ရာသီသစ်မှာ ဗန်ဒါဘိခ်ထံက ယူနိုက်တက်ပရိသတ်တွေ အများကြီး မျှော်လင့်ထားနိုင်မယ့် အကြောင်းရင်း

နယ်သာလန်ကွင်းလယ်လူ ဗန်ဒါဘိခ်ဟာ ရာသီသစ်မှာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေပြဖို့ ဒီနွေကာလမှာ ရုပ်ပိုင်းဆိုင်ရာ အသွင်းပြောင်းမှုတွေဖြင့် ကြိုးစားထားပါကြောင်း The Athletic က ဖော်ပြလာပါတယ်။

အေဂျက်ကနေ မျှော်လင့်ချက်ကြီးကြီးဖြင့် ခေါ်ယူထားခဲ့ပေမယ့် မနှစ်ကရာသီ ပြိုင်ပွဲကြီးတွေမှာ ဗန်ဒါဘိခ်က နေရာမရခဲ့ပါဘူး။ ဗန်ဒါဘိခ်ဟာ ကြီး ၆ ကြီးကလပ်တွေနဲ့ ထိပ်တိုက်တွေ့ရမှာ ပါဝင်ရခြင်း မရှိသလို ယူရိုပါလိဂ် ပွဲကောင်းတွေကိုလည်း ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ထားခဲ့ရသူဖြစ်တယ်။

အင်္ဂလန်ဘောလုံးလောကမှာ ကျင်လည်တဲ့ ပထမရာသီအတွင်း ခက်ခဲမှုတွေကိုပဲ ရင်ဆိုင်ရတဲ့နောက် ဒီနွေမှာ အများကြီး ပြုပြင်ပြောင်းလဲဖို့ ဗန်ဒါဘိခ်က ဆုံးဖြတ်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် နယ်သာလန်လူစာရင်းကနေ ပေါင်ခြံဒဏ်ရာကြောင့် နုတ်ထွက်ရပြီးနောက်မှာ ဗန်ဒါဘိခ်က နှစ်ပတ် အားလပ်ရက်ယူခဲ့ပြီး သူ့ကစားသမားဘဝအတွက် အရေးပါလာမယ့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို စတင်ခဲ့တယ်။

ယူနိုက်တက် ဆေးအဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ကြံ့ခိုင်ရေးနည်းပြတွေက ဒုတိယရာသီအတွင်း ဗန်ဒါဘိခ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လိုစိတ်ကို ကူညီပေးခဲ့ပါတယ်။ သူက ဇာတိမြေဖြစ်တဲ့ Nijkerkerveen ကို ပြန်သွားခဲ့ပြီး ကြွက်သားတွေ တက်လာအောင်လို့ အစီအစဉ်တွေဖြင့် ကြိုးစားခဲ့တယ်။

The Athletic က ဖော်ပြရာမှာ ဗန်ဒါဘိခ်ဟာ အမ်စတာဒမ်မှာ ထိပ်တန်း အားကစားသမားတွေအတွက် အထူးလေ့ကျင့်ပေးတဲ့ FysioConcept အားကစားရုံကိုသွားပြီး ဝိတ်မခြင်းတွေကို ကြိုးစားခဲ့တယ်။ အဆိုပါ အားကစားရုံဟာ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်း၊ ဒတ်ချ် အကျော်အမော် ရှနိုက်ဒါ၊ ဗန်ဒါဘတ်တို့ သွားရောက်လေ့ကျင့်တဲ့ နေရာအဖြစ်လည်း လူသိများပါတယ်။

ယူနိုက်တက်မှာ အောင်မြင်တဲ့ကစားသမားဘဝ ဖော်ဆောင်လိုတဲ့ ဗန်ဒါဘိခ်က ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းလာမှုက ဘရန့်ဖိုဒ့်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမှာ မြင်သာခဲ့တယ်။ အသင်းခေါင်းဆောင် လက်ပတ် ပတ်ထားတဲ့ ဗန်ဒါဘိခ်ကို ‘လက်ပတ်ကို မပြုကျစေနဲ့’ လို့ အသင်းခေါင်းဆောင် မက်ဂွဲရားက အားပေးခဲ့ပါသေးတယ်။

လူငယ်ကွင်းလယ်လူက ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုတဲ့ ပြိုင်ဆိုင်မှုတွေမှာ သူပါဝင် တိုက်ခိုက်နိုင်တယ်ဆိုတာကို မန်နေဂျာဆိုးရှားအား ပြသလိုစိတ် ပြင်းပြနေတယ်။ ကြိုးစားအားထုတ်တဲ့ အပိုင်းမှာ ပြောစရာ မလိုတဲ့ ဗန်ဒါဘိခ်က ရာသီကြိုမှာ မန်နေဂျာဆိုးရှား မျက်စိတွေ့အောင် လုပ်ပြပြီး ပွဲထွက်ခွင့်တွေ ရယူပြလာမလားက စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI – နယ္သာလန္ကြင္းလယ္လူ ဗန္ဒါဘိခ္ဟာ ရာသီသစ္မွာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြျပဖို႔ ဒီေႏြကာလမွာ ရုပ္ပိုင္းဆိုင္ရာ အသြင္းေျပာင္းမႈေတြျဖင့္ ၾကိဳးစားထားပါေၾကာင္း The Athletic က ေဖာ္ျပလာပါတယ္။

ေအဂ်က္ကေန ေမွ်ာ္လင့္ခ်က္ၾကီးၾကီးျဖင့္ ေခၚယူထားခဲ့ေပမယ့္ မႏွစ္ကရာသီ ျပိဳင္ပြဲၾကီးေတြမွာ ဗန္ဒါဘိခ္က ေနရာမရခဲ့ပါဘူး။ ဗန္ဒါဘိခ္ဟာ ၾကီး ၆ ၾကီးကလပ္ေတြနဲ႔ ထိပ္တိုက္ေတြ႔ရမွာ ပါဝင္ရျခင္း မရွိသလို ယူရိုပါလိဂ္ ပြဲေကာင္းေတြကိုလည္း ဒဏ္ရာျပႆနာေတြေၾကာင့္ လြဲေခ်ာ္ထားခဲ့ရသူျဖစ္တယ္။

အဂၤလန္ေဘာလံုးေလာကမွာ က်င္လည္တဲ့ ပထမရာသီအတြင္း ခက္ခဲမႈေတြကိုပဲ ရင္ဆိုင္ရတဲ့ေနာက္ ဒီေႏြမွာ အမ်ားၾကီး ျပဳျပင္ေျပာင္းလဲဖို႔ ဗန္ဒါဘိခ္က ဆံုးျဖတ္ခဲ့ပါတယ္။ ယူရို ၂၀၂၀ ျပိဳင္ပြဲအတြက္ နယ္သာလန္လူစာရင္းကေန ေပါင္ျခံဒဏ္ရာေၾကာင့္ ႏုတ္ထြက္ရျပီးေနာက္မွာ ဗန္ဒါဘိခ္က ႏွစ္ပတ္ အားလပ္ရက္ယူခဲ့ျပီး သူ႔ကစားသမားဘဝအတြက္ အေရးပါလာမယ့္ ရုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြကို စတင္ခဲ့တယ္။

ယူႏုိက္တက္ ေဆးအဖြဲ႔နဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ခဲ့ကာ ၾကံ႕ခိုင္ေရးနည္းျပေတြက ဒုတိယရာသီအတြင္း ဗန္ဒါဘိခ္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ တိုးတက္လိုစိတ္ကို ကူညီေပးခဲ့ပါတယ္။ သူက ဇာတိေျမျဖစ္တဲ့ Nijkerkerveen ကို ျပန္သြားခဲ့ျပီး ၾကြက္သားေတြ တက္လာေအာင္လို႔ အစီအစဥ္ေတြျဖင့္ ၾကိဳးစားခဲ့တယ္။

The Athletic က ေဖာ္ျပရာမွာ ဗန္ဒါဘိခ္ဟာ အမ္စတာဒမ္မွာ ထိပ္တန္း အားကစားသမားေတြအတြက္ အထူးေလ့က်င့္ေပးတဲ့ FysioConcept အားကစားရံုကိုသြားျပီး ဝိတ္မျခင္းေတြကို ၾကိဳးစားခဲ့တယ္။ အဆိုပါ အားကစားရံုဟာ ဘာစီလိုနာ ကြင္းလယ္လူ ဒီေဂ်ာင္း၊ ဒတ္ခ်္ အေက်ာ္အေမာ္ ရွႏုိက္ဒါ၊ ဗန္ဒါဘတ္တို႔ သြားေရာက္ေလ့က်င့္တဲ့ ေနရာအျဖစ္လည္း လူသိမ်ားပါတယ္။

ယူႏုိက္တက္မွာ ေအာင္ျမင္တဲ့ကစားသမားဘဝ ေဖာ္ေဆာင္လိုတဲ့ ဗန္ဒါဘိခ္က ျပင္းျပင္းထန္ထန္ ေလ့က်င့္ထားျပီး သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ ေတာင့္တင္းလာမႈက ဘရန္႔ဖိုဒ့္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ေျခစမ္းပြဲမွာ ျမင္သာခဲ့တယ္။ အသင္းေခါင္းေဆာင္ လက္ပတ္ ပတ္ထားတဲ့ ဗန္ဒါဘိခ္ကို ‘လက္ပတ္ကို မျပဳက်ေစနဲ႔’ လို႔ အသင္းေခါင္းေဆာင္ မက္ဂြဲရားက အားေပးခဲ့ပါေသးတယ္။

လူငယ္ကြင္းလယ္လူက ပရီးမီးယားလိဂ္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ အားျပဳတဲ့ ျပိဳင္ဆိုင္မႈေတြမွာ သူပါဝင္ တိုက္ခိုက္ႏုိင္တယ္ဆိုတာကို မန္ေနဂ်ာဆိုးရွားအား ျပသလိုစိတ္ ျပင္းျပေနတယ္။ ၾကိဳးစားအားထုတ္တဲ့ အပိုင္းမွာ ေျပာစရာ မလိုတဲ့ ဗန္ဒါဘိခ္က ရာသီၾကိဳမွာ မန္ေနဂ်ာဆိုးရွား မ်က္စိေတြ႔ေအာင္ လုပ္ျပျပီး ပြဲထြက္ခြင့္ေတြ ရယူျပလာမလားက ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။