို အတွက် ပေါင် ၂ သန်း အပြောင်းအရွှေ့ ပြီးမြောက်ဖို့ ပြောဆို ဆွေးနွေးနေပါတယ်။