မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာနဲ့ အိုးထရက်ဖို့ဒ်မှာ ပထမတစ်နှစ် အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ပိုလန်သား ဂိုးသမားဟောင်းကြီး Tomasz Kuszczak ကတော့ စပိန်သားဟာ အသင်းထရိန်နင်မှာ စပိုက်ဒါမန်းလို လေ့ကျင့်နေသူ ဖြစ်ပြီး သူ့အလုပ်သူ အကောင်းဆုံး လုပ်တတ်တဲ့ အသင်းသား ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
ဒီဂီယာက ယူနိုက်တက်ထံ ၂၀၁၁ နွေမှာ အက်သလက်တီကို မက်ဒရစ်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ပွဲထွက်နေရာကို အပိုင်သိမ်းထားခဲ့ပါတယ်။ စပိန်သားဟာ အမှားများတဲ့ ပြီးခဲ့တဲ့နှစ်က ဘောလုံးရာသီလည်း ကြုံတွေ့ခဲ့ရပြီး ဝေဖန်မှုတွေ ခံယူခဲ့ရပါသေးတယ်။
စပိန်သားရဲ့ အရည်အချင်းကို သံသယရှိသူတွေ ရှိလာပေမယ့် အသင်းဖော်ဟောင်း Kuszczak ကတော့ ဒီဂီယာဟာ သူ့အလုပ်သူ အကောင်းဆုံး ဆရာကျကျ လုပ်နိုင်သူလို့ ထောကခံလိုက်ပါတယ်။
” ကျနော် ဒီဂီယာနဲ့ တစ်နှစ်လောက် တူတူ လေ့ကျင့်ဖူးတယ်။ တစ်ယောက်ယောက် ဂိုး ထိပ်ထောင့်ထဲ အပိုင် ကန်သွင်းလိုက်ရင်တော့ သူက ဘယ်ကနေ ဘယ်လို ထွက်လာမှန်းမသိဘဲ ပျံဝဲပြီး ဂိုး ကာကွယ်တာတွေ ကျနော် ကြည့်ရရဖူးပါတယ်။ တကယ့် စပိုက်ဒါမန်းလိုပဲ။ ကျနော်ဆို ဝိုး ဘယ်လို ကောင်လဲ ဆိုပြီး အံ့အားတသင့် ဖြစ်နေခဲ့ရတယ်။ သူက ပါဝါ အပြည့်ရှိတယ် လျင်မြန်တယ် တကယ့် ထိပ်သီး ကစားသမားပါ။
ဒါပေမယ့် အမှားအယွင်း ဆိုတာ ရှိမှာပဲ။ ကျနော်တို့ အားလုံးလည်း အမှား လုပ်ဖူးကြတယ်။ ဒီဂီယာက သူ့ အရည်အချင်းကို နှစ်အကြာကြီး သက်သေပြလာတဲ့ သူပါ။ ပြီးခဲ့တဲ့ ၈နှစ် ၉နှစ်လောက်မှာ သူ လုပ်ပြခဲ့တာတွေက မယုံနိုင်စရာပါပဲ။ ဆာအဲလက်စ် ထွက်ခွာသွားတဲ့နောက်မှာ ကလပ်က အပြောင်းအလဲတွေ ရှိလာခဲ့တယ်။ ဒေးဗစ် (ဒီဂီယာ) က အဲဒီမှာ တကယ့် ဖိအားကြီး တစ်ရပ် အောက်ကို ရောက်ခဲ့တာပါ။
ပွဲတိုင်းလိုလိုမှာ သူက တကယ့် ကာကွယ်မှုကောင်းတွေ လုပ်ခဲ့သူပါ။ သူက တကယ့်ကို မယုံနိုင်လောက်စရာနဲ့ အကောင်းဆုံး ဂိုးသမား တစ်ဦး ဖြစ်တယ်။ ကျနော်ကတော့ ဒါကို သံသယ လုံး၀ မရှိဘူး။ ” လို့ Kuszczak က ဒီဂီယာကို ချီးကျူးခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဂိုးသမား ဒီဂီယာနဲ႕ အိုးထရက္ဖို႔ဒ္မွာ ပထမတစ္နွစ္ အတူ အလုပ္လုပ္ခဲ့ဖူးတဲ့ ပိုလန္သား ဂိုးသမားေဟာင္းၾကီး Tomasz Kuszczak ကေတာ့ စပိန္သားဟာ အသင္းထရိန္နင္မွာ စပိုက္ဒါမန္းလို ေလ့က်င့္ေနသူ ျဖစ္ျပီး သူ႔အလုပ္သူ အေကာင္းဆံုး လုပ္တတ္တဲ့ အသင္းသား ျဖစ္ေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။
ဒီဂီယာက ယူနုိက္တက္ထံ ၂၀၁၁ ေႏြမွာ အက္သလက္တီကို မက္ဒရစ္ကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉ သန္းနဲ႕ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး အသင္းရဲ႕ ပြဲထြက္ေနရာကို အပိုင္သိမ္းထားခဲ့ပါတယ္။ စပိန္သားဟာ အမွားမ်ားတဲ့ ျပီးခဲ့တဲ့နွစ္က ေဘာလံုးရာသီလည္း ၾကံဳေတြ႔ခဲ့ရျပီး ေ၀ဖန္မႈေတြ ခံယူခဲ့ရပါေသးတယ္။
စပိန္သားရဲ႕ အရည္အခ်င္းကို သံသယရွိသူေတြ ရွိလာေပမယ့္ အသင္းေဖာ္ေဟာင္း Kuszczak ကေတာ့ ဒီဂီယာဟာ သူ႔အလုပ္သူ အေကာင္းဆံုး ဆရာက်က် လုပ္နုိင္သူလို႔ ေထာကခံလိုက္ပါတယ္။
” က်ေနာ္ ဒီဂီယာနဲ႕ တစ္နွစ္ေလာက္ တူတူ ေလ့က်င့္ဖူးတယ္။ တစ္ေယာက္ေယာက္ ဂိုး ထိပ္ေထာင့္ထဲ အပိုင္ ကန္သြင္းလိုက္ရင္ေတာ့ သူက ဘယ္ကေန ဘယ္လို ထြက္လာမွန္းမသိဘဲ ပ်ံ၀ဲျပီး ဂိုး ကာကြယ္တာေတြ က်ေနာ္ ၾကည့္ရရဖူးပါတယ္။ တကယ့္ စပိုက္ဒါမန္းလိုပဲ။ က်ေနာ္ဆို ၀ိုး ဘယ္လုိ ေကာင္လဲ ဆိုျပီး အံ့အားတသင့္ ျဖစ္ေနခဲ့ရတယ္။ သူက ပါ၀ါ အျပည့္ရွိတယ္ လ်င္ျမန္တယ္ တကယ့္ ထိပ္သီး ကစားသမားပါ။
ဒါေပမယ့္ အမွားအယြင္း ဆိုတာ ရွိမွာပဲ။ က်ေနာ္တို႔ အားလံုးလည္း အမွား လုပ္ဖူးၾကတယ္။ ဒီဂီယာက သူ႔ အရည္အခ်င္းကို နွစ္အၾကာၾကီး သက္ေသျပလာတဲ့ သူပါ။ ျပီးခဲ့တဲ့ ၈နွစ္ ၉နွစ္ေလာက္မွာ သူ လုပ္ျပခဲ့တာေတြက မယံုနိုင္စရာပါပဲ။ ဆာအဲလက္စ္ ထြက္ခြာသြားတဲ့ေနာက္မွာ ကလပ္က အေျပာင္းအလဲေတြ ရွိလာခဲ့တယ္။ ေဒးဗစ္ (ဒီဂီယာ) က အဲဒီမွာ တကယ့္ ဖိအားၾကီး တစ္ရပ္ ေအာက္ကို ေရာက္ခဲ့တာပါ။
ပြဲတိုင္းလိုလိုမွာ သူက တကယ့္ ကာကြယ္မႈေကာင္းေတြ လုပ္ခဲ့သူပါ။ သူက တကယ့္ကို မယံုနိုင္ေလာက္စရာနဲ႕ အေကာငး္ဆံုး ဂိုးသမား တစ္ဦး ျဖစ္တယ္။ က်ေနာ္ကေတာ့ ဒါကို သံသယ လံုး၀ မရွိဘူး။ ” လို႔ Kuszczak က ဒီဂီယာကို ခ်ီးက်ဴးခဲ့ပါတယ္။