ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းက ယူနိုက်တက်ပါလို့ ထုတ်ပြောတဲ့ အာဆင်နယ် ပစ်မှတ်

UNICODE – ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်အသင်း တိုက်စစ်သမား ဒန်းနစ်က ယူနိုက်တက်အပေါ် သူ့ရဲ့ အထင်ကြီးမှုအကြောင်း လူမှုကွန်ယက်ကနေ ထုတ်ဖော် ပြောဆိုမှု လုပ်ခဲ့ပါတယ်။

ဒန်းနစ်ကို ခေါ်ယူဖို့ကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်က စိတ်ဝင်စားနေတာပါ။ ကစားသမားကတော့ ပရိသတ်တွေနဲ့ အမေးအဖြေမှာ ပရီးမီးယားလိဂ်ကလပ်ရဲ့ စိတ်ဝင်စားမှု ခံရခြင်းအပေါ် မေးခွန်းထုတ်ခံရပြီး အင်္ဂလန်မှာ ဘယ်အသင်း အကောင်းဆုံးလဲလို့ ယူဆသလဲကိုပါ မေးမြန်းခံခဲ့ရပါတယ်။

အာဆင်နယ် ပစ်မှတ် ဒန်းနစ်က အင်စတာဂရမ်ကနေ ပြောရာမှာ ” ကလပ်တွေကို မလေးမစား ပြောတာမျိုးတွေ မလုပ်ချင်ပါဘူး။ သူတို့ရဲ့ မှတ်တမ်းတွေအရ အင်္ဂလန်မှာ အကောင်းဆုံး အသင်းက မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ သူတို့ကို ရင်ဆိုင်ပြီး ဂိုးသွင်းခဲ့ဖူးတာကိုလည်း သိပ်ပျော်ပါတယ်။

ယူနိုက်တက်ကို ရင်ဆိုင်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာကို သိပ်ပျော်တယ်။ ကွင်းထဲမှာ အိုဆီမမ် (လိုင်လီတိုက်စစ်သမား) လည်း ရှိနေခဲ့ပြီး ဂိုးသွင်းမယ်လို့လည်း သူ့ကို ပွဲမတိုင်ခင်တည်းက ပြောခဲ့တယ်။ ယူနိုက်တက်က ကြီးကျယ်တဲ့ အသင်းဖြစ်လို့ သူ့တို့ကို ဂိုးသွင်းနိုင်ခဲ့တာ သိပ်ပျော်ပါတယ်။

နိုင်ဂျီးရီးယားမှာ ယူနိုက်တက်ပွဲတွေကို ကြည့်ခဲ့ရတာကို မှတ်မိပါသေးတယ်။ ကျနော်ရဲက ညီကိုက ယူနိုက်တက် အမာခံ ပရိသတ်ဖြစ်ပါတယ်။ အိပ်မက်တွေက အမှန်ဖြစ်လာနိုင်ပါလားဆိုတာကို ကျနော် သိခဲ့တယ်။ ကြိုးစားပြီး မျှော်လင့်နေဖို့နဲ့ ဆုတောင်းဖို့ပဲ လိုပါတယ် ” လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီတုန်းက ကလပ်ဘရုဂျ်က ယူနိုက်တက်နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ဒန်းနစ်က သွင်းဂိုး တစ်ဂိုး ရယူခဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ်ကို ရောက်လာနိုင်သူလို့ နာမည်ကြီးနေသူ တစ်ဦးလည်းဖြစ်ပြီး သူနဲ့ လိုင်လီတိုက်စစ်သမား အိုဆီမမ်တို့ဟာ နိုင်ဂျီးရီးယား လက်ရွေးစင်တွေ ဖြစ်ကြပါတယ်။

ZAWGYI – ဘယ္ဂ်ီယံကလပ္ ကလပ္ဘရုဂ်္အသင္း တိုက္စစ္သမား ဒန္းနစ္က ယူႏုိက္တက္အေပၚ သူ႔ရဲ႕ အထင္ၾကီးမႈအေၾကာင္း လူမႈကြန္ယက္ကေန ထုတ္ေဖာ္ ေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

ဒန္းနစ္ကို ေခၚယူဖို႔ကို ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္က စိတ္ဝင္စားေနတာပါ။ ကစားသမားကေတာ့ ပရိသတ္ေတြနဲ႔ အေမးအေျဖမွာ ပရီးမီးယားလိဂ္ကလပ္ရဲ႕ စိတ္ဝင္စားမႈ ခံရျခင္းအေပၚ ေမးခြန္းထုတ္ခံရျပီး အဂၤလန္မွာ ဘယ္အသင္း အေကာင္းဆံုးလဲလို႔ ယူဆသလဲကိုပါ ေမးျမန္းခံခဲ့ရပါတယ္။

အာဆင္နယ္ ပစ္မွတ္ ဒန္းနစ္က အင္စတာဂရမ္ကေန ေျပာရာမွာ ” ကလပ္ေတြကို မေလးမစား ေျပာတာမ်ိဳးေတြ မလုပ္ခ်င္ပါဘူး။ သူတို႔ရဲ႕ မွတ္တမ္းေတြအရ အဂၤလန္မွာ အေကာင္းဆံုး အသင္းက မန္ခ်က္စတာယူႏုိက္တက္ ျဖစ္ပါတယ္။ သူတို႔ကို ရင္ဆုိင္ျပီး ဂိုးသြင္းခဲ့ဖူးတာကိုလည္း သိပ္ေပ်ာ္ပါတယ္။

ယူႏုိက္တက္ကို ရင္ဆိုင္ျပီး ဂိုးသြင္းယူႏုိင္ခဲ့တာကို သိပ္ေပ်ာ္တယ္။ ကြင္းထဲမွာ အိုဆီမမ္ (လိုင္လီတုိက္စစ္သမား) လည္း ရွိေနခဲ့ျပီး ဂိုးသြင္းမယ္လို႔လည္း သူ႔ကို ပြဲမတိုင္ခင္တည္းက ေျပာခဲ့တယ္။ ယူႏုိက္တက္က ၾကီးက်ယ္တဲ့ အသင္းျဖစ္လို႔ သူ႔တို႔ကို ဂိုးသြင္းႏုိင္ခဲ့တာ သိပ္ေပ်ာ္ပါတယ္။

ႏုိင္ဂ်ီးရီးယားမွာ ယူႏုိက္တက္ပြဲေတြကို ၾကည့္ခဲ့ရတာကို မွတ္မိပါေသးတယ္။ က်ေနာ္ရဲက ညီကိုက ယူနုိက္တက္ အမာခံ ပရိသတ္ျဖစ္ပါတယ္။ အိပ္မက္ေတြက အမွန္ျဖစ္လာႏုိင္ပါလားဆိုတာကို က်ေနာ္ သိခဲ့တယ္။ ၾကိဳးစားျပီး ေမွ်ာ္လင့္ေနဖို႔နဲ႔ ဆုေတာင္းဖို႔ပဲ လိုပါတယ္ ” လို႔ သူက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီတုန္းက ကလပ္ဘရုဂ်္က ယူႏုိက္တက္နဲ႔ ၁-၁ သေရက်တဲ့ပြဲမွာ ဒန္းနစ္က သြင္းဂိုး တစ္ဂိုး ရယူခဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ္ကို ေရာက္လာႏုိင္သူလို႔ နာမည္ၾကီးေနသူ တစ္ဦးလည္းျဖစ္ျပီး သူနဲ႔ လိုင္လီတိုက္စစ္သမား အိုဆီမမ္တို႔ဟာ ႏုိင္ဂ်ီးရီးယား လက္ေရြးစင္ေတြ ျဖစ္ၾကပါတယ္။