မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ခြေလှမ်းပြင်နေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ ကို လက်လွှတ်ရရင် ဘိုင်ယန်မြူးနစ်မှ လီယွန် ဂေါ်ရက်စကာ ကို ဒီနွေမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ပေါ့ဘာရဲ့ လက်ရှိစာချုပ်က ၁၂ လသာ ကျန်ရှိပြီး သက်တမ်းတိုး စာချုပ်ကိစ္စ သဘောတူညီမှုလည်း မရတာကြောင့် ယူနိုက်တက်ဟာ ဒီနွေမှာ ပြင်သစ်သားကို မရောင်းရင် နောက်နှစ်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။ နည်းပြ ဆိုးရှားက ပေါ့ဘာကို ဆက်ထိန်းထားလိုပေမယ့် ကစားသမား အတွက် အသင်းရဲ့ လစာ စည်းမျဉ်းကို ချိုးဖျက်မှာတော့မ ဟုတ်ပါဘူး။

ကိုဗစ်ကပ်ဘေးကာလမှာ ကလပ်အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကလည်း အင်အားနည်းနေတာကြောင့် ကစားသမားနဲ့ စာချုပ်သစ် ကိစ္စ ညှိနှိုင်းမရသေးတဲ့ အနေအထားမှာ ပီအက်စ်ဂျီအသင်းက ကြားဝင်လာတာ ဖြစ်ပါတယ်။ ပေါ့ဘာ အေးဂျင့် ရွိုင်းအိုလာနဲ့ ပြင်သစ်ကလပ်ကြား ပြောဆိုဆွေးနွေးမှုတွေလည်း ရှိထားပြီ ဖြစ်ပါတယ်။
ဒါကြောင့် အခြေအနေတွေ အရ ယူနိုက်တက်ကလည်း ပေါ့ဘာကို လက်လွှတ်ရရင် အစားထိုးဖို့ ပစ်မှတ် ကစားသမား ရှာဖွေနေပြီ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှ ကွင်းလယ် ဂေါ်ရက်စကာ ကို မျက်စိကျလာပါတယ်။ ဂျာမန်သားရဲ့ အခြေအနေကလည်း ပေါ့ဘာနည်းတူ လက်ရှိစာချုပ်က နောက်ဆုံး ၁၂ လ ထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
ဘိုင်ယန်က ၎င်းတို့ ကစားသမားကို ဆက်ထိန်းထားလိုပေမယ့် ဂေါ်ရက်စကာ က စာချုပ်သစ် သက်တမ်းတိုးလိုဟန် မရှိတာကြောင့် ရောင်းချဖို့ ထည့်သွင်း စဉ်းစားနေရပြီ ဖြစ်ပါတယ်။ ပေါ့ဘာ တကယ်သာ ထွက်ခွာဖြစ်ရင် ဂေါ်ရက်စကာ ကို ယူနိုက်တက်က ဈေးတန်တန်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕ဖို႔ ေျခလွမ္းျပင္ေနတဲ့ ကြင္းလယ္ကစားသမား ေပါ့ဘာ ကို လက္လႊတ္ရရင္ ဘိုင္ယန္ျမဴးနစ္မွ လီယြန္ ေဂၚရက္စကာ ကို ဒီေႏြမွာ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။
ေပါ့ဘာရဲ႕ လက္ရွိစာခ်ဳပ္က ၁၂ လသာ က်န္ရွိျပီး သက္တမ္းတိုး စာခ်ဳပ္ကိစၥ သေဘာတူညီမႈလည္း မရတာေၾကာင့္ ယူနိုက္တက္ဟာ ဒီေႏြမွာ ျပင္သစ္သားကို မေရာင္းရင္ ေနာက္နွစ္မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရဖြယ္ ရွိေနပါတယ္။ နည္းျပ ဆိုးရွားက ေပါ့ဘာကို ဆက္ထိန္းထားလိုေပမယ့္ ကစားသမား အတြက္ အသင္းရဲ႕ လစာ စည္းမ်ဥ္းကို ခ်ိဳးဖ်က္မွာေတာ့မ ဟုတ္ပါဘူး။
ကိုဗစ္ကပ္ေဘးကာလမွာ ကလပ္အသင္းရဲ႕ ဘ႑ာေရး အေျခအေနကလည္း အင္အားနည္းေနတာေၾကာင့္ ကစားသမားနဲ႕ စာခ်ဳပ္သစ္ ကိစၥ ညွိနိႈင္းမရေသးတဲ့ အေနအထားမွာ ပီအက္စ္ဂ်ီအသင္းက ၾကား၀င္လာတာ ျဖစ္ပါတယ္။ ေပါ့ဘာ ေအးဂ်င့္ ရြိဳင္းအိုလာနဲ႕ ျပင္သစ္ကလပ္ၾကား ေျပာဆိုေဆြးေႏြးမႈေတြလည္း ရွိထားျပီ ျဖစ္ပါတယ္။
ဒါေၾကာင့္ အေျခအေနေတြ အရ ယူနိုက္တက္ကလည္း ေပါ့ဘာကို လက္လႊတ္ရရင္ အစားထိုးဖို႔ ပစ္မွတ္ ကစားသမား ရွာေဖြေနျပီ ျဖစ္ျပီး ဘိုင္ယန္ျမဴးနစ္မွ ကြင္းလယ္ ေဂၚရက္စကာ ကို မ်က္စိက်လာပါတယ္။ ဂ်ာမန္သားရဲ႕ အေျခအေနကလည္း ေပါ့ဘာနည္းတူ လက္ရွိစာခ်ဳပ္က ေနာက္ဆံုး ၁၂ လ ထဲ ၀င္ေရာက္ေနျပီ ျဖစ္ပါတယ္။
ဘိုင္ယန္က ၄င္းတို႔ ကစားသမားကို ဆက္ထိန္းထားလိုေပမယ့္ ေဂၚရက္စကာ က စာခ်ဳပ္သစ္ သက္တမ္းတိုးလိုဟန္ မရွိတာေၾကာင့္ ေရာင္းခ်ဖို႔ ထည့္သြင္း စဥ္းစားေနရျပီ ျဖစ္ပါတယ္။ ေပါ့ဘာ တကယ္သာ ထြက္ခြာျဖစ္ရင္ ေဂၚရက္စကာ ကို ယူနိုက္တက္က ေစ်းတန္တန္နဲ႕ ေခၚယူနိုင္ဖြယ္ ရွိေနပါတယ္။
