ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (18/07/21)

လီဗာပူးအသင်းဟာ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် အင်္ဂလန်သားရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး လီဗာပူးက ဟန်ဒါဆန်ကို ကစားသမားဘ၀ အနားယူသည်ထိ အန်းဖီးလ်မှာ ဆက်ရှိစေလိုနေပါတယ်။

ဆူဆိုလိုအို ကွင်းလယ် ကစားသမား လိုကတ်တယ်လီကို ခေါ်ယူနိုင်ရေးမှာ ဂျူဗင်တပ် အသင်းကတော့ အရေးသာ ရေပန်းစားနေပါတယ်။ အာဆင်နယ်ကတော့ လိုကတ်တယ်လီ အတွက် ခေါ်ဈေး ယူရို သန်း ၄၀ ကြောင့် တွန့်ဆုတ်နေပါတယ်။

ဘာစီလိုနာ ခံစစ်မှူး အမ်တီတီ ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ကိစ္စကို လိုင်ယွန်ကတော့ အမြန် အပြီးသတ်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ပြင်သစ်ကလပ်ဟာ အသက် ၂၇ နှစ် အရွယ် ကစားသမားဟောင်းကို အငှားနဲ့ ပြန်ခေါ်လိုနေပြီး လစာ တဝက်ကို ဘာစီလိုနာက ပေးဖို့ မျှော်လင့်နေပါတယ်။

အင်တာမီလန် အသင်းဟာ အာဆင်နယ်မှ ဟက်တာ ဘယ်လာရင်နဲ့ မန်ချက်စတာ ယူနိုက်တက်မှ အဲလက်စ် တဲလက်စ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အင်တာ စီအီးအို မာရော့တာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

စပါးအသင်းဟာ အတ္တလန္တာ ဂိုးသမား ဂေါ်လီနီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါး ဒါရိုက်တာသစ် ပရာတီစီ က ၎င်းကို အပြီး ဝယ်ယူခွင့် ပါတဲ့ အငှား ၂နှစ် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ ဂေါ်လီနီကို စိတ်ဝင်စားနေတာ စပါး တစ်သင်းတည်းတော့ မဟုတ်ဘဲ အက်သလက်တီကိုနဲ့ အင်တာတို့ကလည်း စောင့်ကြည့်နေပါတယ်။

အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ဆော နီဂွက်ဇ် ကို ဘာစီလိုနာက ဂရစ်စမန်းနဲ့ အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေပါတယ်။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ လီဗာပူးတို့ကလည်း စပိန်သားကို အလိုရှိနေပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြ စတင္ေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၃၁ နွစ္ အရြယ္ အဂၤလန္သားရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ မွာ ကုန္ဆံုးမွာ ျဖစ္ျပီး လီဗာပူးက ဟန္ဒါဆန္ကို ကစားသမားဘ၀ အနားယူသည္ထိ အန္းဖီးလ္မွာ ဆက္ရွိေစလိုေနပါတယ္။

ဆူဆိုလိုအို ကြင္းလယ္ ကစားသမား လိုကတ္တယ္လီကို ေခၚယူနိုင္ေရးမွာ ဂ်ဴဗင္တပ္ အသင္းကေတာ့ အေရးသာ ေရပန္းစားေနပါတယ္။ အာဆင္နယ္ကေတာ့ လိုကတ္တယ္လီ အတြက္ ေခၚေစ်း ယူရို သန္း ၄၀ ေၾကာင့္ တြန္႔ဆုတ္ေနပါတယ္။

ဘာစီလိုနာ ခံစစ္မွဴး အမ္တီတီ ကို ေခၚယူဖို႔ အေျပာင္းအေရႊ႕ ကိစၥကို လိုင္ယြန္ကေတာ့ အျမန္ အျပီးသတ္နုိင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။ ျပင္သစ္ကလပ္ဟာ အသက္ ၂၇ နွစ္ အရြယ္ ကစားသမားေဟာင္းကို အငွားနဲ႕ ျပန္ေခၚလိုေနျပီး လစာ တ၀က္ကို ဘာစီလိုနာက ေပးဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အင္တာမီလန္ အသင္းဟာ အာဆင္နယ္မွ ဟက္တာ ဘယ္လာရင္နဲ႕ မန္ခ်က္စတာ ယူနိုက္တက္မွ အဲလက္စ္ တဲလက္စ္တို႔ကို ေခၚယူဖို႔ စိတ္၀င္စားေၾကာင္း အင္တာ စီအီးအို မာေရာ့တာက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

စပါးအသင္းဟာ အတၱလႏၱာ ဂိုးသမား ေဂၚလီနီ ကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး စပါး ဒါရိုက္တာသစ္ ပရာတီစီ က ၄င္းကို အျပီး ၀ယ္ယူခြင့္ ပါတဲ့ အငွား ၂နွစ္ ကမ္းလွမ္းဖို႔ စီစဥ္ေနပါတယ္။ ေဂၚလီနီကို စိတ္၀င္စားေနတာ စပါး တစ္သင္းတည္းေတာ့ မဟုတ္ဘဲ အက္သလက္တီကိုနဲ႕ အင္တာတို႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။

အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ ကစားသမား ေဆာ နီဂြက္ဇ္ ကို ဘာစီလိုနာက ဂရစ္စမန္းနဲ႕ အလဲအထပ္ လုပ္ဖို႔ ေဆြးေႏြးေနပါတယ္။ ပရီးမီးယားလိဂ္ကလပ္ ယူနိုက္တက္နဲ႕ လီဗာပူးတို႕ကလည္း စပိန္သားကို အလိုရွိေနပါတယ္။