စပိန်သား ဗဟိုခံစစ်မူှး လာပေါ်တေးကတော့ လက်ရှိ ကလပ် မန်စီးတီးအား ဒီနွေမှာ လာလီဂါဘက် ပြန် ပြောင်းရွှေ့လိုကြောင်း အသိပေး ပြောဆိုထားပြီး ၎င်းကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူလိုနေပါတယ်။
ရူဘန်ဒိုင်ယာ့ဇ်နဲ့ ဂျွန်စတုန်းတို့ ရှိနေတာကြောင့် ပွဲထွက်နေရာ ပျောက်ဆုံးနေတဲ့ လာပေါ်တေးဟာ အသင်းပြောင်းရွှေ့လိုကြောင်း သူ့ အေးဂျင့်တွေကိုလည်း ယူရိုပြိုင်ပွဲ မတိုင်ခင်တည်းက အသိပေးထားပြီး 90min အဆိုအရ လာပေါ်တေး ပြောင်းရွှေ့လိုနေတာက စပိန်ကိုပဲ ဖြစ်တယ်လို့ သိရပါတယ်။
လာလီဂါ ထိပ်သီးနှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း လာပေါ်တေးကို စိတ်ဝင်စားကြောင်းနဲ့ ကစားသမား အခြေအနေကို အသိပေးဖို့ မန်စီးတီးအား ဆက်သွယ် မေးမြန်းထားပါတယ်။ လာပေါ်တေးက နှစ်သင်းလုံးရဲ့ ခံစစ် ပစ်မှတ်စာရင်းမှာ ထိပ်ဆုံးကပါဝင်နေပြီး ပြောင်းရွှေ့ကြေးသာ အခက်တွေ့ဖွယ်ပါ။
ရီးရဲလ်က ဒီနွေမှာ ရာမို့စ်နဲ့ ဗာရိန်းကို ထွက်ခွာခွင့် ပေးထားတာကြောင့် ဗဟိုခံစစ်သမား ခေါ်ယူဖို့ ဈေးကွက်ထဲ ရှာဖေါနေခဲ့တာပါ။ ဘာစီလိုနာကလည်း လန်လက်နဲ့ အမ်တီတီတို့ ကို ရှင်းထုတ်ပြီး ကစားသမားသစ် ခေါ်ဖို့ လှုပ်ရှားလိုနေပါတယ်။
ကစားသမားကတော့ မန်စီးတီးကနေ ထွက်ခွာလိုကြောင်း အသင်း တာဝန်ရှိသူတွေထံ ရှင်းလင်းစွာ အသိပေးထားပြီး ဖြစ်တာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိဖို့သာ စောင့်ဆိုင်းနေပါတယ်။
Zawgyi
စပိန္သား ဗဟိုခံစစ္မဴွး လာေပၚေတးကေတာ့ လက္ရွိ ကလပ္ မန္စီးတီးအား ဒီေႏြမွာ လာလီဂါဘက္ ျပန္ ေျပာင္းေရႊ႕လိုေၾကာင္း အသိေပး ေျပာဆိုထားျပီး ၄င္းကို ဘာစီလိုနာနဲ႕ ရီးရဲလ္မက္ဒရစ္တို႔က ေခၚယူလိုေနပါတယ္။
ရူဘန္ဒိုင္ယာ့ဇ္နဲ႕ ဂၽြန္စတုန္းတို႔ ရွိေနတာေၾကာင့္ ပြဲထြက္ေနရာ ေပ်ာက္ဆံုးေနတဲ့ လာေပၚေတးဟာ အသင္းေျပာင္းေရႊ႕လိုေၾကာင္း သူ႔ ေအးဂ်င့္ေတြကိုလည္း ယူရိုျပိဳင္ပြဲ မတိုင္ခင္တည္းက အသိေပးထားျပီး 90min အဆိုအရ လာေပၚေတး ေျပာင္းေရႊ႕လိုေနတာက စပိန္ကိုပဲ ျဖစ္တယ္လို႔ သိရပါတယ္။
လာလီဂါ ထိပ္သီးနွစ္သင္း ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာတို႔ကလည္း လာေပၚေတးကို စိတ္၀င္စားေၾကာင္းနဲ႕ ကစားသမား အေျခအေနကို အသိေပးဖို႔ မန္စီးတီးအား ဆက္သြယ္ ေမးျမန္းထားပါတယ္။ လာေပၚေတးက နွစ္သင္းလံုးရဲ႕ ခံစစ္ ပစ္မွတ္စာရင္းမွာ ထိပ္ဆံုးကပါ၀င္ေနျပီး ေျပာင္းေရႊ႕ေၾကးသာ အခက္ေတြ႔ဖြယ္ပါ။
ရီးရဲလ္က ဒီေႏြမွာ ရာမို႔စ္နဲ႕ ဗာရိန္းကို ထြက္ခြာခြင့္ ေပးထားတာေၾကာင့္ ဗဟိုခံစစ္သမား ေခၚယူဖို႔ ေစ်းကြက္ထဲ ရွာေဖါေနခဲ့တာပါ။ ဘာစီလိုနာကလည္း လန္လက္နဲ႕ အမ္တီတီတို႔ ကို ရွင္းထုတ္ျပီး ကစားသမားသစ္ ေခၚဖို႔ လႈပ္ရွားလိုေနပါတယ္။
ကစားသမားကေတာ့ မန္စီးတီးကေန ထြက္ခြာလိုေၾကာင္း အသင္း တာ၀န္ရွိသူေတြထံ ရွင္းလင္းစြာ အသိေပးထားျပီး ျဖစ္တာေၾကာင့္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရရွိဖုိ႔သာ ေစာင့္ဆိုင္းေနပါတယ္။