နွေအပြောင်းအရွှေ့မှာ လီဗာပူး ခေါ်ယူမယ်လို့ သတင်းကြီးတွေ ထွက်ထားတဲ့ ကစားသမား (၃) ဦး

လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ခံစစ်မှူး ကိုနာတေး တစ်ဦးတည်း ခေါ်ယူထားပေမယ့် မကြာခင်မှာတော့ အပြောင်းအရွှေ့ လှုပ်ရှားမှုကြီး ရှိလာမယ်လို့ အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက ထုတ်ပြောထားပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းနဲ့ သတင်းကြီးထားဖူးတဲ့ ကစားသမားတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Adama Traoré

အသက် ၂၅ နှစ်အရွယ် ထရာအိုရေးကို လီဗာပူးမန်နေဂျာ ကလော့ပ်က အတော်လေး သဘောကျကြောင်း ပြီးခဲ့တဲ့လတွေထဲက သိထားရတာဖြစ်တယ်။ လီဗာပူးဘက်ကတော့ ကစားသမားကို ခေါ်ယူရေးအတွက် ချိတ်ဆက်မှုတွေ မရှိသေးပါဘူး။ လက်တလောမှာ တိုက်စစ်သမားကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်က စိတ်ဝင်စားလာနေပြီး ဝုဗ်ကတော့ သူတို့ရဲ့ စပိန်သား ကစားသမားအတွက် ပေါင် သန်း ၃၀ ဈေးသတ်မှတ်လိုက်ပါတယ်။

Jarrod Bowen

ကလော့ပ်က ဝက်ဟမ်းတိုက်စစ်သမား ဘိုဝမ်က သူ့ရဲ့ နည်းစနစ်မှာ အံဝင်မယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့်လည်း ဒီနွေမှာ မခေါ်နိုင်ရင်တောင်မှ လာမယ့် တစ်ရာသီလုံး ဆက်ပြီး ကင်းထောက် စောင့်ကြည့်သွားဖို့ အသင်းကို အသိပေးထားပါတယ်။ လီဗာပူးထံက တရားဝင် ချိတ်ဆက်မှု လုံးဝ မရထားပေမယ့် ဝက်ဟမ်းဘက်ကတော့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားအတွက် ပေါင် ၃၅ သန်း အနည်းဆုံး ရလိုပါတယ်။

Florian Neuhaus

ယာဂင်ကလော့ပ်ဟာ ဂလာဘတ်ကွင်းလယ်လူ နွိုက်စ်ဟောက်ကို အတော်လေး သဘောကျတယ်လို့ သိထားရတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားက ပုံမှန်ပွဲထွက်ခွင့်အတွက် ဂျာမာန်မြေမှာ တစ်နှစ် ထပ်နေဖို့ကို ရွေးချယ်ထားပါတယ်။ ဒီနွေဈေးကွက်မှာ လီဗာပူးက သူ့ကို ခေါ်ယူဖို့ အခွင့်အရေး နည်းနေပြီး အက်သလက်တီကို ကွင်းလယ်လူ ဆောဘက်ကို ဦးလှည့်နေတဲ့ သဘောရှိပါတယ်။

ZAWGYI – လီဗာပူးအသင္းဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ ခံစစ္မွဴး ကိုနာေတး တစ္ဦးတည္း ေခၚယူထားေပမယ့္ မၾကာခင္မွာေတာ့ အေျပာင္းအေရႊ႔ လႈပ္ရွားမႈၾကီး ရွိလာမယ္လို႔ အေျပာင္းအေရႊ႔ သတင္းေထာက္ ရိုမန္ႏိုက ထုတ္ေျပာထားပါတယ္။

ဒီေႏြမွာ လီဗာပူးအသင္းနဲ႔ သတင္းၾကီးထားဖူးတဲ့ ကစားသမားေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Adama Traoré

အသက္ ၂၅ ႏွစ္အရြယ္ ထရာအိုေရးကို လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္က အေတာ္ေလး သေဘာက်ေၾကာင္း ျပီးခဲ့တဲ့လေတြထဲက သိထားရတာျဖစ္တယ္။ လီဗာပူးဘက္ကေတာ့ ကစားသမားကို ေခၚယူေရးအတြက္ ခ်ိတ္ဆက္မႈေတြ မရွိေသးပါဘူး။ လက္တေလာမွာ တိုက္စစ္သမားကို ေခၚယူဖို႔ လိဒ္ယူႏိုက္တက္က စိတ္ဝင္စားလာေနျပီး ဝုဗ္ကေတာ့ သူတို႔ရဲ႕ စပိန္သား ကစားသမားအတြက္ ေပါင္ သန္း ၃၀ ေဈးသတ္မွတ္လိုက္ပါတယ္။

Jarrod Bowen

ကေလာ့ပ္က ဝက္ဟမ္းတိုက္စစ္သမား ဘိုဝမ္က သူ႔ရဲ႕ နည္းစနစ္မွာ အံဝင္မယ္လို႔ ယုံၾကည္ထားတယ္။ ဒါေၾကာင့္လည္း ဒီေႏြမွာ မေခၚႏိုင္ရင္ေတာင္မွ လာမယ့္ တစ္ရာသီလုံး ဆက္ၿပီး ကင္းေထာက္ ေစာင့္ၾကည့္သြားဖို႔ အသင္းကို အသိေပးထားပါတယ္။ လီဗာပူးထံက တရားဝင္ ခ်ိတ္ဆက္မႈ လုံးဝ မရထားေပမယ့္ ဝက္ဟမ္းဘက္ကေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ အဂၤလန္သားအတြက္ ေပါင္ ၃၅ သန္း အနည္းဆုံး ရလိုပါတယ္။

Florian Neuhaus

ယာဂင္ကေလာ့ပ္ဟာ ဂလာဘတ္ကြင္းလယ္လူ ႏြိဳက္စ္ေဟာက္ကို အေတာ္ေလး သေဘာက်တယ္လို႔ သိထားရတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားက ပံုမွန္ပြဲထြက္ခြင့္အတြက္ ဂ်ာမာန္ေျမမွာ တစ္ႏွစ္ ထပ္ေနဖို႔ကို ေ႐ြးခ်ယ္ထားပါတယ္။ ဒီေႏြေဈးကြက္မွာ လီဗာပူးက သူ႔ကို ေခၚယူဖို႔ အခြင့္အေရး နည္းေနျပီး အက္သလက္တီကို ကြင္းလယ္လူ ေဆာဘက္ကို ဦးလွည့္ေနတဲ့ သေဘာရွိပါတယ္။