စပါးနဲ့ အတ္တလန်တာကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာကြောင့် ရိုမဲရိုးဟာ ၂၄ နာရီအတွင်း လန်ဒန်ကို ရောက်လာပါတော့မယ်။ ရိုမဲရိုးဟာ စပါးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ရာသီကြိုမှာ ခြေစွမ်းပြနေတဲ့ ဟာဗေး အီးလီးယော့ကို စိတ်ဝင်စားပြီး ခေါ်ယူလိုနေတဲ့ ကလပ်တွေက ၁၀ သင်းလောက်ထိ ရှိလာပါပြီ။ လီဗာပူးကတော့ ရာသီသစ်အတွက် ပရီးမီးယားလိဂ် လူစာရင်းမှာ အီးလီးယော့ကို ထည့်သွင်းဖို့ပဲ စီစဉ်ထားပါတယ်။
ဝက်ဟမ်းနဲ့ ချယ်ဆီးကြား ခံစစ်မှူး ဇူးမား အပြောင်းအရွှေ့ ညိနှိုင်းရာမှာ ပေါင် ၄ သန်း ကွာဟနေခြင်းကြောင့် ဆက်လက် ညိနှိုင်းသွားတော့မှာ မဟုတ်ပါဘူး။ ဝက်ဟမ်းက အခြားသော ပစ်မှတ်ဖြစ်တဲ့ ဖီအိုရင်တီနားမှ မီလန်ကိုဗစ်ကို ပြောင်းလဲ ချိတ်ဆက်တော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ လေဗာကူဆင်အသင်းမှ ဘိုင်လီကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ သူတို့ဟာ ဒီကနေ့မှာပဲ ဂရီလစ်ကို မန်စီးတီးထံ ပေါင် သန်း ၁၀၀ ဖြင့် ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။
အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ ချယ်ဆီးထံ ပြန်လည် ပြောင်းရွှေ့လာခြင်းဖြင့် ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လိုင်လီအသင်း တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ မန်နေဂျာကလော့ပ်ဟာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်လိုပြီး အထောင်တိုက်စစ်နေရာ ကစားနိုင်မယ့်သူကို ရှာဖွေနေပါတယ်။
ချယ်ဆီးအသင်းဟာ ဆီးဗီးလာခံစစ်မှူး ကွန်ဒဲလ်ကို ခေါ်ယူဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားပေမယ့် သူတို့ အလိုက်ထည့်သွင်းမယ့် ဇူမားအတွက် ပြောင်းရွှေ့ကြေးမှ သဘောတူညီမှု မရသေးပါဘူး။
ဟယ်ရီကိန်းကို ရောင်းထုတ်ရမယ်ဆိုရင် စပါးက ဘာစီလိုနာမှ ကော်တင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဘာကာဟာ ဒီနွေမှာ အတော်လေး အဖိုးနည်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကော်တင်ညိုကို ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – စပါးနဲ႔ အတၱလန္တာၾကား ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရတာေၾကာင့္ ႐ိုမဲ႐ိုးဟာ ၂၄ နာရီအတြင္း လန္ဒန္ကို ေရာက္လာပါေတာ့မယ္။ ႐ိုမဲ႐ိုးဟာ စပါးအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ပါတယ္။
လီဗာပူးအသင္းနဲ႔ ရာသီႀကိဳမွာ ေျခစြမ္းျပေနတဲ့ ဟာေဗး အီးလီးေယာ့ကို စိတ္ဝင္စားျပီး ေခၚယူလိုေနတဲ့ ကလပ္ေတြက ၁၀ သင္းေလာက္ထိ ရွိလာပါျပီ။ လီဗာပူးကေတာ့ ရာသီသစ္အတြက္ ပရီးမီးယားလိဂ္ လူစာရင္းမွာ အီးလီးေယာ့ကို ထည့္သြင္းဖို႔ပဲ စီစဥ္ထားပါတယ္။
ဝက္ဟမ္းနဲ႔ ခ်ယ္ဆီးၾကား ခံစစ္မႉး ဇူးမား အေျပာင္းအေ႐ႊ႕ ညိႏႈိင္းရာမွာ ေပါင္ ၄ သန္း ကြာဟေနျခင္းေၾကာင့္ ဆက္လက္ ညိႏိႈင္းသြားေတာ့မွာ မဟုတ္ပါဘူး။ ဝက္ဟမ္းက အျခားေသာ ပစ္မွတ္ျဖစ္တဲ့ ဖီအိုရင္တီနားမွ မီလန္ကိုဗစ္ကို ေျပာင္းလဲ ခ်ိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာအသင္းဟာ ေလဗာကူဆင္အသင္းမွ ဘိုင္လီကို ေပါင္ သန္း ၃၀ ျဖင့္ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္ပါတယ္။ သူတို႔ဟာ ဒီကေန႔မွာပဲ ဂရီလစ္ကို မန္စီးတီးထံ ေပါင္ သန္း ၁၀၀ ျဖင့္ ေရာင္းထုတ္သြားမွာ ျဖစ္ပါတယ္။
အင္တာမီလန္တိုက္စစ္မွဴး လူကာကူဟာ ခ်ယ္ဆီးထံ ျပန္လည္ ေျပာင္းေရႊ႔လာျခင္းျဖင့္ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္လာေတာ့မွာ ျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ လိုင္လီအသင္း တိုက္စစ္မွဴး ဂ်ိဳနသန္ ေဒးဗစ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။ မန္ေနဂ်ာကေလာ့ပ္ဟာ တိုက္စစ္ပိုင္းအတြက္ အင္အားျဖည့္လိုျပီး အေထာင္တိုက္စစ္ေနရာ ကစားႏုိင္မယ့္သူကို ရွာေဖြေနပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဆီးဗီးလာခံစစ္မွဴး ကြန္ဒဲလ္ကို ေခၚယူဖို႔ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားေပမယ့္ သူတို႔ အလိုက္ထည့္သြင္းမယ့္ ဇူမားအတြက္ ေျပာင္းေရႊ႔ေၾကးမွ သေဘာတူညီမႈ မရေသးပါဘူး။
ဟယ္ရီကိန္းကို ေရာင္းထုတ္ရမယ္ဆိုရင္ စပါးက ဘာစီလိုနာမွ ေကာ္တင္ညိဳကို ေခၚယူဖို႔ စိတ္ဝင္စားလာပါတယ္။ ဘာကာဟာ ဒီေႏြမွာ အေတာ္ေလး အဖိုးနည္းတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေကာ္တင္ညိဳကို ေရာင္းထုတ္သြားမွာ ျဖစ္ပါတယ္။
