ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (04/06/20)

ယူနိုက်တက်ဟာ ကလပ်ရဲ့ လူငယ်ကြယ်ပွင့်လေး ဝီလီယမ်ကို တစ်ပတ် လုပ်ခ ပေါင် ၅ သောင်းထိ တိုးမြှင့်ကာ စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အစ်ဟာလို က ပရီးမီးယားလိဂ် ရာသီလက်ကျန်ပွဲစဉ်တွေ ပြန်လည် စတင်ဖို့ကို မစောင့်နိုင်တော့ဘူး လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် အသင်း ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်အသင်း တိုက်စစ်သမား ဒန်းနစ်က အင်္ဂလန်မှာ အကောင်းဆုံး ကလပ်အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်တယ်လို့ ဆိုလာပါတယ်။

နည်းပြ ဆိုးရှားက လာမယ့်နွေ အပြောင်းအရွှေ့မှာ ကစားသမား ဝယ်ယူဖို့ အသုံးစရိတ် ပို ရရှိနိုင်ရန် အတွက် အငှား ထုတ်ထားတဲ့ အဲလစ်ဆစ် ဆန်းချက်၊ စမောလင်းနဲ့ ရိုဂျိုတို့ သုံးဦးကို အပြီး ရောင်းချဖို့ စီစဉ်နေပါတယ်။

အီတလီမှာ ခြေစွမ်းပြနေတဲ့ စမောလင်းကို ရိုးမားက အပြီးသတ် ဝယ်ယူချင်ပေမယ့် ပြောင်းရွှေ့ကြေး မတတ်နိုင်တာကြောင့် ပေါင် ၃ သန်းနဲ့ တစ်နှစ် အငှား ဆက်ခေါ်ဖို့ ညှိနှိုင်းနေပြီး ကစားသမားကလည်း ရိုးမားမှာ ဆက် ကစားလိုနေပါတယ်။

ပေါ်တူဂီ တိုက်စစ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရတော့မယ် သိရတော့ သူ့အိပ်မက်တွေ တကယ်ဖြစ်လာတာကြောင့် ပျော်လွန်းလို့ ငိုကြွေးခဲ့မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ် ကြယ်ပွင့် ဂရင်းဝုဒ်ဟာ တိုက်စစ်မှူးဟောင်း ဗန်ပါစီလို ထူးချွန်တဲ့ အရည်အချင်းရှိ ကစားသမားမျိုး ဖြစ်တယ်လို့ မြင်ကြောင်း အစ်ဟာလိုက ချီးကျူးခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဘယ်ခြေရော ညာခြေနဲ့ပါ ကန်သွင်းနိုင်ပြီး ငယ်ရွယ် ဉာဏ်ကောင်းတဲ့သူလို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

Zawgyi – ယူႏုိက္တက္ဟာ ကလပ္ရဲ႕ လူငယ္ၾကယ္ပြင့္ေလး ဝီလီယမ္ကို တစ္ပတ္ လုပ္ခ ေပါင္ ၅ ေသာင္းထိ တိုးျမွင့္ကာ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ စီစဥ္ေနျပီ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴး အစ္ဟာလို က ပရီးမီးယားလိဂ္ ရာသီလက္က်န္ပြဲစဥ္ေတြ ျပန္လည္ စတင္ဖို႔ကို မေစာင္႔ႏိုင္ေတာ႔ဘူး လို႔ ေျပာၾကားသြားခဲ႔ပါတယ္။

အာဆင္နယ္ အသင္း ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္တဲ့ ဘယ္ဂ်ီယံကလပ္ ကလပ္ဘရုဂ်္အသင္း တိုက္စစ္သမား ဒန္းနစ္က အဂၤလန္မွာ အေကာင္းဆံုး ကလပ္အသင္းက မန္ခ်က္စတာ ယူႏုိက္တက္ ျဖစ္တယ္လို႔ ဆိုလာပါတယ္။

နည္းျပ ဆိုးရွားက လာမယ့္ေႏြ အေျပာင္းအေရႊ႕မွာ ကစားသမား ၀ယ္ယူဖို႔ အသံုးစရိတ္ ပို ရရွိနုိင္ရန္ အတြက္ အငွား ထုတ္ထားတဲ့ အဲလစ္ဆစ္ ဆန္းခ်က္၊ စေမာလင္းနဲ႕ ရိုဂ်ိဳတို႔ သံုးဦးကို အျပီး ေရာင္းခ်ဖို႔ စီစဥ္ေနပါတယ္။

အီတလီမွာ ေျခစြမ္းျပေနတဲ့ စေမာလင္းကို ရိုးမားက အျပီးသတ္ ၀ယ္ယူခ်င္ေပမယ့္ ေျပာင္းေရႊ႕ေၾကး မတတ္နုိင္တာေၾကာင့္ ေပါင္ ၃ သန္းနဲ႕ တစ္နွစ္ အငွား ဆက္ေခၚဖို႔ ညွိနိႈင္းေနျပီး ကစားသမားကလည္း ရိုးမားမွာ ဆက္ ကစားလိုေနပါတယ္။

ေပၚတူဂီ တိုက္စစ္ၾကယ္ပြင့္ ဘရူနို ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းကေန မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းရေတာ့မယ္ သိရေတာ့ သူ႔အိပ္မက္ေတြ တကယ္ျဖစ္လာတာေၾကာင့္ ေပ်ာ္လြန္းလို႔ ငိုေၾကြးခဲ့မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ လူငယ္တိုက္စစ္ ၾကယ္ပြင့္ ဂရင္း၀ုဒ္ဟာ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီလို ထူးခၽြန္တဲ့ အရည္အခ်င္းရွိ ကစားသမားမ်ိဳး ျဖစ္တယ္လို႔ ျမင္ေၾကာင္း အစ္ဟာလိုက ခ်ီးက်ဴးခဲ့ပါတယ္။ ဂရင္း၀ုဒ္ဟာ ဘယ္ေျခေရာ ညာေျခနဲ႕ပါ ကန္သြင္းနိုင္ျပီး ငယ္ရြယ္ ဥာဏ္ေကာင္းတဲ့သူလို႔ ၄င္းက သုံးသပ္ခဲ့ပါတယ္။