ယူနိုက်တက် အထိနာစေမယ့် အငှား ကစားသမားတွေအတွက် အတည်ပြုချက် ထွက်တော့မည်

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ အငှားစေလွှတ်ထားတဲ့ ကစားသမားတွေ သက်တမ်းကုန်လို့ အသီးသီး ပြန်လာသည့်တိုင် မိခင် ကလပ် အသင်းတွေနဲ့ လက်ကျန် ပွဲစဉ်များမှာ ပါဝင်ကစားခွင့် မရှိဘူးလု့ိ အတည်ပြုချက် ထွက်တော့မှာ ဖြစ်ကြောင်း ဒေးလီးမေးလ်မှာ ဖော်ပြလာပါတယ်။

ထို အချက်က ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ရုန်းရမယ့် ယူနိုက်တက် အတွက် စမောလင်း၊ ဆန်းချက်တို့လို ကစားသမားတွေ ပြန်လာရင်တောင် ထည့် ကစားခွင့် ရှိမှာ မဟုတ်ကြောင်း သေချာစေခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ် ထိခိုက်တယ် ဆိုနိုင်တာ ချယ်ဆီးအသင်း ဖြစ်ပြီး လမ်းပတ်ရဲ့ အသင်းဟာ အငှားလွှတ်ထားတဲ့ ကစားသမား ၂၇ ယောက်ထိ ရှိထားပါတယ်။

ချယ်ဆီးအသင်းက အငှားလွှတ် ကစားသမား များလွန်းတဲ့ ကလပ်အသင်း ဖြစ်တာကြောင့် နောက်ရာသီက စလို့ အငှား ၂၅ ယောက်ထိသာ စေလွှတ်ဖို့လည်း စည်းမျဉ်းများ ပြောင်းလဲထားကြပြီး ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ချယ်ဆီးက အဆင့် ၄၊ မန်ယူနိုက်တက်က အဆင့် ၅ ရှိနေပြီး အဆင့် ၄ ကနေ ၇ ကြား အမှတ်ကွာဟချက်ဟာ ၅ မှတ်သာ ရှိတာကြောင့် ဥရောပဝင်ခွင့် တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အငှားထွက် ကစားသမား တော်တော်များများဟာ လက်ရှိကလပ်အသင်းတွေနဲ့ အငှားပြီးဆုံးလို့၊ ပွဲတွေ ကုန်လို့ ပြန်လာသည့်တိုင် မိခင်ကလပ် အသင်းနဲ့လည်း ပါဝင် ကစားခွင့် ရမှာ မဟုတ်လို့ ထို ကစားသမားတွေက နောက် တစ်လ နှစ်လလောက် ဘုံပျောက်ဖွယ် ရှိပါတယ်။ ၎င်းတို့ အနေနဲ့ အိမ်မှာ နေထိုင် လေ့ကျင့်ရဖို့ များပါတယ်။

ယူနိုက်တက် ရိုးမားထံ အငှားချထားတဲ့ ဗဟိုခံစစ်မှူး စမောလင်းက အီတလီမြေမှာ ခြေစွမ်းကောင်းတွေ ပြနေသူ ဖြစ်လို့ မန်ချက်စတာ ကလပ် မျှော်လင့်နိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဆန်းချက်ကတော့ အင်တာမီလန်မှာ အငှား ကစားနေပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်နေ်ရဆဲ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ အငွားေစလႊတ္ထားတဲ့ ကစားသမားေတြ သက္တမ္းကုန္လို႔ အသီးသီး ျပန္လာသည့္တိုင္ မိခင္ကလပ္ အသင္းေတြနဲ႕ လက္က်န္ ပြဲစဥ္မ်ားမွာ ပါ၀င္ကစားခြင့္ မရွိဘူးလု႔ိ အတည္ျပဳခ်က္ ထြက္ေတာ့မွာ ျဖစ္ေၾကာင္း ေဒးလီးေမးလ္မွာ ေဖာ္ျပလာပါတယ္။

ထို အခ်က္က ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ရုန္းရမယ့္ ယူနိုက္တက္ အတြက္ စေမာလင္း၊ ဆန္းခ်က္တို႔လို ကစားသမားေတြ ျပန္လာရင္ေတာင္ ထည့္ ကစားခြင့္ ရွိမွာ မဟုတ္ေၾကာင္း ေသခ်ာေစခဲ့ျပီ ျဖစ္ပါတယ္။ ေနာက္ထပ္ ထိခိုက္တယ္ ဆိုနိုင္တာ ခ်ယ္ဆီးအသင္း ျဖစ္ျပီး လမ္းပတ္ရဲ႕ အသင္းဟာ အငွားလႊတ္ထားတဲ့ ကစားသမား ၂၇ ေယာက္ထိ ရွိထားပါတယ္။

ခ်ယ္ဆီးအသင္းက အငွားလႊတ္ ကစားသမား မ်ားလြန္းတဲ့ ကလပ္အသင္း ျဖစ္တာေၾကာင့္ ေနာက္ရာသီက စလို႔ အငွား ၂၅ ေယာက္ထိသာ ေစလႊတ္ဖို႔လည္း စည္းမ်ဥ္းမ်ား ေျပာင္းလဲထားၾကျပီး ျဖစ္ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ ခ်ယ္ဆီးက အဆင့္ ၄၊ မန္ယူနိုက္တက္က အဆင့္ ၅ ရွိေနျပီး အဆင့္ ၄ ကေန ၇ ၾကား အမွတ္ကြာဟခ်က္ဟာ ၅ မွတ္သာ ရွိတာေၾကာင့္ ဥေရာပ၀င္ခြင့္ တိုက္ပြဲက ျပင္းထန္ေနဆဲ ျဖစ္ပါတယ္။

အငွားထြက္ ကစားသမား ေတာ္ေတာ္မ်ားမ်ားဟာ လက္ရွိကလပ္အသင္းေတြနဲ႕ အငွားျပီးဆံုးလို႔၊ ပြဲေတြ ကုန္လို႔ ျပန္လာသည့္တိုင္ မိခင္ကလပ္ အသင္းနဲ႕လည္း ပါ၀င္ ကစားခြင့္ ရမွာ မဟုတ္လို႔ ထို ကစားသမားေတြက ေနာက္ တစ္လ နွစ္လေလာက္ ဘံုေပ်ာက္ဖြယ္ ရွိပါတယ္။ ၄င္းတို႔ အေနနဲ႕ အိမ္မွာ ေနထိုင္ ေလ့က်င့္ရဖို႔ မ်ားပါတယ္။

ယူနိုက္တက္ ရိုးမားထံ အငွားခ်ထားတဲ့ ဗဟိုခံစစ္မွဴး စေမာလင္းက အီတလီေျမမွာ ေျခစြမ္းေကာင္းေတြ ျပေနသူ ျဖစ္လို႔ မန္ခ်က္စတာ ကလပ္ ေမွ်ာ္လင့္နိုင္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ ဆန္းခ်က္ကေတာ့ အင္တာမီလန္မွာ အငွား ကစားေနေပမယ့္ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေန္ရဆဲ ျဖစ္ပါတယ္။