စကိုင်းစပေါ့ အီတလီသတင်းထောက် ရိုမန်နို အဆို အရ ချယ်ဆီးအသင်းဟာ တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကို စီးရီးအေ ကလပ် အတ္တလန္တာအသင်းထံ ပြောင်းရွှေ့ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်သားကို ရောင်းချနိုင်ရင် ချယ်ဆီးအတွက် လူကာကူကို ခေါ်ယူဖို့ ဘဏ္ဍာရေး တောင့်တင်းလာမှာ ဖြစ်ပါတယ်။
လူကာကူနဲ့ ချယ်ဆီးသတင်းတွေကြောင့် အမျက်ထွက်နေတဲ့ အင်တာ ပရိသတ်တွေဟာ လူကာကူ အေးဂျင့် ဖြစ်သူရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ သွားရောက် ပေါက်ကွဲပြောဆိုနေကြပြီး အေးဂျင့်ကတော့ သူတို့ဘက်က အကြောင်းအချက်တွေကို မကြာခင် သိခွင့်ပေးမယ်လို့ တုန့်ပြန်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဒီသီတင်းပတ်ကုန်မှာ လူကာကူ အတွက် ပေါင် ၉၅ သန်းနဲ့ ထပ်ဆောင်းကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ကာ ရှေ့ဆက်တိုးသွားဖို့ ရှိကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်ထားပါတယ်။
ချယ်ဆီး ပရိသတ်တွေကတော့ လူကာကူကို ပေါင် သန်း ၁၀၀ လောက် ပေး ခေါ်ယူမယ့် အစား ဘာစီလိုနာနဲ့ လမ်းခွဲလာမယ့် မက်ဆီကို လစာ တစ်ပတ် ပေါင် တစ်သန်းလောက်ထိ ပေးပြီး ခေါ်လိုက်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။
ခံစစ်ပိုင်း အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ ချယ်ဆီးနည်းပြ တူချယ်ဟာ ဂျူဗင်တပ် အသင်းမှ ခံစစ်မှူး ဒီလစ် ကို အလိုရှိနေပြီး အီတလီသတင်းတွေ အဆိုအရ တူချယ်ဟာ ဒီလစ်အတွက် ယူရို သန်း ၆၀ နဲ့ ဗာနာကို ထည့်သွင်း ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။
ချယ်ဆီး ကွင်းလယ် ကစားသမား ကန်တေဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ပြီး ကွင်းထဲမှာ ရင်ဆိုင်လာရတဲ့ ပြသနာတွေ အကုန်လုံးကို ဖြေရှင်းပေးနေသူ ဖြစ်တယ်လို့ အသင်းဖော် ဇီယက်က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
ချယ်ဆီး ခံစစ်မှူး ဇူးမားကတော့ လာမယ့် ရာသီ ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ဖို့ အခွင့် ရလာပေမယ့် ငြင်းပယ်လိုက်ပြီး ချယ်ဆီးမှာ ဆက်နေကာ ပွဲထွက်ခွင့် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Zawgyi
စကိုင္းစေပါ့ အီတလီသတင္းေထာက္ ရိုမန္နို အဆို အရ ခ်ယ္ဆီးအသင္းဟာ တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ကို စီးရီးေအ ကလပ္ အတၱလႏၱာအသင္းထံ ေျပာင္းေရႊ႕ဖို႔ ခြင့္ျပဳလိုက္ျပီ ျဖစ္ေၾကာင္း သိရပါတယ္။ အဂၤလန္သားကို ေရာင္းခ်နိုင္ရင္ ခ်ယ္ဆီးအတြက္ လူကာကူကို ေခၚယူဖို႔ ဘ႑ာေရး ေတာင့္တင္းလာမွာ ျဖစ္ပါတယ္။
လူကာကူနဲ႕ ခ်ယ္ဆီးသတင္းေတြေၾကာင့္ အမ်က္ထြက္ေနတဲ့ အင္တာ ပရိသတ္ေတြဟာ လူကာကူ ေအးဂ်င့္ ျဖစ္သူရဲ႕ ဆိုရွယ္မီဒီယာ အေကာင့္မွာ သြားေရာက္ ေပါက္ကြဲေျပာဆိုေနၾကျပီး ေအးဂ်င့္ကေတာ့ သူတို႔ဘက္က အေၾကာင္းအခ်က္ေတြကို မၾကာခင္ သိခြင့္ေပးမယ္လို႔ တုန္႔ျပန္ထားပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဒီသီတင္းပတ္ကုန္မွာ လူကာကူ အတြက္ ေပါင္ ၉၅ သန္းနဲ႕ ထပ္ေဆာင္းေၾကးေတြ ပါ၀င္တဲ့ ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ကာ ေရွ႕ဆက္တိုးသြားဖို႔ ရွိေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ထုတ္ထားပါတယ္။
ခ်ယ္ဆီး ပရိသတ္ေတြကေတာ့ လူကာကူကို ေပါင္ သန္း ၁၀၀ ေလာက္ ေပး ေခၚယူမယ့္ အစား ဘာစီလိုနာနဲ႕ လမ္းခြဲလာမယ့္ မက္ဆီကို လစာ တစ္ပတ္ ေပါင္ တစ္သန္းေလာက္ထိ ေပးျပီး ေခၚလုိက္ဖို႔ တိုက္တြန္းမႈေတြ ရွိေနပါတယ္။
ခံစစ္ပိုင္း အင္အားျဖည့္တင္းဖို႔ ၾကိဳးစားေနတဲ့ ခ်ယ္ဆီးနည္းျပ တူခ်ယ္ဟာ ဂ်ဴဗင္တပ္ အသင္းမွ ခံစစ္မွဴး ဒီလစ္ ကို အလိုရွိေနျပီး အီတလီသတင္းေတြ အဆိုအရ တူခ်ယ္ဟာ ဒီလစ္အတြက္ ယူရို သန္း ၆၀ နဲ႕ ဗာနာကို ထည့္သြင္း ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
ခ်ယ္ဆီး ကြင္းလယ္ ကစားသမား ကန္ေတဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ျပီး ကြင္းထဲမွာ ရင္ဆိုင္လာရတဲ့ ျပသနာေတြ အကုန္လံုးကို ေျဖရွင္းေပးေနသူ ျဖစ္တယ္လို႔ အသင္းေဖာ္ ဇီယက္က ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။
ခ်ယ္ဆီး ခံစစ္မွဴး ဇူးမားကေတာ့ လာမယ့္ ရာသီ ၀က္စ္ဟမ္း အသင္းထံ ေျပာင္းေရႊ႕ဖို႔ အခြင့္ ရလာေပမယ့္ ျငင္းပယ္လိုက္ျပီး ခ်ယ္ဆီးမွာ ဆက္ေနကာ ပြဲထြက္ခြင့္ ၾကိဳးစားဖို႔ ဆံုးျဖတ္လိုက္ပါတယ္။
