မန်စီးတီးကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ အသင်း ချန်ပီယံလိဂ်ဖို့ကိစ္စ စောင့်ရဖွယ်ရှိ

ယူအီးအက်ဖ်အေရဲ့ ဥရောပပြိုင်ပွဲ နှစ်ရာသီစာ ပါဝင်ခွင့် ပိတ်ပင်ခံရခြင်း အရေးယူမှုကို မန်စီးတီးအသင်းဘက်က အယူခံဝင်ထားခြင်း ကိစ္စအား ဇွန်လ ၈-၁၀ ရက်မှာ အားကစားခုံရုံးက ကြားနာ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းကပဲ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကြောင်း တွေ့ရှိမှုအတွက် မန်စီးတီးကို အရေးယူထားခြင်းဖြစ်ပြီး ဒဏ်ကြေး ပေါင် ၂၅ သန်းအပြင် ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ၂ ရာသီ ပိတ်ပင်ခံခဲ့ရတာဖြစ်တယ်။ မန်စီးတီးဘက်က ချက်ခြင်းပဲ အပြစ်ပေးမှုကို အယူခံဝင်မှု လုပ်ဆောင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဘက်က ကြားနာမယ့်ရက်ကို အတည်ပြုပေးခဲ့ပြီး ခုခံမှုဆိုင်ရာ ကိစ္စမှာ မန်စီးတီးဘက်က ရှေ့နေကို ဝင်ရောက် ထုချေခွင့်ပေးဖို့ ကိစ္စကိုလည်း ငြင်းဆန်ခြင်း မလုပ်သေးပါဘူး။ ဒါပေမယ့်လည်း အပြီးသတ်တဲ့ အချိန်ထိ ကြားနာဖို့ရာ နှစ်လလောက်ထိ ကြာမြင့်သွားတော့မှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို အပြီးသတ်ရေးအပြင် လာမယ့်ရာသီ ပြန်လည်စတင်ရင်လည်း အငြင်းပွားမှုတွေ မဖြစ်ရေးတို့ကို အဓိက ဆက်လက် လုပ်ဆောင်လိုနေတယ်။ လာမယ့်အပတ် တနင်္လာနေ့မှာ ပြန်စမယ့် အယူခံဝင်ခြင်း စစ်ဆေးမှုက ဗီဒီယိုကနေ လုပ်ဆောင်ခြင်းပဲ ဖြစ်လိမ့်မယ်လို့ သိထားရတယ်။

မန်စီးတီးကိစ္စ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို အပြီးသတ်ဖို့ကို နှစ်လထိ နောက်ဆုတ်ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အုပ်စုခွဲမှု မလုပ်ခင်လောက်မှ ကြေညာပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီး ချန်ပီယံလိဂ်မဝင်ရင် ပရီးမီးယားလိဂ်မှာ အဆင့် ၅ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရမရဆိုတာ သိရဖို့ နောက်ထပ် နှစ်လ စောင့်ရဖို့ ရှိလာနေပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအရဲ႕ ဥေရာပျပိဳင္ပြဲ ႏွစ္ရာသီစာ ပါဝင္ခြင့္ ပိတ္ပင္ခံရျခင္း အေရးယူမႈကို မန္စီးတီးအသင္းဘက္က အယူခံဝင္ထားျခင္း ကိစၥအား ဇြန္လ ၈-၁၀ ရက္မွာ အားကစားခံုရံုးက ၾကားနာ ဆံုးျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလတုန္းကပဲ ဘ႑ာေရးဆိုင္ရာ စည္းကမ္းကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ေၾကာင္း ေတြ႔ရွိမႈအတြက္ မန္စီးတီးကို အေရးယူထားျခင္းျဖစ္ျပီး ဒဏ္ေၾကး ေပါင္ ၂၅ သန္းအျပင္ ဥေရာပျပိဳင္ပြဲေတြမွာ ပါဝင္ခြင့္ ၂ ရာသီ ပိတ္ပင္ခံခဲ့ရတာျဖစ္တယ္။ မန္စီးတီးဘက္က ခ်က္ျခင္းပဲ အျပစ္ေပးမႈကို အယူခံဝင္မႈ လုပ္ေဆာင္ခဲ့ပါတယ္။

ယူအီးအက္ဖ္ေအဘက္က ၾကားနာမယ့္ရက္ကို အတည္ျပဳေပးခဲ့ျပီး ခုခံမႈဆုိင္ရာ ကိစၥမွာ မန္စီးတီးဘက္က ေရွ႔ေနကို ဝင္ေရာက္ ထုေခ်ခြင့္ေပးဖို႔ ကိစၥကိုလည္း ျငင္းဆန္ျခင္း မလုပ္ေသးပါဘူး။ ဒါေပမယ့္လည္း အျပီးသတ္တဲ့ အခ်ိန္ထိ ၾကားနာဖို႔ရာ ႏွစ္လေလာက္ထိ ၾကာျမင့္သြားေတာ့မွာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္တို႔ကို အျပီးသတ္ေရးအျပင္ လာမယ့္ရာသီ ျပန္လည္စတင္ရင္လည္း အျငင္းပြားမႈေတြ မျဖစ္ေရးတို႔ကို အဓိက ဆက္လက္ လုပ္ေဆာင္လိုေနတယ္။ လာမယ့္အပတ္ တနလၤာေန႔မွာ ျပန္စမယ့္ အယူခံဝင္ျခင္း စစ္ေဆးမႈက ဗီဒီယိုကေန လုပ္ေဆာင္ျခင္းပဲ ျဖစ္လိမ့္မယ္လို႔ သိထားရတယ္။

မန္စီးတီးကိစၥ ဘယ္လို ဆံုးျဖတ္မယ္ဆိုတာကို အျပီးသတ္ဖို႔ကို ႏွစ္လထိ ေနာက္ဆုတ္ျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ အုပ္စုခြဲမႈ မလုပ္ခင္ေလာက္မွ ေၾကညာေပးဖို႔ ျပင္ဆင္လာခဲ့ပါတယ္။ ဒါေၾကာင့္ မန္စီးတီး ခ်န္ပီယံလိဂ္မဝင္ရင္ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမရဆိုတာ သိရဖို႔ ေနာက္ထပ္ ႏွစ္လ ေစာင့္ရဖို႔ ရွိလာေနပါတယ္။