ဥရောပတခွင်မှ ယနေ့နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (25/07/21)

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်းနဲ့ အတူပဲ ဆက်ရှိသွားလိမ့်မယ်လို့ ဂျူဗီ ဒုဥက္ကဌ ပါဗယ် နက်ဗက်က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒီနွေမှာ ရော်နယ်ဒို ကို ချိတ်ဆက်မှုတွေနဲ့ အသင်းပြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ဆက်ဆူအိုလို အသင်းဟာ ချယ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ ပစ်မှတ်ထားလာတာတဲ့ တိုက်စစ်သမား ဘာရာဒီ အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ လို့ သတ်မှတ်လိုက်ပါတယ်။ အီတလီသားက ဒီနွေမှာ ထွက်ခွာလိုနေပြီး အေစီမီလန်ကတော့ ၎င်းကို ခေါ်ဖို့ နောက်ဆုတ်သွားခဲ့ပါတယ်။

လီဗာပူး တောင်ပံကစားသမား ဟယ်ရီ ဝီလ်ဆန်ဟာ ဖူလ်ဟမ် အသင်းထံ ပေါင် ၁၂ သန်းနဲ့ အပြီး ပြောင်းရွှေ့သွားပြီ ဖြစ်ကာ ၄နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဖူလ်ဟမ်က ဝီလ်ဆန်ကို ထပ်မံရောင်းချရင် လီဗာပူးက ပြောင်းရွှေ့ကြေးရဲ့ ၁၅% ရရှိဦးမှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဒီနွေမှာ အိုင်ဗာ ပါရီဆစ် ကို ရောင်းချဖို့ ကြိုးစားနေပါတယ်။ ၎င်းတို့က နောက်ထပ် တောင်ပံသမားတစ်ယောက် ထပ်ခေါ်မှာ ဆိုပေမယ့် ပါရီဆစ်ရဲ့ လုပ်ခ ယူရို ၄.၅ သန်းလောက် သက်သာသွားဖို့ မျှော်လင့်နေတာပါ။

စပါးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ရောင်းချလိုနေတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ယူနိုက်တက်က မာရှယ် အတွက် ပေါင် သန်း ၅၀ ဝန်းကျင် အလိုရှိနေပြီး ထို ပမာဏနဲ့ ကစားသမား လစာကတော့ စပါးအတွက် အတားအဆီး ဖြစ်လာဖွယ် ရှိပါတယ်။

Zawgyi – ခရစၥတီယာနို ေရာ္နယ္ဒိုဟာ လာမယ့္ ေဘာလံုးရာသီမွာ ဂ်ဴဗင္တပ္ အသင္းနဲ႕ အတူပဲ ဆက္ရွိသြားလိမ့္မယ္လို႔ ဂ်ဴဗီ ဒုဥကၠဌ ပါဗယ္ နက္ဗက္က အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။ ဒီေႏြမွာ ေရာ္နယ္ဒို ကို ခ်ိတ္ဆက္မႈေတြနဲ႕ အသင္းေျပာင္း သတင္းေတြ ထြက္ေပၚေနခဲ့တာပါ။

ဆက္ဆူအိုလို အသင္းဟာ ခ်ယ္ဆီးနဲ႕ ေဒါ့မြန္အသင္းတို႔ ပစ္မွတ္ထားလာတာတဲ့ တိုက္စစ္သမား ဘာရာဒီ အတြက္ ေျပာင္းေရႊ႕ေၾကးကို ယူရို သန္း ၄၀ လို႔ သတ္မွတ္လိုက္ပါတယ္။ အီတလီသားက ဒီေႏြမွာ ထြက္ခြာလိုေနျပီး ေအစီမီလန္ကေတာ့ ၄င္းကို ေခၚဖို႔ ေနာက္ဆုတ္သြားခဲ့ပါတယ္။

လီဗာပူး ေတာင္ပံကစားသမား ဟယ္ရီ ၀ီလ္ဆန္ဟာ ဖူလ္ဟမ္ အသင္းထံ ေပါင္ ၁၂ သန္းနဲ႕ အျပီး ေျပာင္းေရႊ႕သြားျပီ ျဖစ္ကာ ၄နွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဖူလ္ဟမ္က ၀ီလ္ဆန္ကို ထပ္မံေရာင္းခ်ရင္ လီဗာပူးက ေျပာင္းေရႊ႕ေၾကးရဲ႕ ၁၅% ရရွိဦးမွာ ျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ ဒီေႏြမွာ အုိင္ဗာ ပါရီဆစ္ ကို ေရာင္းခ်ဖို႔ ၾကိဳးစားေနပါတယ္။ ၄င္းတို႔က ေနာက္ထပ္ ေတာင္ပံသမားတစ္ေယာက္ ထပ္ေခၚမွာ ဆိုေပမယ့္ ပါရီဆစ္ရဲ႕ လုပ္ခ ယူရို ၄.၅ သန္းေလာက္ သက္သာသြားဖို႔ ေမွ်ာ္လင့္ေနတာပါ။

စပါးအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ ေရာင္းခ်လိုေနတဲ့ ျပင္သစ္လက္ေရြးစင္ တိုက္စစ္မွဴး မာရွယ္ကို ေခၚယူဖို႔ စိတ္၀င္စားလာပါတယ္။ ယူနိုက္တက္က မာရွယ္ အတြက္ ေပါင္ သန္း ၅၀ ၀န္းက်င္ အလိုရွိေနျပီး ထို ပမာဏနဲ႕ ကစားသမား လစာကေတာ့ စပါးအတြက္ အတားအဆီး ျဖစ္လာဖြယ္ ရွိပါတယ္။