ဥရောပတခွင်မှ ယနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ ဘောလုံးသတင်းများ (20/07/21)

စပါးအသင်းဟာ အတ္တလန္တာအသင်းမှ ဂိုးသမား ဂေါ်လီနီ ကို ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သွားပါတယ်။ ဂေါ်လီနီကို ၂၀၂၂ ထိ အငှား တစ်နှစ် ခေါ်ယူတာ ဖြစ်ပြီး ၂၀၂၃ ထိ အငှား သက်တမ်းတိုးခွင့်နဲ့ ယူရို ၁၅ သန်း ပြောင်းရွှေ့ကြေးနဲ့ အပြီးဝယ်ယူခွင့်ပါ သဘောတူညီမှု ရခဲ့တာပါ။

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ခက်ခဲသွားတဲ့နောက် ချယ်ဆီးအသင်းဟာ အစားထိုး ပစ်မှတ်တွေ အဖြစ် စတုဂတ် တိုက်စစ်မှူး ဆာဆာ ကာလက်ဇစ်နဲ့ ဘိုင်ယန်မှ လီဝန်ဒေါစကီး တို့ကို ချိတ်ဆက်နေပါတယ်။

လက်စတာ အသင်းဟာ လီဗာပူးပစ်မှတ်ထားလာတဲ့ ကွင်းလယ်ကစားသမား တိုင်လီမန်းကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် ကြိုးပမ်းလာပါတယ်။ ဘယ်လ်ဂျီယံသားရဲ့ လက်ရှိ စာချုပ်က ၂နှစ်သာ ကျန်ပြီး ဒီနွေမှာ ၎င်းကို စာချုပ်သစ်ချုပ်ဖို့ လက်စတာက ဦးစားပေး ညှိနှိုင်းနေပါတယ်။

အေစီမီလန်အသင်းဟာ ရီးရဲလ် ကစားသမား ဘရာဟင်း ဒိုင်ယာ့ဇ် ကို အငှား နှစ်နှစ်နဲ့ ပြန်လည် ခေါ်ယူလိုက်ကြောင်း အတည်ပြု သွားပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ မန်စီးတီးကနေ ရီးရဲလ်ထံ ၂၀၁၉ တည်းက ပြောင်းရွှေ့ခဲ့သူပါ။

အာဆင်နယ်အသင်းဟာ အန်ဒါလက်ချ်မှ ဘယ်လ်ဂျီယံဉား ကွင်းလယ် ကစားသမား လိုကွန်ဂါ ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗာရိန်းနဲ့ ၎င်းရဲ့ အေးဂျင့် တို့ကတော့ ကစားသမားဟာ ပရီးမီးယားလိဂ် သွားပြီး အတွေ့အကြုံသစ် ရချင်နေကြောင်း ရီးရဲလ်မက်ဒရစ်အား အသိပေးထားပြီ ဖြစ်ပါတယ်။ ဗာရိန်းက ယူနိုက်တက် ထံ ပြောင်းလာဖို့ အတော် စိတ်အားထက်သန်နေပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

Zawgyi – စပါးအသင္းဟာ အတၱလႏၱာအသင္းမွ ဂိုးသမား ေဂၚလီနီ ကို ေခၚယူနိုင္လိုက္ျပီ ျဖစ္ေၾကာင္း တရား၀င္ သတင္းထုတ္ျပန္သြားပါတယ္။ ေဂၚလီနီကို ၂၀၂၂ ထိ အငွား တစ္နွစ္ ေခၚယူတာ ျဖစ္ျပီး ၂၀၂၃ ထိ အငွား သက္တမ္းတိုးခြင့္နဲ႕ ယူရို ၁၅ သန္း ေျပာင္းေရႊ႕ေၾကးနဲ႕ အျပီး၀ယ္ယူခြင့္ပါ သေဘာတူညီမႈ ရခဲ့တာပါ။

ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းကို ေခၚယူဖို႔ ခက္ခဲသြားတဲ့ေနာက္ ခ်ယ္ဆီးအသင္းဟာ အစားထိုး ပစ္မွတ္ေတြ အျဖစ္ စတုဂတ္ တိုက္စစ္မွဴး ဆာဆာ ကာလက္ဇစ္နဲ႕ ဘိုင္ယန္မွ လီ၀န္ေဒါစကီး တို႔ကို ခ်ိတ္ဆက္ေနပါတယ္။

လက္စတာ အသင္းဟာ လီဗာပူးပစ္မွတ္ထားလာတဲ့ ကြင္းလယ္ကစားသမား တိုင္လီမန္းကို သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ ၾကိဳးပမ္းလာပါတယ္။ ဘယ္လ္ဂ်ီယံသားရဲ႕ လက္ရွိ စာခ်ဳပ္က ၂နွစ္သာ က်န္ျပီး ဒီေႏြမွာ ၄င္းကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ လက္စတာက ဦးစားေပး ညွိနိႈင္းေနပါတယ္။

ေအစီမီလန္အသင္းဟာ ရီးရဲလ္ ကစားသမား ဘရာဟင္း ဒိုင္ယာ့ဇ္ ကို အငွား နွစ္နွစ္နဲ႔ ျပန္လည္ ေခၚယူလိုက္ေၾကာင္း အတည္ျပဳ သြားပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ကစားသမားဟာ မန္စီးတီးကေန ရီးရဲလ္ထံ ၂၀၁၉ တည္းက ေျပာင္းေရႊ႕ခဲ့သူပါ။

အာဆင္နယ္အသင္းဟာ အန္ဒါလက္ခ်္မွ ဘယ္လ္ဂ်ီယံဥား ကြင္းလယ္ ကစားသမား လိုကြန္ဂါ ကို ေပါင္ ၁၈ သန္းနဲ႕ ေခၚယူနိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ဗာရိန္းနဲ႕ ၄င္းရဲ႕ ေအးဂ်င့္ တို႔ကေတာ့ ကစားသမားဟာ ပရီးမီးယားလိဂ္ သြားျပီး အေတြ႔အၾကံဳသစ္ ရခ်င္ေနေၾကာင္း ရီးရဲလ္မက္ဒရစ္အား အသိေပးထားျပီ ျဖစ္ပါတယ္။ ဗာရိန္းက ယူနိုက္တက္ ထံ ေျပာင္းလာဖို႔ အေတာ္ စိတ္အားထက္သန္ေနျပီ ျဖစ္ေၾကာင္း သတင္းေထာက္ ရိုမန္နိုက ဆိုပါတယ္။