လက်ရှိ ရနေတဲ့ လုပ်ခရဲ့ ၁၂ ဆလောက်ထိ တိုးမြှင့်ရရဖွယ်ရှိနေတဲ့ ယူနိုက်တက်ရဲ့ ကြယ်ပွင့်

UNICODE – မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်ရဲ့ လူငယ်ကြယ်ပွင့်လေး ဝီလီယမ်ကို စာချုပ်သစ်တစ်စောင် ပေးဖို့ စီစဉ်နေခဲ့ပြီလို့ The Athletic က ဖော်ပြပါတယ်။

ဝီလီယမ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကပဲ ယူနိုက်တက်နဲ့ စာချုပ်သစ် သဘောတူညီမှု ရထားတာဖြစ်တယ်။ အသက် ၁၉ နှစ်အရွယ် ဘယ်အစွန်လူဟာ လက်ရှိ စာချုပ်မှာတော့ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀ ရရှိနေတာဖြစ်ကာ သူ့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းတွေအရ စာချုပ်သစ်ကို ကြီးကြီးမားမား ပြင်ဆင်ပြီး ပေးပို့ဖို့ ယူနိုက်တက်က ပြင်ဆင်လာပါတယ်။

အောက်တိုဘာမှာ ဝီလီယမ်ကို သက်တမ်းတိုးခဲ့စဉ်က ပထမအသင်းအတွက် နှစ်ပွဲပဲ ကစားထားရတာဖြစ်တယ်။ အဲ့နောက်ပိုင်းမှာ ဝီလီယမ်က ဆက်လက် တိုးတက်လာခဲ့ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၆ ပွဲထိ ကစားခွင့်ရထားပြီဖြစ်ပါတယ်။ အသက် ၇ နှစ်တည်းက ယူနိုက်တက်ကို ပြောင်းလာတဲ့ ဝီလီယမ်ဟာ ဘယ်အစွန်၊ ဘယ်တောင်ပံ နှစ်နေရာလုံးကို ကစားပေးနေပါတယ်။

ယူနိုက်တက်ရဲ့ ဘယ်အစွန်လူ လုရှောက တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ ရနေတာဖြစ်ပြီး ညာအစွန်လူ ဒါလော့က ပေါင် ၅၀၀၀၀ ရနေတာပါ။ ယူနိုက်တက်ကတော့ ဝီလီယမ်ကို ဒါလော့နဲ့ လုပ်ခတူတူ အနေအထားထိ မြှင့်တင်ပေးဖို့ စီစဉ်လာခဲ့တာဖြစ်တယ်။

ယူနိုက်တက် တာဝန်ရှိသူတွေကတော့ စာချုပ်သစ်အတွက် တွက်ချက်မှုတွေကို စတင် စီစဉ်နေပြီဖြစ်ပြီး အင်္ဂလန်လူအတွက် ညိနှိုင်းမှုတွေကိုပါ တစ်ပါးတည်း လုပ်နေပြီလို့ သိရပါတယ်။

ZAWGYI – မန္ခ်က္စတာ ယူႏုိက္တက္ဟာ ကလပ္ရဲ႕ လူငယ္ၾကယ္ပြင့္ေလး ဝီလီယမ္ကို စာခ်ဳပ္သစ္တစ္ေစာင္ ေပးဖို႔ စီစဥ္ေနခဲ့ျပီလို႔ The Athletic က ေဖာ္ျပပါတယ္။

ဝီလီယမ္ဟာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလတုန္းကပဲ ယူႏုိက္တက္နဲ႔ စာခ်ဳပ္သစ္ သေဘာတူညီမႈ ရထားတာျဖစ္တယ္။ အသက္ ၁၉ ႏွစ္အရြယ္ ဘယ္အစြန္လူဟာ လက္ရွိ စာခ်ဳပ္မွာေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၄၀၀၀ ရရွိေနတာျဖစ္ကာ သူ႔ရဲ႕ တိုးတက္လာတဲ့ ေျခစြမ္းေတြအရ စာခ်ဳပ္သစ္ကို ၾကီးၾကီးမားမား ျပင္ဆင္ျပီး ေပးပို႔ဖို႔ ယူႏုိက္တက္က ျပင္ဆင္လာပါတယ္။

ေအာက္တိုဘာမွာ ဝီလီယမ္ကို သက္တမ္းတိုးခဲ့စဥ္က ပထမအသင္းအတြက္ ႏွစ္ပြဲပဲ ကစားထားရတာျဖစ္တယ္။ အဲ့ေနာက္ပိုင္းမွာ ဝီလီယမ္က ဆက္လက္ တိုးတက္လာခဲ့ျပီး ဒီရာသီမွာ ျပိဳင္ပြဲစံု ၂၆ ပြဲထိ ကစားခြင့္ရထားျပီျဖစ္ပါတယ္။ အသက္ ၇ ႏွစ္တည္းက ယူႏုိက္တက္ကို ေျပာင္းလာတဲ့ ဝီလီယမ္ဟာ ဘယ္အစြန္၊ ဘယ္ေတာင္ပံ ႏွစ္ေနရာလံုးကို ကစားေပးေနပါတယ္။

ယူႏုိက္တက္ရဲ႕ ဘယ္အစြန္လူ လုေရွာက တစ္ပတ္လုပ္ခ ေပါင္ ၁၉၀၀၀၀ ရေနတာျဖစ္ျပီး ညာအစြန္လူ ဒါေလာ့က ေပါင္ ၅၀၀၀၀ ရေနတာပါ။ ယူႏိုက္တက္ကေတာ့ ဝီလီယမ္ကို ဒါေလာ့နဲ႔ လုပ္ခတူတူ အေနအထားထိ ျမွင့္တင္ေပးဖို႔ စီစဥ္လာခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ တာဝန္ရွိသူေတြကေတာ့ စာခ်ဳပ္သစ္အတြက္ တြက္ခ်က္မႈေတြကို စတင္ စီစဥ္ေနျပီျဖစ္ျပီး အဂၤလန္လူအတြက္ ညိႏိႈင္းမႈေတြကိုပါ တစ္ပါးတည္း လုပ္ေနျပီလို႔ သိရပါတယ္။