ယူအီးအက်ဖ်အေ အကောင်းဆုံး ဂိုး ဆု ဆန်ကာတင်ထဲ ပါတဲ့ ပေါ့ဘာ
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ရှုံးထွက် ၁၆ သင်း အဆင့် ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်က ပေါ့ဘာ သွင်းယူခဲ့တဲ့ ဂိုးဟာ ယူအီးအက်ဖ်အေရဲ့ တစ်ရာသီ အကောင်းဆုံး ဂိုး ဆု ဆန်ကာတင် စာရင်းမှာ ပါဝင်နေပါတယ်။ ထိုပွဲမှာ ပေါ့ဘာရဲ့ အဝေးကန်ချက် အလွန်ကောင်းခဲ့ပေမယ့် ပြင်သစ်ကတော့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဒါလော့ကို ပြန်စိတ်ဝင်စားလာတဲ့ အဲဗာတန်
အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်မှာ အငှားထွက်ကစားရင်း အထင်ကြီးဖွယ် ခြေစွမ်းပြခဲ့တဲ့ ဒါလော့ ကို ခေါ်ဖို့ ပြန်စိတ်ဝင်စားလာပါတယ်။ အစွန်ခံစစ်သမားဟာ ဒီလထဲ ယူနိုက်တက် ထရိန်နင်ကို ပြန်ပူးပေါင်းမှာ ဖြစ်ပြီး ၎င်း အနာဂတ် အတွက် နည်းပြ ဆိုးရှားက ဆုံးဖြတ်ရတော့မှာပါ။
ဂျာအို ဖိလစ် အတွက် ယူနိုက်တက် ကမ်းလှမ်းမှု ပယ်ချခံရ
စပိန်ဘက်က သတင်းတွေ အရ ယူနိုက်တက်ဟာ ပေါ်တူဂီသား တိုက်စစ်သမား ဂျာအို ဖိလစ်ကို ကမ်းလှမ်းခဲ့ပြီး အက်သကလ်တီကို မက်ဒရစ်က ပယ်ချထားကြာင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ ၂၀၁၉ တုန်းက ပေါင် ၁၁၄ သန်း နဲ့ အက်သလက်တီကိုသို့ ရောက်လာခဲ့သူပါ။
ရူဘန်နီဗက်စ်ကို ခေါ်ဖို့ ဝင်ပါလာတဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ဝုဗ် ကြယ်ပွင့် ရူဘန်နီဗက်စ် ကို ခေါ်ယူဖို့ ဝင် ကြိုးစားလာပြီး အာဆင်နယ်ထက် အခြေအနေ ပိုကောင်းနေကြောင်း talkSport သတင်းက ဆိုပါတယ်။ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမားကို ခေါ်ဖို့ ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ ရနိုင်ခြေ ရှိနေပါတယ်။

Zawgyi
ယူအီးအက္ဖ္ေအ အေကာင္းဆံုး ဂိုး ဆု ဆန္ကာတင္ထဲ ပါတဲ့ ေပါ့ဘာ
ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ ရွံဳးထြက္ ၁၆ သင္း အဆင့္ ဆြစ္ဇာလန္အသင္းနဲ႕ ပြဲစဥ္က ေပါ့ဘာ သြင္းယူခဲ့တဲ့ ဂိုးဟာ ယူအီးအက္ဖ္ေအရဲ႕ တစ္ရာသီ အေကာင္းဆံုး ဂိုး ဆု ဆန္ကာတင္ စာရင္းမွာ ပါ၀င္ေနပါတယ္။ ထိုပြဲမွာ ေပါ့ဘာရဲ႕ အေ၀းကန္ခ်က္ အလြန္ေကာင္းခဲ့ေပမယ့္ ျပင္သစ္ကေတာ့ အေရးနိမ့္ကာ ျပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
ဒါေလာ့ကို ျပန္စိတ္၀င္စားလာတဲ့ အဲဗာတန္
အဲဗာတန္အသင္းဟာ ျပီးခဲ့တဲ့ရာသီက ေအစီမီလန္မွာ အငွားထြက္ကစားရင္း အထင္ၾကီးဖြယ္ ေျခစြမ္းျပခဲ့တဲ့ ဒါေလာ့ ကို ေခၚဖို႔ ျပန္စိတ္၀င္စားလာပါတယ္။ အစြန္ခံစစ္သမားဟာ ဒီလထဲ ယူနိုက္တက္ ထရိန္နင္ကို ျပန္ပူးေပါင္းမွာ ျဖစ္ျပီး ၄င္း အနာဂတ္ အတြက္ နည္းျပ ဆိုးရွားက ဆံုးျဖတ္ရေတာ့မွာပါ။
ဂ်ာအို ဖိလစ္ အတြက္ ယူနိုက္တက္ ကမ္းလွမး္မႈ ပယ္ခ်ခံရ
စပိန္ဘက္က သတင္းေတြ အရ ယူနိုက္တက္ဟာ ေပၚတူဂီသား တိုက္စစ္သမား ဂ်ာအို ဖိလစ္ကို ကမ္းလွမ္းခဲ့ျပီး အက္သကလ္တီကို မက္ဒရစ္က ပယ္ခ်ထားၾကာင္း သိရပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ကစားသမားဟာ ၂၀၁၉ တုန္းက ေပါင္ ၁၁၄ သန္း နဲ႕ အက္သလက္တီကိုသို႔ ေရာက္လာခဲ့သူပါ။
ရူဘန္နီဗက္စ္ကို ေခၚဖို႔ ၀င္ပါလာတဲ့ ယူနိုက္တက္
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေႏြမွာ ၀ုဗ္ ၾကယ္ပြင့္ ရူဘန္နီဗက္စ္ ကို ေခၚယူဖို႔ ၀င္ ၾကိဳးစားလာျပီး အာဆင္နယ္ထက္ အေျခအေန ပိုေကာင္းေနေၾကာင္း talkSport သတင္းက ဆိုပါတယ္။ အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္သမားကို ေခၚဖို႔ ေပါင္ ၃၅ သန္း ၀န္းက်င္နဲ႕ ရနိုင္ေျခ ရွိေနပါတယ္။
