ယနေ့ညပိုင်း နောက်ဆုံးရ ဥရောပတခွင်မှ ဘောလုံး အပြောင်းအရွှေ့ သတင်းများ (07/08/21)

လီယွန်နယ် မက်ဆီဟာ စီးရီးအေသို့ သွားပြီး ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ကာ စီ ရိုနယ်ဒိုနဲ့ အတူ တွဲကစားဖို့ ဂျိမ်းစ် ရိုဒီဂွက်ဇ် က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်သမား လင်ဂတ် ဟာ ကိုဗစ်ပိုး တွေ့ရှိတာကြောင့် သီးခြား ခွဲနေ နေရပြီ ဖြစ်ပြီး ဒီနေ့ည ကစားတဲ့ အဲဗာတန်နဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့ရပါတယ်။

အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး လူကာကူရဲ့တန်ကြေးကို ပေါင် ၁၀၂ သန်း လို့ သတ်မှတ်ထားတာကြောင့် ချယ်ဆီးအသင်းဟာ ကစားသမား ၃ ဦးထိ ထည့်သွင်း အလိုက်ပေးမှု ပြုလုပ်ကာ ညှိနှိုင်းနေပါတယ်။

ဒီနွေဈေးကွက်မှာ လူကာကူ ကို လက်လွှတ်နိုင်ဖွယ် ရှိလာတဲ့ အင်တာမီလန်ဟာ အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေပြီ ဖြစ်ပြီး အတ္တလန္တာမှ ဇက်ပါတာနဲ့ ရိုမား တိုက်စစ်မှူး ဒီဂျက်ကို တို့ကို ပစ်မှတ်ထားရန် စဉ်းစားနေပါတယ်။

မက်ဆီနဲ့ အတူ တစ်သင်းတည်း ကစားဖို့ ဒီနွေမှာ ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး အဂွယ်ရိုဟာ ၎င်းရဲ့ နိုင်ငံအသင်းဖော် မက်ဆီ အခုလို ထွက်ခွာသွားတာကြောင့် စိတ်ပျက်နေပြီး ဘာစီလိုနာကနေ ထွက်ခွာရန် နည်းလမ်း ရှာနေပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ်မှ ဆယ်ကျော်သက် ကွင်းလယ်သမားလေး ဘော်ဘီ ကလပ်ခ်ကို စပါးထက် လက်ဦးမှုယူပြီး ခေါ်ယူဖြစ်ဖို့ များနေပါတယ်။

စပါး တိုက်စစ်မှူး ကိန်းကတော့ ၎င်းဟာ အသင်းနဲ့ အတူ လေ့ကျင့်ဖို့ ဘယ်တုန်းကမှ မငြင်းဆန်ဖူးကြောင်း ပြောဆိုလိက်ပြီး အသင်း ထရိန်နင်သို့ လာရောက်ပူးပေါင်းတော့မှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

Zawgyi





မက်ဆီနဲ့ အတူ တစ်သင်းတည်း ကစားဖို့ ဒီနွေမှာ ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး အဂွယ်ရိုဟာ ၄င်းရဲ့ နိုင်ငံအသင်းဖော် မက်ဆီ အခုလို ထွက်ခွာသွားတာကြောင့် စိတ်ပျက်နေပြီး ဘာစီလိုနာကနေ ထွက်ခွာရန် နည်းလမ်း ရှာနေပါတယ်။


စပါး တိုက်စစ်မှူး ကိန်းကတော့ ၄င်းဟာ အသင်းနဲ့ အတူ လေ့ကျင့်ဖို့ ဘယ်တုန်းကမှ မငြင်းဆန်ဖူးကြောင်း ပြောဆိုလိက်ပြီး အသင်း ထရိန်နင်သို့ လာရောက်ပူးပေါင်းတော့မှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။