ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (05/06/20)

ပရီးမီးယားလိဂ် ထိပ်သီးတွေ အပြိုင် ကြိုးပမ်းခဲ့ကြတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ချယ်ဆီးအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းထွက်ပေါ်နေပါတယ်။ ဝါနာကို ယူနိုက်တက်နဲ့ လီဗာပူးတို့လည်း ချိတ်ဆက်ခဲ့ကြပါတယ်။

ယူနိုက်တက် စောင့်ကြည့်နေတဲ့ ဘင်ဖီကာ အသင်းမှ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ဖလိုရန်တီနို လူးဝစ် ကို တရားဝင် ချိတ်ဆက် ကမ်းလှမ်းထားတဲ့ အသင်းတွေ ရှိနေပြီ ဖြစ်ကြောင်း အေးဂျင့် ဖြစ်သူက အတည်ပြု ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကနေ ထွက်ဖို့ ခြေလှမ်းပြင်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်သမား ပေါ့ဘာကို ကွင်းလယ်တိုက်စစ် ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲ ကစားရင် ခြေစွမ်းပြနိုင်တော့မှာကို ထောက်ပြကာ စည်းရုံးဖို့ စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန် စရင် ယူနိုက်တက်ဟာ ပွဲဦးထွက် အဖြစ် စပါးအသင်းနဲ့ ဇွန် ၂၀ ရက်နေ့ မနက် ၁း၄၅ နာရီမှာ အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ခံစစ်မှူး လုခ် ရှော ကတော့ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်တို့ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

ဂိုးသမား ဒီဂီယာနဲ့ အိုးထရက်ဖို့ဒ်မှာ ပထမတစ်နှစ် အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ပိုလန်သား ယူနိုက်တက်ဂိုးသမားဟောင်းကြီး Tomasz Kuszczak ကတော့ စပိန်သားဟာ အသင်းထရိန်နင်မှာ စပိုက်ဒါမန်းလို လေ့ကျင့်နေသူ ဖြစ်ပြီး သူ့အလုပ်သူ အကောင်းဆုံး လုပ်တတ်တဲ့ အသင်းသား ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ထိပ္သီးေတြ အျပိဳင္ ၾကိဳးပမ္းခဲ့ၾကတဲ့ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ခ်ယ္ဆီးအသင္းက ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီလို႔ သတင္းထြက္ေပၚေနပါတယ္။ ၀ါနာကို ယူနိုက္တက္နဲ႕ လီဗာပူးတို႔လည္း ခ်ိတ္ဆက္ခဲ့ၾကပါတယ္။

ယူနိုက္တက္ ေစာင့္ၾကည့္ေနတဲ့ ဘင္ဖီကာ အသင္းမွ အသက္ ၂၀ အရြယ္ ကြင္းလယ္ကစားသမား ဖလိုရန္တီနို လူး၀စ္ ကို တရား၀င္ ခ်ိတ္ဆက္ ကမ္းလွမ္းထားတဲ့ အသင္းေတြ ရွိေနျပီ ျဖစ္ေၾကာင္း ေအးဂ်င့္ ျဖစ္သူက အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အသင္းကေန ထြက္ဖို႔ ေျခလွမ္းျပင္ခဲ့တဲ့ ျပင္သစ္ကြင္းလယ္သမား ေပါ့ဘာကို ကြင္းလယ္တိုက္စစ္ ဘရူနို ဖာနန္ဒက္စ္နဲ႕ တြဲ ကစားရင္ ေျခစြမ္းျပနုိ္င္ေတာ့မွာကို ေထာက္ျပကာ စည္းရံုးဖို႔ စီစဥ္ေနပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္ စရင္ ယူနုိက္တက္ဟာ ပြဲဦးထြက္ အျဖစ္ စပါးအသင္းနဲ႕ ဇြန္ ၂၀ ရက္ေန႔ မနက္ ၁း၄၅ နာရီမွာ အေ၀းကြင္း သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

ယူနုိက္တက္ ခံစစ္မွဴး လုခ္ ေရွာ ကေတာ့ အသင္းရဲ႕ ကြင္းလယ္လူေတြ ျဖစ္ၾကတဲ့ ေပါ့ဘာ နဲ႔ ဖာနန္ဒက္စ္တို႔ဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကြင္းလယ္ ကစားသမားေတြ ျဖစ္တယ္လို႔ အခိုင္အမာ ေျပာၾကားသြားလိုက္တာ ျဖစ္ပါတယ္။

ဂိုးသမား ဒီဂီယာနဲ႔ အိုးထရက္ဖို႔ဒ္မွာ ပထမတစ္ႏွစ္ အတူ အလုပ္လုပ္ခဲ့ဖူးတဲ့ ပိုလန္သား ယူႏိုက္တက္ဂိုးသမားေဟာင္းႀကီး Tomasz Kuszczak ကေတာ့ စပိန္သားဟာ အသင္းထရိန္နင္မွာ စပိုက္ဒါမန္းလို ေလ့က်င့္ေနသူ ျဖစ္ၿပီး သူ႔အလုပ္သူ အေကာင္းဆုံး လုပ္တတ္တဲ့ အသင္းသား ျဖစ္ေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။