မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတာနဲ့ ကစားရမယ့် ပွဲဦးထွက် စပါးနဲ့ ပွဲ အတွက် ယူနိုက်တက် အသင်းသားတွေကို ကြိုတင်ပြီး သတိပေးစကား ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပွဲတွေ ပြန်စတာနဲ့ ဇွန် ၁၉ ရက်နေ့မှာ စပါးအသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံ လိဂ် ဝင်ခွင့် တစ်နေရာ အတွက် အပြိုင်အဆိုင် ရှိနေတဲ့ အသင်းတွေချင်း ဖြစ်တာကြောင့် ဆိုးရှားရဲ့ ယူနိုက်တက် အတွက် အမှားခံလို့ မရတဲ့ ပွဲလို့လည်း ဆိုရမှာပါ။
ဆိုးရှားကတော့ စပါးနဲ့ပွဲမှာတည်းက ယူနိုက်တက်ဟာ အသင်းရဲ့ အကောင်းဆုံးပုံစံ ပြန်ရယူရမယ်လို့ သတိပေးလိုက်ပြီး ဒီပွဲအတွက် အားခဲထားတာ တော်တော့်ကို ကြာခဲ့ပြီလို့ ဆိုခဲ့ပါတယ်။
” ကျနော်တို့ ဒီပွဲကို စောင့်မျှော်နေတာ နှစ်တောင် ချီနေပြီလို့ ခံစားရတယ် တကယ်ပါ။ အခု မကြာခင်ပဲ တကယ် ကန်ရတော့မယ်။ ပြန်ကန်ရမယ့် ပထမဆုံးပွဲက ဒီနေ့ကနေဆို နှစ်ပတ် အကြာပေါ့။ ဒီတော့ ထရိန်နင်မှာ ကျနော်တို့ တက်တက်ကြွကြွ လုပ်ရမယ်။ ဒီပွဲမှာတည်းက ကျနေ်ာတို့ အကောင်းဆုံးပုံစံ ရနေရမယ်။
ကျနေ်ာတို့ အကောင်းဆုံး လုပ်ပြမှကို ဖြစ်မယ် ဆိုတာ အားလုံး သိကြတယ်။ စပါးနဲ့ ပွဲအတွက် လုံး၀ အာရုံစိုက်ထားရမယ် ဒါက တကယ့် ပွဲကြီးပွဲကောင်းပါ။ ဒီရာသီ ပွဲဦးထွက် ချယ်ဆီးနဲ့တုန်းက ကျနော့် ကစားသမားတွေ လုပ်ပြနိုင်ခဲ့သလို စပါးနဲ့ ပွဲမှာလည်း ကျနော့် ကစားသမားတွေ အကြီးကြီး လုပ်ပြနိုင်မယ်လို့ ယုံကြည်ထားတယ်။ ဒီလို စိတ်ဓာတ်နဲ့ သွားပြီး ပွဲကောင်း တစ်ပွဲ ကစားမှာပါ။ ” လို့ ဆိုးရှားက တက်ကြွစွာ ပြောဆိုခဲ့ပါတယ်။
ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ဘောလုံးပွဲတွေ မရပ်နားခင်က ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ရထားပါတယ်။ ယူနိုက်တက်က ထိပ်သီး လေးသင်းအတွက် ပရီးမီးယားလိဂ်မှာ ရုန်းရမှာ ဖြစ်သလို၊ အက်ဖ်အေဖလား ပွဲနဲ့ ယူရိုပါလိဂ် ပွဲများလည်း ကစားဖို့ ရှိနေပါသေးတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတာနဲ႕ ကစားရမယ့္ ပြဲဦးထြက္ စပါးနဲ႕ ပြဲ အတြက္ ယူနုိက္တက္ အသင္းသားေတြကို ၾကိဳတင္ျပီး သတိေပးစကား ထုတ္ျပန္လိုက္ျပီ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ပြဲေတြ ျပန္စတာနဲ႕ ဇြန္ ၁၉ ရက္ေန႕မွာ စပါးအသင္းကို အေ၀းကြင္း သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ ခ်န္ပီယံ လိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အျပိဳင္အဆိုင္ ရွိေနတဲ့ အသင္းေတြခ်င္း ျဖစ္တာေၾကာင့္ ဆိုးရွားရဲ႕ ယူနုိက္တက္ အတြက္ အမွားခံလို႔ မရတဲ့ ပြဲလို႔လည္း ဆိုရမွာပါ။
ဆိုးရွားကေတာ့ စပါးနဲ႕ပြဲမွာတည္းက ယူနုိက္တက္ဟာ အသင္းရဲ႕ အေကာင္းဆံုးပံုစံ ျပန္ရယူရမယ္လို႔ သတိေပးလိုက္ျပီး ဒီပြဲအတြက္ အားခဲထားတာ ေတာ္ေတာ့္ကုိ ၾကာခဲ့ျပီလို႔ ဆိုခဲ့ပါတယ္။
” က်ေနာ္တို႔ ဒီပြဲကို ေစာင့္ေမွ်ာ္ေနတာ နွစ္ေတာင္ ခ်ီေနျပီလို႔ ခံစားရတယ္ တကယ္ပါ။ အခု မၾကာခင္ပဲ တကယ္ ကန္ရေတာ့မယ္။ ျပန္ကန္ရမယ့္ ပထမဆံုးပြဲက ဒီေန႔ကေနဆို နွစ္ပတ္ အၾကာေပါ့။ ဒီေတာ့ ထရိန္နင္မွာ က်ေနာ္တို႔ တက္တက္ၾကြၾကြ လုပ္ရမယ္။ ဒီပြဲမွာတည္းက က်ေန္ာတို႔ အေကာင္းဆံုးပံုစံ ရေနရမယ္။
က်ေန္ာတို႕ အေကာင္းဆံုး လုပ္ျပမွကို ျဖစ္မယ္ ဆိုတာ အားလံုး သိၾကတယ္။ စပါးနဲ႕ ပြဲအတြက္ လံုး၀ အာရံုစိုက္ထားရမယ္ ဒါက တကယ့္ ပြဲၾကီးပြဲေကာင္းပါ။ ဒီရာသီ ပြဲဦးထြက္ ခ်ယ္ဆီးနဲ႕တုန္းက က်ေနာ့္ ကစားသမားေတြ လုပ္ျပနိုင္ခဲ့သလို စပါးနဲ႕ ပြဲမွာလည္း က်ေနာ့္ ကစားသမားေတြ အၾကီးၾကီး လုပ္ျပနို္င္မယ္လို႔ ယံုၾကည္ထားတယ္။ ဒီလို စိတ္ဓာတ္နဲ႕ သြားျပီး ပြဲေကာင္း တစ္ပြဲ ကစားမွာပါ။ ” လို႔ ဆိုးရွားက တက္ၾကြစြာ ေျပာဆိုခဲ့ပါတယ္။
ဆိုးရွားရဲ႕ ယူနုိက္တက္ဟာ ေဘာလံုးပြဲေတြ မရပ္နားခင္က ျပိဳင္ပြဲစံု ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္း ရထားပါတယ္။ ယူနုိက္တက္က ထိပ္သီး ေလးသင္းအတြက္ ပရီးမီးယားလိဂ္မွာ ရုန္းရမွာ ျဖစ္သလို၊ အက္ဖ္ေအဖလား ပြဲနဲ႕ ယူရိုပါလိဂ္ ပြဲမ်ားလည္း ကစားဖို႔ ရွိေနပါေသးတယ္။