ဘိုင်ယန်မြူးနစ် မန်နေဂျာသစ် နေဂဲလ်စမန်းက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့တွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်လူ ဂေါ်ရက်စကာရဲ့ သက်တမ်းတိုးကိစ္စအပေါ် ယုံကြည်ချက် ရှိနေပါတယ်။
ဘိုင်ယန်နဲ့ စာချုပ် နောက်ဆုံး ၁၂ လကို ရောက်လာခဲ့ပြီဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ဂျာမာန်သား ကွင်းလယ်လူကို သက်တမ်းတိုးရေး မအောင်မြင်တော့ရင် ၂၀၂၂ မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးရမှာပါ။ ဂေါ်ရက်စကာရဲ့ နောက်ထပ်ကလပ်ဟာ ယူနိုက်တက်ဖြစ်လာမယ်လို့ သတင်းတွေ ကြီးနေခဲ့ပေမယ့် အဲ့လိုကိစ္စ ဖြစ်လာမှာ မဟုတ်ဘူးလို့ နေဂဲလ်စမန်းက ယုံကြည်နေပါတယ်။
ဂေါ်ရက်စကာနဲ့ စာချုပ်သစ်ကိစ္စ စကားပြောနေမှု အခြေအနေကို မေးမြန်းခံရချိန်မှာ နေဂဲလ်စမန်းက ” ဒီကိစ္စတွေမှာ ကျနော်ပါမှာ မဟုတ်ဘူးလို့ ပြောပြီးသားပါ။ စာချုပ်ကိစ္စတွေမှာ ကျနော်ကတော့ ဘေးထွက်ထိုင်နေမှာ ဖြစ်ပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့တယ်။
ဒီသီတင်းပတ်ထဲမှာ ဘိုင်ယန်နဲ့ သက်တမ်းတိုးမှု မအောင်မြင်သေးတဲ့ ဂေါ်ရက်စကာကို ယူနိုက်တက်က ခေါ်ယူလိုတဲ့ သတင်းတွေလည်း ကျယ်ပြန့်နေပါတယ်။ ဘိုင်ယန်မြူးနစ် မန်နေဂျာကတော့ ကောလဟာလတွေဟာ အမြဲတမ်း ပါဝင်လာနိုင်တဲ့ကိစ္စဖြစ်ပြီး ကွင်းလယ်လူက အသင်းနဲ့ သက်တမ်းတိုးမယ်လို့ ယုံကြည်နေပါတယ်။
နေဂဲလ်စမန်းကပဲ ” ဂေါ်ရက်စကာကို သူနဲ့ ပက်သက်ပြီး ကျနော်ရဲ့ အစီအစဉ်က ဘာတွေလဲဆိုတာမျိုးကိုတော့ ပြောပြထားတာပေါ့ဗျာ။ အသင်းနဲ့ သူသက်တမ်းတိုးမယ်ဆိုရင် ကျနော် ပျော်ရွှင်မိမယ်ဆိုတာကိုပေါ့။ သူ သက်တမ်းတိုးမယ်လို့လည်း ကျနော်ကတော့ ယုံကြည်ချက် ရှိနေပါတယ်။ သက်တမ်းတိုးကိစ္စ ဆွေးနွေးချိန်မှာ အချို့သော သတင်းစကားမျိုးတွေကတော့ ပါဝင်လာတတ်တာပါပဲ။
အားကစားကိစ္စဘက်မှာပဲ ကျနော် ဆက်ပြီး အာရုံစိုက်နေမှာပါ။ သူက ဥရောပရဲ့ အန္တရာယ်အရှိဆုံး ကွင်းလယ်လူတွေထဲ ပါဝင်သွားနိုင်တယ်ဆိုတာကိုပဲ ပြသမှာပါ။ သူက ပိုကောင်းလာဖို့အတွက် အလားအလာတွေ ရှိထားတာဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI – ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာသစ္ ေနဂဲလ္စမန္းက ယူႏုိက္တက္နဲ႔ အေျပာင္းအေရႊ႔ေတြ ထြက္ေပၚေနတဲ့ ကြင္းလယ္လူ ေဂၚရက္စကာရဲ႕ သက္တမ္းတိုးကိစၥအေပၚ ယံုၾကည္ခ်က္ ရွိေနပါတယ္။
ဘိုင္ယန္နဲ႔ စာခ်ဳပ္ ေနာက္ဆံုး ၁၂ လကို ေရာက္လာခဲ့ျပီျဖစ္တဲ့ အသက္ ၂၆ ႏွစ္အရြယ္ ဂ်ာမာန္သား ကြင္းလယ္လူကို သက္တမ္းတိုးေရး မေအာင္ျမင္ေတာ့ရင္ ၂၀၂၂ မွာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ေပးရမွာပါ။ ေဂၚရက္စကာရဲ႕ ေနာက္ထပ္ကလပ္ဟာ ယူႏုိက္တက္ျဖစ္လာမယ္လို႔ သတင္းေတြ ၾကီးေနခဲ့ေပမယ့္ အဲ့လိုကိစၥ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ေနဂဲလ္စမန္းက ယံုၾကည္ေနပါတယ္။
ေဂၚရက္စကာနဲ႔ စာခ်ဳပ္သစ္ကိစၥ စကားေျပာေနမႈ အေျခအေနကို ေမးျမန္းခံရခ်ိန္မွာ ေနဂဲလ္စမန္းက ” ဒီကိစၥေတြမွာ က်ေနာ္ပါမွာ မဟုတ္ဘူးလို႔ ေျပာျပီးသားပါ။ စာခ်ဳပ္ကိစၥေတြမွာ က်ေနာ္ကေတာ့ ေဘးထြက္ထိုင္ေနမွာ ျဖစ္ပါတယ္။ ” ဆိုျပီး ေျပာဆိုခဲ့တယ္။
ဒီသီတင္းပတ္ထဲမွာ ဘိုင္ယန္နဲ႔ သက္တမ္းတိုးမႈ မေအာင္ျမင္ေသးတဲ့ ေဂၚရက္စကာကို ယူႏုိက္တက္က ေခၚယူလိုတဲ့ သတင္းေတြလည္း က်ယ္ျပန္႔ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာကေတာ့ ေကာလဟာလေတြဟာ အျမဲတမ္း ပါဝင္လာႏုိင္တဲ့ကိစၥျဖစ္ျပီး ကြင္းလယ္လူက အသင္းနဲ႔ သက္တမ္းတိုးမယ္လို႔ ယံုၾကည္ေနပါတယ္။
ေနဂဲလ္စမန္းကပဲ ” ေဂၚရက္စကာကို သူနဲ႔ ပက္သက္ျပီး က်ေနာ္ရဲ႕ အစီအစဥ္က ဘာေတြလဲဆိုတာမ်ိဳးကိုေတာ့ ေျပာျပထားတာေပါ့ဗ်ာ။ အသင္းနဲ႔ သူသက္တမ္းတိုးမယ္ဆိုရင္ က်ေနာ္ ေပ်ာ္ရႊင္မိမယ္ဆိုတာကိုေပါ့။ သူ သက္တမ္းတိုးမယ္လို႔လည္း က်ေနာ္ကေတာ့ ယံုၾကည္ခ်က္ ရွိေနပါတယ္။ သက္တမ္းတုိးကိစၥ ေဆြးေႏြးခ်ိန္မွာ အခ်ိဳ႔ေသာ သတင္းစကားမ်ိဳးေတြကေတာ့ ပါဝင္လာတတ္တာပါပဲ။
အားကစားကိစၥဘက္မွာပဲ က်ေနာ္ ဆက္ျပီး အာရံုစိုက္ေနမွာပါ။ သူက ဥေရာပရဲ႕ အႏၱရာယ္အရွိဆံုး ကြင္းလယ္လူေတြထဲ ပါဝင္သြားႏုိင္တယ္ဆိုတာကိုပဲ ျပသမွာပါ။ သူက ပိုေကာင္းလာဖို႔အတြက္ အလားအလာေတြ ရွိထားတာျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။
