ဥရောပတခွင်မှ ယနေ့နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (27/07/21)

ပီအက်စ်ဂျီ ကြယ်ပွင့် နေမာနဲ့ ဘာစီလိုနာအသင်းတို့ဟာ လမ်းခွဲပြီးနောက် တရားရုံးမှာ အမှုဆိုင်နေတဲ့ ကိစ္စကို လေးနှစ်အကြာမှာ အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဗာရိန်းကိုလည်း ဈေးဆစ်ပြီး ဝယ်ယူနိုင်လိုက်တဲ့နောက် အက်သလက်တီကို ကွင်းလယ် ကစားသမား ဆော နီဂွက်ဇ် ကိုလည်း ပေါင် ၄၅ သန်းနဲ့ ရအောင် ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဆီဗီလာ တိုက်စစ်သမား ဘရိုင်ယန် ဂီးကို ခေါ်ယူပြီးနောက် စပါးအသင်းရဲ့ လှုပ်ရှားမှုတွေက အရှိန်လျော့ မသွားဘဲ အတ္တလန္တာအသင်းမှ အာဂျင်တီနား ခံစစ်မှူး ခရစ္စတီယန် ရိုမီရို ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေပါတယ်။ ကိုပါအမေရိကမှာ ခြေစွမ်းပြခဲ့တဲ့ ရိုမီရို တန်ကြေးက ပေါင် သန်း ၄၀ လောက် ရှိပါတယ်။

လီဗာပူး ကွင်းလယ်တိုက်စစ်သမား ချိန်ဘာလိန်ကို ဝက်စ်ဟမ်း အသင်းက ခေါ်ယူလိုနေပြီး အန်းဖီးမှာ နေရာမရတဲ့ အင်္ဂလန်သားကလည်း လန်ဒန်သို့ ပြန်ဖို့ စဉ်းစားနေပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ ဘိုင်ယန်လီဗာကူဆင် အသင်း တိုက်စစ်သမား လီယွန်ဘိုင်လီ အတွက် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း သိရပါတယ်။

နယူးကာဆယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး တွမ် ဇီဘီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြထားပါတယ်။ အငှားနဲ့ရော အပြီးထွက်ခွာဖို့ပါ မကြာခဏ ဆွေးနွေးဖူးတဲ့ တွမ်ဇီဘီက အိုးထရက်ဖို့ဒ်မှာ ပွဲကစားချိန်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

အင်တာမီလန် အသင်း စီအီးအို မော်ရတ်တာကတော့ တိုက်စစ်မှူး လူကာကူကို ဒီနွေမှာ လုံး၀ ရောင်းချမှာ မဟုတ်ကြောင်း ထပ်မံ ပြောဆိုသွားပါတယ်။ ဟာလန်းကို မရလို့ နောက်ထပ် တိုက်စစ်ပစ်မှတ် ရှာဖွေနေတဲ့ ချယ်ဆီးဟာ လူကာကူကိုလည်း ထည့်သွင်း စဉ်းစားခဲ့ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီ ၾကယ္ပြင့္ ေနမာနဲ႕ ဘာစီလိုနာအသင္းတို႔ဟာ လမ္းခြဲျပီးေနာက္ တရားရံုးမွာ အမႈဆိုင္ေနတဲ့ ကိစၥကို ေလးနွစ္အၾကာမွာ အဆံုးသတ္လိုက္ျပီ ျဖစ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ ဗာရိန္းကိုလည္း ေစ်းဆစ္ျပီး ၀ယ္ယူနုိင္လိုက္တဲ့ေနာက္ အက္သလက္တီကို ကြင္းလယ္ ကစားသမား ေဆာ နီဂြက္ဇ္ ကိုလည္း ေပါင္ ၄၅ သန္းနဲ႕ ရေအာင္ ညွိနိႈင္းနိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ဆီဗီလာ တိုက္စစ္သမား ဘရိုင္ယန္ ဂီးကို ေခၚယူျပီးေနာက္ စပါးအသင္းရဲ႕ လႈပ္ရွားမႈေတြက အရွိန္ေလ်ာ့ မသြားဘဲ အတၱလႏၱာအသင္းမွ အာဂ်င္တီနား ခံစစ္မွဴး ခရစၥတီယန္ ရိုမီရို ကို ေခၚယူဖုိ႕ ဆက္လက္ ၾကိဳးစားေနပါတယ္။ ကိုပါအေမရိကမွာ ေျခစြမ္းျပခဲ့တဲ့ ရိုမီရို တန္ေၾကးက ေပါင္ သန္း ၄၀ ေလာက္ ရွိပါတယ္။

လီဗာပူး ကြင္းလယ္တိုက္စစ္သမား ခ်ိန္ဘာလိန္ကို ၀က္စ္ဟမ္း အသင္းက ေခၚယူလိုေနျပီး အန္းဖီးမွာ ေနရာမရတဲ့ အဂၤလန္သားကလည္း လန္ဒန္သို႔ ျပန္ဖို႔ စဥ္းစားေနပါတယ္။

အက္စတြန္ဗီလာ အသင္းဟာ ဘိုင္ယန္လီဗာကူဆင္ အသင္း တိုက္စစ္သမား လီယြန္ဘိုင္လီ အတြက္ ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ ဗဟိုခံစစ္မွဴး တြမ္ ဇီဘီ ကို ေခၚယူဖို႔ စိတ္၀င္စားေနေၾကာင္း တယ္လီဂရပ္ဖ္ သတင္းဌာနက ေဖာ္ျပထားပါတယ္။ အငွားနဲ႕ေရာ အျပီးထြက္ခြာဖို႔ပါ မၾကာခဏ ေဆြးေႏြးဖူးတဲ့ တြမ္ဇီဘီက အိုးထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ရဖို႔ ရုန္းကန္ေနရသူ ျဖစ္ပါတယ္။

အင္တာမီလန္ အသင္း စီအီးအို ေမာ္ရတ္တာကေတာ့ တိုက္စစ္မွဴး လူကာကူကို ဒီေႏြမွာ လံုး၀ ေရာငး္ခ်မွာ မဟုတ္ေၾကာင္း ထပ္မံ ေျပာဆိုသြားပါတယ္။ ဟာလန္းကို မရလို႔ ေနာက္ထပ္ တိုက္စစ္ပစ္မွတ္ ရွာေဖြေနတဲ့ ခ်ယ္ဆီးဟာ လူကာကူကိုလည္း ထည့္သြင္း စဥ္းစားခဲ့ပါတယ္။