UNICODE – ချယ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းမှ ဂျာမာန်သား တိုက်စစ်မှူး တီမိုဝါနာကို ယူရို ၅၅ သန်းဖြင့် ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေ အလိုရှိနေတဲ့ ဝါနာဟာ ဘွန်ဒက်လီဂါမှာ တောက်ပနေပြီး ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ ထိ ရထားသူပါ။ သူ့ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ယူရို ၅၅ သန်းကို ပေးဖို့ လီဗာပူး၊ ယူနိုက်တက်တို့ဘက်က တွန့်ဆုတ်နေချိန်မှာ ချယ်ဆီးဘက်က ကမ်းလှမ်းမှုကိုပေးဖို့ သဘောတူညီခဲ့တာဖြစ်တယ်။
ချယ်ဆီးဟာ ဝါနာကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိ ပေးဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ ဒါဟာ ကစားသမားရဲ့ စာချုပ် မကုန်ခင်လို့ ဆိုရမယ့် ဇွန် ၁၅ ရက် မတိုင်ခင်မှာ ချယ်ဆီးဘက်က အောင်အောင်မြင်မြင် ညိနှိုင်းနိုင်ခဲ့တာပါ။
ချယ်ဆီးဘက်က တီမိုဝါနာကို တိုက်စစ်ကို ဦးဆောင်ပေးရမယ့် ပုံမှန်ထွက်ခွင့်နဲ့ စည်းရုံးနေတာက ပရီးမီးယားလိဂ်မှာ လာကစားဖို့ အားသန်နေတဲ့ ဝါနာကို စဉ်းစားမှုတွေ ဖြစ်စေနိုင်ပါတယ်။ သူဟာ ဂျာမနီကလပ် ဘိုင်ယန်မြူနစ်ဘက်က ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့သလို မကြာသေးခင်ကပဲ ပြည်တွင်းလိဂ်မှာ အသင်းပြောင်းမယ့်အစား ပရီးမီးယားလိဂ်ကိုပဲ ပြောင်းလိုကြောင်း ထုတ်ပြောထားခဲ့သေးတယ်။
ချယ်ဆီးက စိတ်ဝင်စားထားတဲ့ ဆန်ချို၊ ဟာဗက်တို့ကို ဆက်လက် ခေါ်ယူဦးမလား စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် နွေးဈေးကွက် မတိုင်ခင်မှာ ကလပ်တွေရဲ့ ကစားသမားသစ် ခေါ်ယူရေးတွေကတော့ စတင်ကာ အသက်ဝင်လာပြီဖြစ်ပါတယ်။
ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္းမွ ဂ်ာမာန္သား တိုက္စစ္မွဴး တီမိုဝါနာကို ယူရို ၅၅ သန္းျဖင့္ ေခၚယူဖို႔ ပုဂၢိဳလ္ေရးရာ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ေတြ အလိုရွိေနတဲ့ ဝါနာဟာ ဘြန္ဒက္လီဂါမွာ ေတာက္ပေနျပီး ဒီရာသီ ျပိဳင္ပြဲစံု သြင္းဂိုး ၃၀ ထိ ရထားသူပါ။ သူ႔ရဲ႕ စာခ်ဳပ္ပါ ေျပာင္းေရႊ႔ေၾကးက ယူရို ၅၅ သန္းကို ေပးဖို႔ လီဗာပူး၊ ယူႏုိက္တက္တို႔ဘက္က တြန္႔ဆုတ္ေနခ်ိန္မွာ ခ်ယ္ဆီးဘက္က ကမ္းလွမ္းမႈကိုေပးဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္။
ခ်ယ္ဆီးဟာ ဝါနာကို တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထိ ေပးဖို႔ကိုလည္း သေဘာတူညီခဲ့ပါတယ္။ ဒါဟာ ကစားသမားရဲ႕ စာခ်ဳပ္ မကုန္ခင္လို႔ ဆိုရမယ့္ ဇြန္ ၁၅ ရက္ မတိုင္ခင္မွာ ခ်ယ္ဆီးဘက္က ေအာင္ေအာင္ျမင္ျမင္ ညိႏိႈင္းႏုိင္ခဲ့တာပါ။
ခ်ယ္ဆီးဘက္က တီမိုဝါနာကို တိုက္စစ္ကို ဦးေဆာင္ေပးရမယ့္ ပံုမွန္ထြက္ခြင့္နဲ႔ စည္းရံုးေနတာက ပရီးမီးယားလိဂ္မွာ လာကစားဖို႔ အားသန္ေနတဲ့ ဝါနာကို စဥ္းစားမႈေတြ ျဖစ္ေစႏုိင္ပါတယ္။ သူဟာ ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴနစ္ဘက္က ကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ့သလို မၾကာေသးခင္ကပဲ ျပည္တြင္းလိဂ္မွာ အသင္းေျပာင္းမယ့္အစား ပရီးမီးယားလိဂ္ကိုပဲ ေျပာင္းလိုေၾကာင္း ထုတ္ေျပာထားခဲ့ေသးတယ္။
ခ်ယ္ဆီးက စိတ္ဝင္စားထားတဲ့ ဆန္ခ်ိဳ၊ ဟာဗက္တုိ႔ကို ဆက္လက္ ေခၚယူဦးမလား ေစာင့္ၾကည့္ရမွာ ျဖစ္ေပမယ့္ ေႏြးေစ်းကြက္ မတိုင္ခင္မွာ ကလပ္ေတြရဲ႕ ကစားသမားသစ္ ေခၚယူေရးေတြကေတာ့ စတင္ကာ အသက္ဝင္လာျပီျဖစ္ပါတယ္။