ယူနိုက်တက် ပစ်မှတ် The Octopus နဲ့ပတ်သတ်ပြီး အေးဂျင့် အတည်ပြု ပြောဆိုလာ

ဘင်ဖီကာ အသင်းမှ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေပြီး ယူနိုက်တက်၊ အေစီမီလန်နဲ့ ရီးရဲလ်ဘက်တစ်၊ လီဗာကူဆင် တို့ကတော့ သိသိသာသာ ချဉ်းကပ်နေကြပါတယ်။

The Octopus – ရေဘဝဲလေးလို့ နာမည်ကျော်တဲ့ လူငယ်လေးရဲ့ အေးဂျင့် ဖြစ်သူကတော့ သူ့ ကစားသမားအကြောင်း အတည်ပြု ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘင်ဖီကာ လူငယ်လေး ဖလိုရန်တီနို လူးဝစ် ဟာ သူ့ရဲ့ ထူးချွန်တဲ့ ခြေစွမ်း ကျွမ်းကျင်မှုတွေကြောင့် ပေါ်တူဂီမှာ နာမည်ကျော်နေပြီး တန်ကြေးကလည်း တရိပ်ရိပ် တက်နေသူလေး ဖြစ်ပါတယ်။

အလားအလာကောင်းတွေ ရှိနေတဲ့ ဖလိုရန်တီနို ကို လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ တရားဝင် ချဉ်းကပ် ချိတ်ဆက်မှုတွေ လက်ခံရရှိထားကြောင်း ၎င်းရဲ့ အေးဂျင့် ဘရူနို ကာဗယ်ဟိုက ပြောဆိုခဲ့ပါတယ်။

” ဖလိုရန်တီနို က ဥရောပမှာ ဆိုရင် အလားအလာ အကောင်းဆုံး သတ်မှတ်ခံရတဲ့ ကွင်းလယ်ခံစစ်သမားလေး ဖြစ်တယ်။ ဒီတော့ အခုဆို သူ့ကို စိတ်ဝင်စားမှု ပြသနေတဲ့ အသင်းတွေ တော်တော်များများ ရှိတယ်။ မီလန်နဲ့လည်း သတင်းတွေ့ တော်တော် ထွက်နေတယ်။ ဒါပေမယ့် ကျနော် ပြောနိုင်တာက သူ့ကို ခေါ်ယူဖို့ ပြိုင်ဆိုင် ချိတ်ဆက်ထားတဲ့ အသင်းတွေကို အများကြီး ရှိတယ်။ အင်္ဂလန်က ကလပ်တွေရော ဂျာမနီ၊ စပိန်ကလည်း ပါတယ်။ ” လို့ အေးဂျင့် ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

ဖလိုရန်တီနို ရဲ့ ဘင်ဖီကာနဲ့ လက်ရှိ စာချုပ်က ၂၀၂၄ ထိ ရှိနေပြီး ပေါ်တူဂီထိပ်သီးကလပ်ကတော့ ၎င်းတို့ ခြေစွမ်းထက် လူငယ်လေးကို နောက်ထပ် ကာလရှည် စာချုပ်ပါ ထပ်မံ ချုပ်ထားချင်နေပါတယ်။ ဒါပေမယ့် ကစားသမား လက်ခံလောက်အောင် စည်းရုံးနိုင်တဲ့ ခံစားခွင့် အများအပြား ကမ်းလှမ်းမှုမျိုးတော့ မပေးနိုင်သေးဘဲ ရှိနေတာပါ။

ဖလိုရန်တီနို ကို အလိုရှိတဲ့ အသင်းတွေ အနေနဲ့ ဘင်ဖီကာ ကျေနပ်လောက်တဲ့ ပြောင်းရွှေ့ကြေး များများပေး ကမ်းလှမ်းရင်တော့ အကြပ်အတည်း ရှိနေတဲ့ ကလပ်အသင်း အနေနဲ့ လက်ခံလောက်ဖွယ် ရှိပြီး ယူနိုက်တက်နဲ့ မီလန်တို့ကတော့ Octopus ကို ရဖို့ အလေးအသာဆုံး ရှိနေပါတယ်။

Zawgyi – ဘင္ဖီကာ အသင္းမွ အသက္ ၂၀ အရြယ္ ကြင္းလယ္ကစားသမားကို စိတ္၀င္တစား ေစာင့္ၾကည့္ေနတဲ့ ကလပ္အသင္းေတြ အမ်ားအျပား ရွိေနျပီး ယူနိုက္တက္၊ ေအစီမီလန္နဲ႕ ရီးရဲလ္ဘက္တစ္၊ လီဗာကူဆင္ တို႔ကေတာ့ သိသိသာသာ ခ်ဥ္းကပ္ေနၾကပါတယ္။

The Octopus – ေရဘ၀ဲေလးလို႔ နာမည္ေက်ာ္တဲ့ လူငယ္ေလးရဲ႕ ေအးဂ်င့္ ျဖစ္သူကေတာ့ သူ႔ ကစားသမားအေၾကာင္း အတည္ျပဳ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဘင္ဖီကာ လူငယ္ေလး ဖလိုရန္တီနို လူး၀စ္ ဟာ သူ႔ရဲ႕ ထူးခၽြန္တဲ့ ေျခစြမ္း ကၽြမ္းက်င္မႈေတြေၾကာင့္ ေပၚတူဂီမွာ နာမည္ေက်ာ္ေနျပီး တန္ေၾကးကလည္း တရိပ္ရိပ္ တက္ေနသူေလး ျဖစ္ပါတယ္။

အလားအလာေကာင္းေတြ ရွိေနတဲ့ ဖလိုရန္တီနို ကို လာမယ့္ အေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ တရား၀င္ ခ်ဥ္းကပ္ ခ်ိတ္ဆက္မႈေတြ လက္ခံရရွိထားေၾကာင္း ၄င္းရဲ႕ ေအးဂ်င့္ ဘရူနို ကာဗယ္ဟိုက ေျပာဆိုခဲ့ပါတယ္။

” ဖလိုရန္တီနို က ဥေရာပမွာ ဆိုရင္ အလားအလာ အေကာင္းဆံုး သတ္မွတ္ခံရတဲ့ ကြင္းလယ္ခံစစ္သမားေလး ျဖစ္တယ္။ ဒီေတာ့ အခုဆို သူ႔ကို စိတ္၀င္စားမႈ ျပသေနတဲ့ အသင္းေတြ ေတာ္ေတာ္မ်ားမ်ား ရွိတယ္။ မီလန္နဲ႕လည္း သတင္းေတြ႕ ေတာ္ေတာ္ ထြက္ေနတယ္။ ဒါေပမယ့္ က်ေနာ္ ေျပာနုိင္တာက သူ႔ကို ေခၚယူဖို႔ ျပိဳင္ဆိိုင္ ခ်ိတ္ဆက္ထားတဲ့ အသင္းေတြကို အမ်ားၾကီး ရွိတယ္။ အဂၤလန္က ကလပ္ေတြေရာ ဂ်ာမနီ၊ စပိန္ကလည္း ပါတယ္။ ” လို႔ ေအးဂ်င့္ ျဖစ္သူက အတည္ျပဳခဲ့ပါတယ္။

ဖလိုရန္တီနို ရဲ႕ ဘင္ဖီကာနဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၄ ထိ ရွိေနျပီး ေပၚတူဂီထိပ္သီးကလပ္ကေတာ့ ၄င္းတို႔ ေျခစြမ္းထက္ လူငယ္ေလးကို ေနာက္ထပ္ ကာလရွည္ စာခ်ဳပ္ပါ ထပ္မံ ခ်ဳပ္ထားခ်င္ေနပါတယ္။ ဒါေပမယ့္ ကစားသမား လက္ခံေလာက္ေအာင္ စည္းရံုးနုိင္တဲ့ ခံစားခြင့္ အမ်ားအျပား ကမ္းလွမ္းမႈမ်ိဳးေတာ့ မေပးနုိင္ေသးဘဲ ရွိေနတာပါ။

ဖလိုရန္တီနို ကို အလိုရွိတဲ့ အသင္းေတြ အေနနဲ႕ ဘင္ဖီကာ ေက်နပ္ေလာက္တဲ့ ေျပာင္းေရႊ႕ေၾကး မ်ားမ်ားေပး ကမ္းလွမ္းရင္ေတာ့ အၾကပ္အတည္း ရွိေနတဲ့ ကလပ္အသင္း အေနနဲ႕ လက္ခံေလာက္ဖြယ္ ရွိျပီး ယူနိုက္တက္နဲ႕ မီလန္တို႔ကေတာ့ Octopus ကို ရဖို႔ အေလးအသာဆံုး ရွိေနပါတယ္။