ယူနိုက်တက်က ဝါနာကို ခေါ်ယူရေးမှာ ဘာလို့ အရေးမသာခဲ့သလဲ

UNICODE – ဒီမနက်မှာတော့ ချယ်ဆီးအသင်းဟာ တီမိုဝါနာကို လိုက်ဇစ်ဘက်က တောင်းတဲ့ ယူရို သန်း ၆၀ ပေးမှုနဲ့အတူ ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အတွက်ကတော့ ဒါက စိတ်ပျက်စရာဖြစ်ပြီး လက်ကျန် ရာသီဝက်မှာ ချယ်ဆီးအသင်းက ဝါနာကို ထည့်သုံးခွင့် မရှိသေးတာကိုပဲ စိတ်သက်သာရာ ရနေရမှာပါ။ ဝါနာကို ယူနိုက်တက်ဘက်က စတင် စိတ်ဝင်စားခဲ့တာ ဖေဖော်ဝါရီလတည်းက ဖြစ်ပေမယ့် ချယ်ဆီးက ဒီအပတ် ကြာသပတေးနေ့ကမှ စတင် ညိနှိုင်းပြီး ချက်ခြင်းပဲ သဘောတူညီမှု ယူနိုင်ခဲ့တာဖြစ်တယ်။

ယူနိုက်တက်က ဝါနာကို ခေါ်ယူရေးမှာ အရေးမသာခဲ့ခြင်း အကြောင်းရင်းကတော့ လိုက်ဇစ်တောင်းတဲ့ ပြောင်းရွှေ့ကြေး မပေးလို့ပါပဲ။ လီဗာပူးနည်းတူ ယူနိုက်တက်ဟာ ဝါနာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၃၀ ဝန်းကျင်ထက် ပိုမပေးလိုခဲ့ပါဘူး။ ဒါက ဝါနာအတွက် ဈေးမဆစ်တဲ့ ချယ်ဆီးကို အပြောင်းအရွှေ့မှာ အသာရစေခဲ့တဲ့ အဓိက အချက်ဖြစ်တယ်။

The Athletic က ဖော်ပြရာမှာ ယူနိုက်တက် တာဝန်ရှိသူတွေက ဝါနာရဲ့ ကိုယ်စားလှယ်နဲ့ စကားပြောမှုကို ကြိုတင်လုပ်ခဲ့ပြီး ဖေဖော်ဝါရီမှာတော့ မန်နေဂျာဆိုးရှားက တီမိုဝါနာနဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောမှု လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မန်နေဂျာဆိုးရှားက ဝါနာကို လီဗာပူးထံ လာလိုအောင် စည်းရုံးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဝါနာဟာ လီဗာပူးကို ပြောင်းဖို့ မဟုတ်ရင် လိုက်ဇစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပိုင်း ချယ်ဆီးဘက်က ဝင်ရောက်လာချိန်မှာ မန်နေဂျာလမ်းပတ်ရဲ့ သူ့ကို အဓိက ပွဲထွက်လူစာရင်းမှာ ထည့်သုံးမယ်ဆိုတဲ့ အချက်နဲ့ ချယ်ဆီးအသင်းရဲ့ တိုက်စစ်အသားပေး ကစားမယ်ဆိုတဲ့ အချက်က ဝါနာကို ဆွဲဆောင်စေခဲ့ပါတယ်။

နောက်ထပ် ထူးခြားချက်ကတော့ ယူနိုက်တက်ဟာ စကတည်းက ဝါနာအတွက် ယူရို သန်း ၆၀ မပေးလိုသလို အကယ်လို့ ပေါ့ဘာကို ဝယ်ယူတဲ့ အသင်း ပေါ်ပေါက်လာမှ ဝါနာအတွက် လိုက်ဇစ် တောင်းဆိုဈေး ပေးဖို့ စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။

ZAWGYI – ဒီမနက္မွာေတာ့ ခ်ယ္ဆီးအသင္းဟာ တီမိုဝါနာကို လိုက္ဇစ္ဘက္က ေတာင္းတဲ့ ယူရို သန္း ၆၀ ေပးမႈနဲ႔အတူ ပုဂၢိဳလ္ေရးရာ သေဘာတူညီမႈ ရယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ယူႏုိက္တက္အတြက္ကေတာ့ ဒါက စိတ္ပ်က္စရာျဖစ္ျပီး လက္က်န္ ရာသီဝက္မွာ ခ်ယ္ဆီးအသင္းက ဝါနာကို ထည့္သံုးခြင့္ မရွိေသးတာကိုပဲ စိတ္သက္သာရာ ရေနရမွာပါ။ ဝါနာကို ယူႏုိက္တက္ဘက္က စတင္ စိတ္ဝင္စားခဲ့တာ ေဖေဖာ္ဝါရီလတည္းက ျဖစ္ေပမယ့္ ခ်ယ္ဆီးက ဒီအပတ္ ၾကာသပေတးေန႔ကမွ စတင္ ညိႏိႈင္းျပီး ခ်က္ျခင္းပဲ သေဘာတူညီမႈ ယူႏုိင္ခဲ့တာျဖစ္တယ္။

ယူႏုိက္တက္က ဝါနာကို ေခၚယူေရးမွာ အေရးမသာခဲ့ျခင္း အေၾကာင္းရင္းကေတာ့ လိုက္ဇစ္ေတာင္းတဲ့ ေျပာင္းေရႊ႔ေၾကး မေပးလို႔ပါပဲ။ လီဗာပူးနည္းတူ ယူႏုိက္တက္ဟာ ဝါနာအတြက္ ေျပာင္းေရႊ႔ေၾကးကို ေပါင္ သန္း ၃၀ ဝန္းက်င္ထက္ ပိုမေပးလိုခဲ့ပါဘူး။ ဒါက ဝါနာအတြက္ ေစ်းမဆစ္တဲ့ ခ်ယ္ဆီးကို အေျပာင္းအေရႊ႔မွာ အသာရေစခဲ့တဲ့ အဓိက အခ်က္ျဖစ္တယ္။

The Athletic က ေဖာ္ျပရာမွာ ယူႏုိက္တက္ တာဝန္ရွိသူေတြက ဝါနာရဲ႕ ကိုယ္စားလွယ္နဲ႔ စကားေျပာမႈကို ၾကိဳတင္လုပ္ခဲ့ျပီး ေဖေဖာ္ဝါရီမွာေတာ့ မန္ေနဂ်ာဆိုးရွားက တီမိုဝါနာနဲ႔ ကိုယ္တိုင္ ေတြ႔ဆံု စကားေျပာမႈ လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ မန္ေနဂ်ာဆိုးရွားက ဝါနာကို လီဗာပူးထံ လာလိုေအာင္ စည္းရံုးႏုိင္ခဲ့ျခင္း မရွိပါဘူး။

ဝါနာဟာ လီဗာပူးကို ေျပာင္းဖို႔ မဟုတ္ရင္ လိုက္ဇစ္မွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တယ္။ ေနာက္ပိုင္း ခ်ယ္ဆီးဘက္က ဝင္ေရာက္လာခ်ိန္မွာ မန္ေနဂ်ာလမ္းပတ္ရဲ႕ သူ႔ကို အဓိက ပြဲထြက္လူစာရင္းမွာ ထည့္သံုးမယ္ဆိုတဲ့ အခ်က္နဲ႔ ခ်ယ္ဆီးအသင္းရဲ႕ တိုက္စစ္အသားေပး ကစားမယ္ဆိုတဲ့ အခ်က္က ဝါနာကို ဆြဲေဆာင္ေစခဲ့ပါတယ္။

ေနာက္ထပ္ ထူးျခားခ်က္ကေတာ့ ယူႏုိက္တက္ဟာ စကတည္းက ဝါနာအတြက္ ယူရို သန္း ၆၀ မေပးလိုသလို အကယ္လို႔ ေပါ့ဘာကို ဝယ္ယူတဲ့ အသင္း ေပၚေပါက္လာမွ ဝါနာအတြက္ လိုက္ဇစ္ ေတာင္းဆိုေစ်း ေပးဖို႔ စီစဥ္ထားခဲ့တယ္လို႔ သိရပါတယ္။