အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲမရခဲ့ပေမယ့် ယူနိုက်တက် ၂-၂ ဘရန့်ဖို့ဒ် ခြေစမ်းပွဲမှ အကောင်းမြင်စရာ အချက်များ

မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ထပ် ခြေစမ်းပွဲကို တန်းတက်လာတဲ့ ဘရန့်ဖို့ဒ် အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ပရိသတ် သုံးသောင်းလောက် ရှေ့ ယှဉ်ပြိုင် ကစားခဲ့ကြပပြီး ၂ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ် အင်အားကတော့ ၂၀၂၀ မတ်လဆန်း နောက်ပိုင်း ကွင်းထဲ အများဆုံး ပြန်ဝင်လာတာပဲ ဖြစ်ပါတယ်။

ရာသီကြို ကာလ ခြေစမ်းပွဲတွေမှာ ယူနိုက်တက် နိုင်ပွဲ မရသေးပေမယ့် ဒီပွဲကတော့ အီလန်ဂါနဲ့ ပါရဲရား တို့ ဂိုးသွင်းခဲ့ပြီး အကောင်းမြင်စရာ အချက်တွေ ရှိခဲ့ပါတယ်။ ငယ်ရွယ်တဲ့ ယူနိုက်တက် လူစာရင်းဟာ စိတ်လှုပ်ရှားစရာ ပွဲကောင်း တစ်ပွဲ ကစားသွားခဲ့တာပါ။

သတင်းခေါင်းစီးမှာ ပါလာတဲ့ အီလန်ဂါ

အီလန်ဂါကတော့ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်း ယူနိုက်တက် စီနီယာအသင်းထဲ ဝင်လာပြီး ခြေစွမ်းပြခဲ့ရာ အခု ဆက်လက် တောက်ပနေပါတယ်။ ဆွီဒင်သား ဆယ်ကျော်သက် လူငယ်လေးဟာ ရာသီကြိုမှာ အများ သတိပြုမိလောက်အောင် ထပ်မံ အစွမ်းပြလာပြီး ဒီပွဲမှာ ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် လူငယ်လေးတွေရဲ့ ကောင်းမွန်တဲ့ ခြေစွမ်း

ယူနိုက်တက်ရဲ့ လူငယ်ကစားသမားတွေက စနေနေ့က ကျူပီအာကို ၄ ဂိုး ပေးလိုက်ရတဲ့ ပွဲ အပြီးမှာ ရှေ့ထွက် အစွမ်းပြလာခဲ့တာပါ။ ဒါပေမယ့် ဆိုးရှားက ခံစစ်ကြောင်းကိုတော့ အရင်ပွဲက အတိုင်းသာ သုံးသွားပါတယ်။ ချန်ပီယံရှစ် ကလပ်တွေ တော်တော်များများ အငှားခေါ်ချင်နေကြတဲ့ တီဒန် မန်ဒီ ဟာ ဗဟိုခံစစ်ကနေ တည်ငြိမ်စွာ အစွမ်းပြခဲ့ပါတယ်။

မန်ဒီက သူ့ထက် ပို အတွေ့အကြုံ ရှိတဲ့ တွမ်ဇီဘီနဲ့ တွဲဖက် ကစားခဲ့တာ ဖြစ်ပြီး ဘရန်ဒန် ဝီလီယံလည်း ဘယ်စွန်က ပါဝင်ခဲ့ပါတယ်။ အီလန်ဂါက ဂရင်းဝုဒ်နဲ့ အတူ တိုက်စစ်မှာ တွဲ ခြေစွမ်းပြခဲ့သလို ဒုတိယပိုင်းမှာ ဂျိမ်းစ် ဂါနာ၊ ရှော်တဲယား၊ ပယ်လစ္စထရီ၊ မာ့ချ်ဘီတို့ ဝင်ကစားခဲ့ပါတယ်။

ဈေးဝယ်ထွက်မလား ကစားသမားတွေကို အခွင့်အရေး ပေးမလား

လူငယ် ကစားသမားတွေက အငှားထွက်ကစားဖို့ ရှာဖွေတာတွေ ရှိနေသလို စီနီယာ ကစားသမား တချို့ကလည်း အသင်း အတွက် နောက်ဆုံး အခွင့်အရေးလို ကစားနေရတာတွေ ရှိပါတယ်။ သတိပြုမိလောက်တာကတော့ လင်ဂတ်နဲ့ ပါရဲရားတို့ပါ။

ပြီးခဲ့တဲ့ရာသီက အငှားထွက်ကစားကြသူတွေ ဖြစ်ပြီး လင်ဂတ်က ဒီရာသီကြိုမှာ သိသိသာသာ အားထုတ် ခြေစွမ်းပြနေပါတယ်။ ဘရာဇီးသားကွင်းလယ်သမား ပါရဲရားကလည်း ဒီခြေစမ်းပွဲမှာ လှပတဲ့ ဂိုး တစ်ဂိုး သွင်းယူခဲ့ပါတယ်။

ပုံစံကျလာတဲ့ နည်းဗျူဟာ အခင်းအကျင်း

ယူနိုက်တက်ဟာ ရာသီကြို ပွဲတွေမှာ 4-2-3-1 အခင်းအကျင်းနဲ့ ယှဉ်ပြိုင် ကစားနေတာ ဖြစ်ပါတယ်။ ကစားသမား အပြောင်းအလဲတွေ ရှိနိုင်ပေမယ့် နည်းပြက ဒီပုံစံနဲ့ပဲ ရာသီသစ်ကို ယှဉ်ပြိုင်သွားဖွယ် ရှိနေပါတယ်။

ကာဗာနီက တိုက်စစ်မှာ ဦးဆောင်မှာ ဖြစ်ပြီး ကွင်းလယ်မှာတော့ ဖရက်နဲ့ စကော့ တော်မီနေးတို့ ထပ်မံ အထိုင်ချဖွယ် ရှိပါတယ်။ ပွဲကစားချိန် နည်းရင်တောင် ဆိုးရှားက သူ့ ကစားသမားတွေကို အသင်းမှာ ထိန်းထားပြီး လိုတဲ့ချိန် သုံးနိုင်ဖို့ ရည်ရွယ်ဟန် ရှိပါတယ်။ ဖာနန်ဒက်စ်ကတော့ ရာသီသစ်မှာလည်း အဓိက ကျလာဦးမှာပါ။

ကစားသမားကောင်းတွေ အများကြီး လာဖို့ ကျန်နေခြင်း

နိုင်ငံအသင်းတွေနဲ့ ကစားထားတဲ့ ယူနိုက်တက် စီနီယာ ကြယ်ပွင့်တွေဟာ အခုထိ အသင်း ရာသီကြို ထရိန်နင်ကို မပူးပေါင်းနိုင်သေးပါဘူး။ မေလထဲ ဗီလာရီးရဲလ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားခဲ့တဲ့ အသင်းက ဆိုရင် ဘစ်ဆာကာနဲ့ ဂရင်းဝုဒ် နှစ်ယောက်သာ ထရိန်နင်မှာ ပါဝင်သေးတာပါ။

မက်ဂွဲရား၊ လုခ်ရှော၊ ရက်ဖို့ဒ်၊ ဖရက်၊ ကာဗာနီ၊ တော်မီနေး၊ ဒီဂီယာ၊ ဒါလော့၊ လင်ဒီလော့ဖ်၊ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ရာသီကြိုမှာ အခုထိ မပါဝင်ရသေးသလို အသစ် ရောက်လာတဲ့ တိုက်စစ်ကြယ်ပွင့် ဂျေဒန် ဆန်ချိုနဲ့ ဗာရိန်းတို့လည်း ရှိပါဦးမယ်။

ဒီယာလိုနဲ့ ဘိုင်လီတို့က တိုကျို အိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်နေပြီး ဒင်းဟန်ဒါဆန်နဲ့ အဲလက်စ် တဲလက်စ်တို့က ဒဏ်ရာကန ပြန်လာနေဆဲ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ေနာက္ထပ္ ေျခစမ္းပြဲကို တန္းတက္လာတဲ့ ဘရန္႔ဖို႔ဒ္ အသင္းနဲ႕ အိုးထရက္ဖို႔ဒ္မွာ ပရိသတ္ သံုးေသာင္းေလာက္ ေရွ႕ ယွဥ္ျပိဳင္ ကစားခဲ့ၾကပျပီး ၂ဂိုးစီ သေရက်သြားခဲ့ပါတယ္။ ယူနုိက္တက္ ပရိသတ္ အင္အားကေတာ့ ၂၀၂၀ မတ္လဆန္း ေနာက္ပိုင္း ကြင္းထဲ အမ်ားဆံုး ျပန္၀င္လာတာပဲ ျဖစ္ပါတယ္။

ရာသီၾကိဳ ကာလ ေျခစမ္းပြဲေတြမွာ ယူနိုက္တက္ နုိင္ပြဲ မရေသးေပမယ့္ ဒီပြဲကေတာ့ အီလန္ဂါနဲ႕ ပါရဲရား တို႔ ဂိုးသြင္းခဲ့ျပီး အေကာင္းျမင္စရာ အခ်က္ေတြ ရွိခဲ့ပါတယ္။ ငယ္ရြယ္တဲ့ ယူနိုက္တက္ လူစာရင္းဟာ စိတ္လႈပ္ရွားစရာ ပြဲေကာင္း တစ္ပြဲ ကစားသြားခဲ့တာပါ။

သတင္းေခါင္းစီးမွာ ပါလာတဲ့ အီလန္ဂါ

အီလန္ဂါကေတာ့ ျပီးခဲ့တဲ့ရာသီေနွာင္းပိုင္း ယူနိုက္တက္ စီနီယာအသင္းထဲ ၀င္လာျပီး ေျခစြမ္းျပခဲ့ရာ အခု ဆက္လက္ ေတာက္ပေနပါတယ္။ ဆြီဒင္သား ဆယ္ေက်ာ္သက္ လူငယ္ေလးဟာ ရာသီၾကိဳမွာ အမ်ား သတိျပဳမိေလာက္ေအာင္ ထပ္မံ အစြမ္းျပလာျပီး ဒီပြဲမွာ ဂိုးပါ သြင္းယူနုိင္ခဲ့ပါတယ္။

ယူနိုက္တက္ လူငယ္ေလးေတြရဲ႕ ေကာင္းမြန္တဲ့ ေျခစြမ္း

ယူနိုက္တက္ရဲ႕ လူငယ္ကစားသမားေတြက စေနေန႔က က်ဴပီအာကို ၄ ဂိုး ေပးလိုက္ရတဲ့ ပြဲ အျပီးမွာ ေရွ႕ထြက္ အစြမ္းျပလာခဲ့တာပါ။ ဒါေပမယ့္ ဆိုးရွားက ခံစစ္ေၾကာင္းကိုေတာ့ အရင္ပြဲက အတိုင္းသာ သံုးသြားပါတယ္။ ခ်န္ပီယံရွစ္ ကလပ္ေတြ ေတာ္ေတာ္မ်ားမ်ား အငွားေခၚခ်င္ေနၾကတဲ့ တီဒန္ မန္ဒီ ဟာ ဗဟိုခံစစ္ကေန တည္ျငိမ္စြာ အစြမ္းျပခဲ့ပါတယ္။

မန္ဒီက သူ႔ထက္ ပို အေတြ႔အၾကံဳ ရွိတဲ့ တြမ္ဇီဘီနဲ႕ တြဲဖက္ ကစားခဲ့တာ ျဖစ္ျပီး ဘရန္ဒန္ ၀ီလီယံလည္း ဘယ္စြန္က ပါ၀င္ခဲ့ပါတယ္။ အီလန္ဂါက ဂရင္း၀ုဒ္နဲ႕ အတူ တိုက္စစ္မွာ တြဲ ေျခစြမ္းျပခဲ့သလို ဒုတိယပိုင္းမွာ ဂ်ိမ္းစ္ ဂါနာ၊ ေရွာ္တဲယား၊ ပယ္လစၥထရီ၊ မာ့ခ်္ဘီတို႔ ၀င္ကစားခဲ့ပါတယ္။

ေစ်း၀ယ္ထြက္မလား ကစားသမားေတြကို အခြင့္အေရး ေပးမလား

လူငယ္ ကစားသမားေတြက အငွားထြက္ကစားဖုိ႔ ရွာေဖြတာေတြ ရွိေနသလို စီနီယာ ကစားသမား တခ်ိဳ႕ကလည္း အသင္း အတြက္ ေနာက္ဆံုး အခြင့္အေရးလို ကစားေနရတာေတြ ရွိပါတယ္။ သတိျပဳမိေလာက္တာကေတာ့ လင္ဂတ္နဲ႕ ပါရဲရားတို႔ပါ။

ျပီးခဲ့တဲ့ရာသီက အငွားထြက္ကစားၾကသူေတြ ျဖစ္ျပီး လင္ဂတ္က ဒီရာသီၾကိဳမွာ သိသိသာသာ အားထုတ္ ေျခစြမ္းျပေနပါတယ္။ ဘရာဇီးသားကြင္းလယ္သမား ပါရဲရားကလည္း ဒီေျခစမ္းပြဲမွာ လွပတဲ့ ဂိုး တစ္ဂိုး သြင္းယူခဲ့ပါတယ္။

ပံုစံက်လာတဲ့ နည္းဗ်ဴဟာ အခင္းအက်င္း

ယူနိုက္တက္ဟာ ရာသီၾကိဳ ပြဲေတြမွာ 4-2-3-1 အခင္းအက်င္းနဲ႕ ယွဥ္ျပိဳင္ ကစားေနတာ ျဖစ္ပါတယ္။ ကစားသမား အေျပာင္းအလဲေတြ ရွိနုိင္ေပမယ့္ နည္းျပက ဒီပံုစံနဲ႕ပဲ ရာသီသစ္ကို ယွဥ္ျပိဳင္သြားဖြယ္ ရွိေနပါတယ္။

ကာဗာနီက တိုက္စစ္မွာ ဦးေဆာင္မွာ ျဖစ္ျပီး ကြင္းလယ္မွာေတာ့ ဖရက္နဲ႕ စေကာ့ ေတာ္မီေနးတို႔ ထပ္မံ အထိုင္ခ်ဖြယ္ ရွိပါတယ္။ ပြဲကစားခ်ိန္ နည္းရင္ေတာင္ ဆိုးရွားက သူ႔ ကစားသမားေတြကို အသင္းမွာ ထိန္းထားျပီး လိုတဲ့ခ်ိန္ သံုးနုိင္ဖို႔ ရည္ရြယ္ဟန္ ရွိပါတယ္။ ဖာနန္ဒက္စ္ကေတာ့ ရာသီသစ္မွာလည္း အဓိက က်လာဦးမွာပါ။

ကစားသမားေကာင္းေတြ အမ်ားၾကီး လာဖို႔ က်န္ေနျခင္း

နုိင္ငံအသင္းေတြနဲ႕ ကစားထားတဲ့ ယူနိုက္တက္ စီနီယာ ၾကယ္ပြင့္ေတြဟာ အခုထိ အသင္း ရာသီၾကိဳ ထရိန္နင္ကို မပူးေပါင္းနုိင္ေသးပါဘူး။ ေမလထဲ ဗီလာရီးရဲလ္နဲ႕ ယူရိုပါလိဂ္ ဗိုလ္လုပြဲ ကစားခဲ့တဲ့ အသင္းက ဆိုရင္ ဘစ္ဆာကာနဲ႕ ဂရင္း၀ုဒ္ နွစ္ေယာက္သာ ထရိန္နင္မွာ ပါ၀င္ေသးတာပါ။

မက္ဂြဲရား၊ လုခ္ေရွာ၊ ရက္ဖို႕ဒ္၊ ဖရက္၊ ကာဗာနီ၊ ေတာ္မီေနး၊ ဒီဂီယာ၊ ဒါေလာ့၊ လင္ဒီေလာ့ဖ္၊ ဘရူနို ဖာနန္ဒက္စ္တို႔ဟာ ရာသီၾကိဳမွာ အခုထိ မပါ၀င္ရေသးသလို အသစ္ ေရာက္လာတဲ့ တိုက္စစ္ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳနဲ႕ ဗာရိန္းတို႔လည္း ရွိပါဦးမယ္။

ဒီယာလိုနဲ႕ ဘိုင္လီတို႔က တိုက်ိဳ အိုလံပစ္မွာ ပါ၀င္ယွဥ္ျပိဳင္ေနျပီး ဒင္းဟန္ဒါဆန္နဲ႕ အဲလက္စ္ တဲလက္စ္တို႔က ဒဏ္ရာကန ျပန္လာေနဆဲ ျဖစ္ပါတယ္။