မာရှယ်ကို ယူနိုက်တက် အပြတ်ရောင်းလိုပေမယ့် အငှားနဲ့ အရင်ခေါ်ဖို့ ဈေးဆစ်နေတဲ့ အင်တာမီလန်

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး မာရှယ်ကို ဒီနွေမှာ ရောင်းချလိုနေပြီး အင်တာမီလန်ကတော့ အငှားနဲ့ အရင် ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အငှားတစ်ရာသီ ပြီးရင် မာရှယ်ကို ဝယ်ဖြစ်အောင် ဝယ်ယူမယ့် အချက် ပါရင်တော့ ယူနိုက်တက်က ခွင့်ပြုဖို့ ရှိနေပါတယ်။

စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းဟာ လူကာကူ ကို ချယ်ဆီးထံ ပေါင် ၉၇ သန်းခွဲနဲ့ ရောင်းချဖို့ သဘောတူထားပြီး မာတီနက်ဇ်ကိုလည်း ရောင်းချဖြစ်ဖို့ ချိတ်ဆက်နေတာကြောင့် တိုက်စစ်မှူး လိုအပ်မှုတွေ ရှိလာတော့မှာပါ။

ဒါကြောင့် ရိုးမားတိုက်စစ်မှူး ဂျက်ကို၊ လာဇီယိုမှ ကိုရီရာတို့ ကို ပစ်မှတ်ထားနေတဲ့ အပြင် ရေရှည် စောင့်ကြည့်ထားတဲ့ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကိုလည်း အင်တာက ခေါ်ယူဖို့ ကြိုးစားလာတာပါ။

အင်္ဂလန် သတင်းတွေ အဆိုအရ အင်တာမီလန် ဟာ မာရှယ်ကို တစ်ရာသီ အငှားနဲ့ အရင် ခေါ်ယူလိုတာ ဖြစ်ပြီး ယူနိုက်တက်ကတော့ အပြီး ရောင်းချကာ ငွေပြန်ရှာလိုနေပါတယ်။ ဒီနွေမှာ ယူနိုက်တက်ကလည်း ကစားသမား ခေါ်ယူမှုအတွက် သုံးစွဲမှု များထားတဲ့ အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ မာရှယ်ကို အငှားနဲ့ လက်လွှတ်ရရင်လည်း မာရှယ်ရဲ့ တစ်ပတ် ပေါင် ၂ သိန်း လုပ်ခ လစာသက်သာ သွားမှာ ဖြစ်တာကြောင့် နောက်နှစ်မှာ အပြီးဝယ်ယူမယ် ဆိုတဲ့ အချက် ပါရင်တော့ ပြင်သစ်သားကို ထွက်ခွာခွင့် ပြုသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အထောင် တိုက်စစ်မှာ ကာဗာနီကို ပို သုံးချင်နေပြီး ဂရင်းဝုဒ်၊ ရက်ဖို့ဒ်တို့လည်း ဝင် ကစားနိုင်တာကြောင့် မာရှယ်ကို ရောင်းချကာ အခြား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လိုနေပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ တိုက္စစ္မွဴး မာရွယ္ကို ဒီေႏြမွာ ေရာင္းခ်လိုေနျပီး အင္တာမီလန္ကေတာ့ အငွားနဲ႕ အရင္ ေခၚယူလိုေနပါတယ္။ ဒါေပမယ့္ အငွားတစ္ရာသီ ျပီးရင္ မာရွယ္ကို ၀ယ္ျဖစ္ေအာင္ ၀ယ္ယူမယ့္ အခ်က္ ပါရင္ေတာ့ ယူနိုက္တက္က ခြင့္ျပဳဖို႔ ရွိေနပါတယ္။

စီးရီးေအ ခ်န္ပီယံ အင္တာမီလန္အသင္းဟာ လူကာကူ ကို ခ်ယ္ဆီးထံ ေပါင္ ၉၇ သန္းခြဲနဲ႕ ေရာင္းခ်ဖို႔ သေဘာတူထားျပီး မာတီနက္ဇ္ကိုလည္း ေရာင္းခ်ျဖစ္ဖို႔ ခ်ိတ္ဆက္ေနတာေၾကာင့္ တိုက္စစ္မွဴး လိုအပ္မႈေတြ ရွိလာေတာ့မွာပါ။

ဒါေၾကာင့္ ရိုးမားတိုက္စစ္မွဴး ဂ်က္ကို၊ လာဇီယိုမွ ကိုရီရာတို႔ ကို ပစ္မွတ္ထားေနတဲ့ အျပင္ ေရရွည္ ေစာင့္ၾကည့္ထားတဲ့ ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ကိုလည္း အင္တာက ေခၚယူဖို႔ ၾကိဳးစားလာတာပါ။

အဂၤလန္ သတင္းေတြ အဆိုအရ အင္တာမီလန္ ဟာ မာရွယ္ကို တစ္ရာသီ အငွားနဲ႕ အရင္ ေခၚယူလိုတာ ျဖစ္ျပီး ယူနိုက္တက္ကေတာ့ အျပီး ေရာင္းခ်ကာ ေငြျပန္ရွာလိုေနပါတယ္။ ဒီေႏြမွာ ယူနိုက္တက္ကလည္း ကစားသမား ေခၚယူမႈအတြက္ သံုးစြဲမႈ မ်ားထားတဲ့ အသင္း ျဖစ္ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ဟာ မာရွယ္ကို အငွားနဲ႕ လက္လႊတ္ရရင္လည္း မာရွယ္ရဲ႕ တစ္ပတ္ ေပါင္ ၂ သိန္း လုပ္ခ လစာသက္သာ သြားမွာ ျဖစ္တာေၾကာင့္ ေနာက္နွစ္မွာ အျပီး၀ယ္ယူမယ္ ဆိုတဲ့ အခ်က္ ပါရင္ေတာ့ ျပင္သစ္သားကို ထြက္ခြာခြင့္ ျပဳသြားမယ္လို႔ သိရပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အေထာင္ တိုက္စစ္မွာ ကာဗာနီကို ပို သံုးခ်င္ေနျပီး ဂရင္း၀ုဒ္၊ ရက္ဖို႔ဒ္တို႔လည္း ၀င္ ကစားနိုင္တာေၾကာင့္ မာရွယ္ကို ေရာငး္ခ်ကာ အျခား အင္အားျဖည့္တင္းမႈေတြ လုပ္ေဆာင္လိုေနပါတယ္။