UNICODE – ကြာသပတေးနေ့ ၁၁ နာရီ ဝန်းကျင်မှာတော့ ရိုမာန် အေဘရာမိုဗစ်ရဲ့ ထောက်ခံမှုကို ရထားတဲ့ ချယ်ဆီးဟာ တီမိုဝါနာကို ခေါ်ယူဖို့အရေး တရားဝင် စတင် ချိတ်ဆက်ခဲ့တယ်။ ချယ်ဆီးက အဆုံးသတ်မှာ ဝါနာအတွက် ယူရို သန်း ၆၀ ထိပေးဖို့ သဘောတူညီခဲ့ပြီး အပြီးသတ် စာချုပ်ကတော့ လာမယ့် အပတ်မှာ ချုပ်ဆိုမှာ ဖြစ်ပါတယ်။
တီမိုဝါနာကို ခေါ်ယူရေးမှာ ချယ်ဆီးအသင်း အဓိက အားသာချက်ရသွားတာကတော့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ရဲ့ ထောက်ခံမှုမှာ ကလပ်က အသုံးစရိတ် အလုံအလောက် ရှိခြင်းနဲ့ ခံစစ်မှူး ရူဒီဂါရဲ့ စည်းရုံးမှုက အရေးပါခဲ့ပါတယ်။ ဝါနာကို ခေါ်ယူဖို့ လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ အခက်တွေ့နေ့ချိန်မှာ ချယ်ဆီးက စာချုပ်ပါအတိုင်း ပေးဖို့ သဘောတူညီခဲ့တာပါ။
ချယ်ဆီးဒါရိုက်တာ Marina Granovskaia က အသင်းဟာ ဝါနာကို ခေါ်ယူဖို့ ကြိုးစားပေးမယ့်အပြင် စာချုပ်ပါကြေးကို အပြည့်ပေးမယ်လို့ လိုက်ဇစ်ကို ဆက်သွယ်ခဲ့တယ်။ အဲ့နောက်မှာ လမ်းပတ်က သူ့ရဲ့ အသင်းမှာ ဘယ်လို နေရာပေးလိုကြောင်း ယါနာနဲ့ တိုက်ရိုက် ဖုန်းပြောခွင့်ရခဲ့ပါတယ်။ နှစ်ဦး ဆွေးနွေးစကားပြောမှု အပြီးမှာ ဝါနာက နောက်ထပ် အထင်ကြီးစရာ မန်နေဂျာတစ်ဦးအဖြစ် လမ်းပတ်ကို လက်ခံခဲ့တာဖြစ်တယ်။
လန်ဒန်ကလပ်ဟာ တီမိုဝါနာကို ခေါ်ယူရေးမှာ ကိုရိုနာ ကပ်ဘေးကြောင့် မည့်သည့် တာဝန်ရှိ ပုဂ္ဂိုလ်ကိုမှ ဂျာမနီကို စေလွှတ် ညိနှိုင်းခွင့် မရှိပါဘူး။ ဒါကြောင့် လုဆင်ဘော့ အခြေစိုက် ရှေ့နေ Dr Michael Becker (ဘောလက်ရဲ့ ကိုယ်စားလှယ်) ကို ချယ်ဆီး ဒါရိုက်တာ Granovskaia က ညိနှိုင်းပြီး ကိုယ်စားလှယ်အဖြစ် ဂျာမနီမှာ လှုပ်ရှားစေခဲ့တာ ဖြစ်ပါတယ်။
လိုက်ဇစ်က နောက်နှစ်နွေမှာ ဝါနာကို လီဗာပူးထံ ယူရို သန်း ၄၀ နဲ့ လက်လွတ်ဖို့ လက်ခံထားပေမယ့် ချယ်ဆီးဘက်က ပြောင်းရွှေ့ကြေး အပြည့်ပေးမယ်လို့ ဝင်ရောက်ချိန်မှာ ပျော်ပျော်ကြီး လက်ခံခဲ့တယ်။ လီဗာပူးဘက် တစ်နှစ်ဆိုင်းပေးဖို့ တောင်းဆိုခြင်းကို ဝါနာက စိတ်ပျက်မှုလည်း ဖြစ်ခဲ့ပါတယ်။
ဝါနာကို လူငယ် ကစားသမားဘဝကနေ စီနီယာကစားသမားဘဝထိ စတုဂတ်မှာ အတူတွဲကစားခဲ့သလို လက်ရွေးစင် အသင်းဖော်လည်းဖြစ်တဲ့ ရူဒီဂါကလည်း တစ်ဘက်က ဆွဲဆောင်နိုင်ခဲ့တယ်။ လီဗာပူးရဲ့ တစ်နှစ် စောင့်စေမှုကို စိတ်ပျက်နေတဲ့ ဝါနာက ရူဒီဂါရဲ့ ဆွဲဆောင်မှုကို နှစ်သက်ခဲ့ပါတယ်။
ကိုရိုနာကပ်ဘေးကြောင့် တရားဝင် လက်မှတ်ထိုးခွင့်တွေ မရသေးပေမယ့် လာမယ့်အပတ်မှာ ကိစ္စတွေ အပြီးသတ်မှာဖြစ်ပြီး ဝါနာဟာ တစ်နှစ်ကို ပေါင် ၉ သန်းထိရမယ့် တစ်ပတ် ပေါင် ၁၇၀၀၀၀ လုပ်ခကို ရရှိမှာ ဖြစ်ပါတယ်။ စာချုပ်က ၅ နှစ်ဖြစ်ပြီး နှစ်အလိုက် လုပ်ခ တိုးပေးမယ့် သဘောတူညီချက် တစ်ခုလည်း ပါဝင်သွားခဲ့ပါတယ်။
ZAWGYI – ၾကာသပေတးေန႔ ၁၁ နာရီ ဝန္းက်င္မွာေတာ့ ရိုမာန္ ေအဘရာမိုဗစ္ရဲ႕ ေထာက္ခံမႈကို ရထားတဲ့ ခ်ယ္ဆီးဟာ တီမိုဝါနာကို ေခၚယူဖို႔အေရး တရားဝင္ စတင္ ခ်ိတ္ဆက္ခဲ့တယ္။ ခ်ယ္ဆီးက အဆံုးသတ္မွာ ဝါနာအတြက္ ယူရို သန္း ၆၀ ထိေပးဖို႔ သေဘာတူညီခဲ့ျပီး အျပီးသတ္ စာခ်ဳပ္ကေတာ့ လာမယ့္ အပတ္မွာ ခ်ဳပ္ဆိုမွာ ျဖစ္ပါတယ္။
တီမိုဝါနာကို ေခၚယူေရးမွာ ခ်ယ္ဆီးအသင္း အဓိက အားသာခ်က္ရသြားတာကေတာ့ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ရဲ႕ ေထာက္ခံမႈမွာ ကလပ္က အသံုးစရိတ္ အလံုအေလာက္ ရွိျခင္းနဲ႔ ခံစစ္မွဴး ရူဒီဂါရဲ႕ စည္းရံုးမႈက အေရးပါခဲ့ပါတယ္။ ဝါနာကို ေခၚယူဖို႔ လီဗာပူးအသင္းနဲ႔ ယူႏုိက္တက္တို႔ အခက္ေတြ႔ေန႔ခ်ိန္မွာ ခ်ယ္ဆီးက စာခ်ဳပ္ပါအတိုင္း ေပးဖို႔ သေဘာတူညီခ့ဲတာပါ။
ခ်ယ္ဆီးဒါရိုက္တာ Marina Granovskaia က အသင္းဟာ ဝါနာကို ေခၚယူဖို႔ ၾကိဳးစားေပးမယ့္အျပင္ စာခ်ဳပ္ပါေၾကးကို အျပည့္ေပးမယ္လို႔ လုိုက္ဇစ္ကို ဆက္သြယ္ခဲ့တယ္။ အဲ့ေနာက္မွာ လမ္းပတ္က သူ႔ရဲ႕ အသင္းမွာ ဘယ္လို ေနရာေပးလိုေၾကာင္း ယါနာနဲ႔ တိုက္ရိုက္ ဖုန္းေျပာခြင့္ရခဲ့ပါတယ္။ ႏွစ္ဦး ေဆြးေႏြးစကားေျပာမႈ အျပီးမွာ ဝါနာက ေနာက္ထပ္ အထင္ၾကီးစရာ မန္ေနဂ်ာတစ္ဦးအျဖစ္ လမ္းပတ္ကို လက္ခံခဲ့တာျဖစ္တယ္။
လန္ဒန္ကလပ္ဟာ တီမိုဝါနာကို ေခၚယူေရးမွာ ကိုရိုနာ ကပ္ေဘးေၾကာင့္ မည့္သည့္ တာဝန္ရွိ ပုဂၢိဳလ္ကိုမွ ဂ်ာမနီကို ေစလႊတ္ ညိႏိႈင္းခြင့္ မရွိပါဘူး။ ဒါေၾကာင့္ လုဆင္ေဘာ့ အေျခစိုက္ ေရွ႔ေန Dr Michael Becker (ေဘာလက္ရဲ႕ ကိုယ္စားလွယ္) ကို ခ်ယ္ဆီး ဒါရိုက္တာ Granovskaia က ညိႏိႈင္းျပီး ကိုယ္စားလွယ္အျဖစ္ ဂ်ာမနီမွာ လႈပ္ရွားေစခဲ့တာ ျဖစ္ပါတယ္။
လိုက္ဇစ္က ေနာက္ႏွစ္ေႏြမွာ ဝါနာကို လီဗာပူးထံ ယူရို သန္း ၄၀ နဲ႔ လက္လြတ္ဖို႔ လက္ခံထားေပမယ့္ ခ်ယ္ဆီးဘက္က ေျပာင္းေရႊ႔ေၾကး အျပည့္ေပးမယ္လို႔ ဝင္ေရာက္ခ်ိန္မွာ ေပ်ာ္ေပ်ာ္ၾကီး လက္ခံခဲ့တယ္။ လီဗာပူးဘက္ တစ္ႏွစ္ဆုိင္းေပးဖို႔ ေတာင္းဆိုျခင္းကို ဝါနာက စိတ္ပ်က္မႈလည္း ျဖစ္ခဲ့ပါတယ္။
ဝါနာကို လူငယ္ ကစားသမားဘဝကေန စီနီယာကစားသမားဘဝထိ စတုဂတ္မွာ အတူတြဲကစားခဲ့သလို လက္ေရြးစင္ အသင္းေဖာ္လည္းျဖစ္တဲ့ ရူဒီဂါကလည္း တစ္ဘက္က ဆြဲေဆာင္ႏုိင္ခဲ့တယ္။ လီဗာပူးရဲ႕ တစ္ႏွစ္ ေစာင့္ေစမႈကို စိတ္ပ်က္ေနတဲ့ ဝါနာက ရူဒီဂါရဲ႕ ဆြဲေဆာင္မႈကို ႏွစ္သက္ခဲ့ပါတယ္။
ကိုရိုနာကပ္ေဘးေၾကာင့္ တရားဝင္ လက္မွတ္ထိုးခြင့္ေတြ မရေသးေပမယ့္ လာမယ့္အပတ္မွာ ကိစၥေတြ အျပီးသတ္မွာျဖစ္ျပီး ဝါနာဟာ တစ္ႏွစ္ကို ေပါင္ ၉ သန္းထိရမယ့္ တစ္ပတ္ ေပါင္ ၁၇၀၀၀၀ လုပ္ခကို ရရွိမွာ ျဖစ္ပါတယ္။ စာခ်ဳပ္က ၅ ႏွစ္ျဖစ္ျပီး ႏွစ္အလိုက္ လုပ္ခ တိုးေပးမယ့္ သေဘာတူညီခ်က္ တစ္ခုလည္း ပါဝင္သြားခဲ့ပါတယ္။