ဥရောပတခွင်မှ ယနေ့နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (05/08/21)

ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်ဟာ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

ရန်ပုံငွေ ခြေစမ်းပွဲ အဖြစ် ညက စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ချယ်ဆီးက ပထမပိုင်းမှာ ဇီယက် သွင်းဂိုးတွေနဲ့ ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ စပါးက ချေပဂိုးတွေ သွင်းယူခဲ့ပါတယ်။

ပဲလေ့စ် နည်းပြ ဖြစ်လာတဲ့ ဂန်းနားဂန္တဝင်ကြီး ဗီအဲရာက ယခင်အပြောင်းအရွှေ့များမှာ အာဆင်နယ် တောက်လျောက် ချိတ်ဆက်ခဲ့တဲ့ တောင်ပံတိုက်စစ်သမား ဇာဟာ ကို အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ထားပါတယ်။

မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာ အသင်း ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ချ်ကို ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းထားပြီးနောက် ဒီတစ်ပတ်ထဲမှာ အပြောင်းအရွှေ့ ပြီးမြောက်တော့မယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အင်တာမီလန် တိုက်စစ်မှူး လူကာကူ ကို ချယ်ဆီးက ကြိုးစားနေတဲ့ အပေါ် မေးမြန်းရာမှာ နည်းပြ တူချယ်က အခြား ကလပ်အသင်း ကစားသမား အကြောင်း မပြောလိုဘူး ငြင်းပယ်ခဲ့ပေမယ့် ချယ်ဆီးအသင်းထံ လာချင်တဲ့ ကစားသမားတွေ အများအပြား ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi

ေဆာက္သမ္တန္ တိုက္စစ္မွဴး ဒန္နီအင့္ဟာ အက္စတြန္ဗီလာအသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၃၀ နဲ႕ ေရာက္ရွိ သြားခဲ့ျပီ ျဖစ္ပါတယ္။

ရန္ပံုေငြ ေျခစမ္းပြဲ အျဖစ္ ညက စတန္းဖို႔ဘရစ္ခ်္မွာ ခ်ယ္ဆီးနဲ႕ စပါးအသင္းတို႔ ယွဥ္ျပိဳင္ ကစားခဲ့ၾကရာ ၂ ဂိုးစီ သေရက်သြားခဲ့ပါတယ္။ ခ်ယ္ဆီးက ပထမပိုင္းမွာ ဇီယက္ သြင္းဂိုးေတြနဲ႕ ၂ဂိုးျပတ္ ဦးေဆာင္နုိင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ စပါးက ေခ်ပဂိုးေတြ သြင္းယူခဲ့ပါတယ္။

ပဲေလ့စ္ နည္းျပ ျဖစ္လာတဲ့ ဂန္းနားဂႏၱ၀င္ၾကီး ဗီအဲရာက ယခင္အေျပာင္းအေရႊ႕မ်ားမွာ အာဆင္နယ္ ေတာက္ေလ်ာက္ ခ်ိတ္ဆက္ခဲ့တဲ့ ေတာင္ပံတိုက္စစ္သမား ဇာဟာ ကို အသင္းမွာ ဆက္ထိန္းဖို႔ ဆံုးျဖတ္ထားပါတယ္။

မန္စီးတီးအသင္းဟာ အက္စတြန္ဗီလာ အသင္း ကြင္းလယ္ကစားသမား ဂ်က္ ဂေရးလစ္ခ်္ကို ေပါင္ သန္း ၁၀၀ နဲ႕ ကမ္းလွမ္းထားျပီးေနာက္ ဒီတစ္ပတ္ထဲမွာ အေျပာင္းအေရႊ႕ ျပီးေျမာက္ေတာ့မယ္လို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

အင္တာမီလန္ တိုက္စစ္မွဴး လူကာကူ ကို ခ်ယ္ဆီးက ၾကိဳးစားေနတဲ့ အေပၚ ေမးျမန္းရာမွာ နည္းျပ တူခ်ယ္က အျခား ကလပ္အသင္း ကစားသမား အေၾကာင္း မေျပာလိုဘူး ျငင္းပယ္ခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းထံ လာခ်င္တဲ့ ကစားသမားေတြ အမ်ားအျပား ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။