ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီ တိုက်စစ်ကြယ်ပွင့် အမ်ဘတ်ပီ ကို ခေါ်ယူဖို့ ယူရို သန်း ၁၅၀ တန် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း စပိန် AS သတင်းဌာနက ဖော်ပြထားပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်မှာ အငှားကစားခဲ့တဲ့ အိုဒီဂတ်ကို ရောင်းထုတ်ပြီးတာနဲ့ အမ်ဘတ်ပီ အတွက် လှုပ်ရှားမှာ လို့ ဆိုပါတယ်။
ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ဗာရိန်း က နောက်ဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက် သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ယူနိုက်တက် ဂျာစီနဲ့ ကြေငြာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူး ခံစစ်မှူး ဗန်ဒေးဗီးစ်ဟာ ရှက်ဖီးယူနိုက်တက် အသင်းထံ တစ်ရာသီ အငှား သွားရောက် ကစားဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒေးဗီးစ်ကို ရှက်ဖီးက တခါတည်း ဝယ်ယူလိုခဲ့ပေမယ့် လီဗာပူးက ငြင်းဆန်ခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဖိလစ် ကော်တင်ညို နဲ့ မြန်နိုင်သမျှ မြန်မြန် လမ်းခွဲလိုနေကြောင်း Marca သတင်းဌာနက ဖော်ထုတ်ထားပါတယ်။ ဘရာဇီးသား တိုက်စစ်သမားကို လိုချင်တဲ့ အသင်းတွေ ရှိပေမယ့် ကမ်းလှမ်းမှုတွေ မရရှိသေးပါဘူး။
အဲဗာတန် နည်းပြ ဘင်နီတက်ဇ်ကတော့ ကလပ်အသင်း ဘဏ္ဍာရေး စည်းမျဥ်းတွေနဲ့ ကိုက်ညီအောင် ကြိုးစား နေရတာကြောင့် ကစားသမားတွေကို ဆန္ဒရှိက အသင်းကနေ ထွက်ခွာခွင့် ပြုကြောင်း ထုတ်ဖော် ပြောဆိုထားရပါတယ်။
ဂျက် ဂရေးလစ်ချ်ဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ မန်စီးတီး ရောက်သွားတာကြောင့် ဝက်စ်ဟမ်း အသင်းဟာ ၎င်းတို့ ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ် ကိုလည်း ထိုပမာဏထက် နည်းပါးတဲ့ ကမ်းလှမ်းမှု လက်ခံသွားမှာ မဟုတ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာကြောင့် လူကာကူရဲ့ မိသားစုဟာ ခြိမ်းခြောက်မှုတွေ များစွာ ခံခဲ့ရကြောင်း လူကာကူရဲ့ အေးဂျင့်က ဖွင့်ဟလိုက်ပါတယ်။ အင်တာမီလန် ပရိသတ်တွေက လူကာကူ အပေါ် အမျက် ထွက်ခဲ့ကြပါတယ်။

Zawgyi
ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီ တိုက္စစ္ၾကယ္ပြင့္ အမ္ဘတ္ပီ ကို ေခၚယူဖို႔ ယူရို သန္း ၁၅၀ တန္ ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ဖို႔ ျပင္ဆင္ေနေၾကာင္း စပိန္ AS သတင္းဌာနက ေဖာ္ျပထားပါတယ္။ ရီးရဲလ္ဟာ ျပီးခဲ့တ့ဲရာသီ အာဆင္နယ္မွာ အငွားကစားခဲ့တဲ့ အိုဒီဂတ္ကို ေရာင္းထုတ္ျပီးတာနဲ႕ အမ္ဘတ္ပီ အတြက္ လႈပ္ရွားမွာ လို႔ ဆိုပါတယ္။
ျပင္သစ္လက္ေရြးစင္ ခံစစ္မွဴး ဗာရိန္း က ေနာက္ဆံုးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ သို႔ ေရာက္ရွိျပီ ျဖစ္ေၾကာင္း ယူနိုက္တက္ ဂ်ာစီနဲ႕ ေၾကျငာနိုင္ခဲ့ျပီ ျဖစ္ပါတယ္။
လီဗာပူး ခံစစ္မွဴး ဗန္ေဒးဗီးစ္ဟာ ရွက္ဖီးယူနိုက္တက္ အသင္းထံ တစ္ရာသီ အငွား သြားေရာက္ ကစားဖို႔ သေဘာတူညီမႈရခဲ့ျပီ ျဖစ္ေၾကာင္း စကိုင္းစေပါ့ သတင္းဌာနက ေဖာ္ျပထားပါတယ္။ ေဒးဗီးစ္ကို ရွက္ဖီးက တခါတည္း ၀ယ္ယူလိုခဲ့ေပမယ့္ လီဗာပူးက ျငင္းဆန္ခဲ့ပါတယ္။
ဘာစီလိုနာ အသင္းဟာ ဖိလစ္ ေကာ္တင္ညိဳ နဲ႕ ျမန္နုိင္သမွ် ျမန္ျမန္ လမ္းခြဲလိုေနေၾကာင္း Marca သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။ ဘရာဇီးသား တိုက္စစ္သမားကို လိုခ်င္တဲ့ အသင္း္ေတြ ရွိေပမယ့္ ကမ္းလွမ္းမႈေတြ မရရွိေသးပါဘူး။
အဲဗာတန္ နည္းျပ ဘင္နီတက္ဇ္ကေတာ့ ကလပ္အသင္း ဘ႑ာေရး စည္းမ်ဥး္ေတြနဲ႕ ကိုက္ညီေအာင္ ၾကိဳးစား ေနရတာေၾကာင့္ ကစားသမားေတြကို ဆႏၵရွိက အသင္းကေန ထြက္ခြာခြင့္ ျပဳေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားရပါတယ္။
ဂ်က္ ဂေရးလစ္ခ်္ဟာ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ နဲ႕ မန္စီးတီး ေရာက္သြားတာေၾကာင့္ ၀က္စ္ဟမ္း အသင္းဟာ ၄င္းတို႕ ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ရိုက္စ္ ကိုလည္း ထိုပမာဏထက္ နည္းပါးတဲ့ ကမ္းလွမ္းမႈ လက္ခံသြားမွာ မဟုတ္ေၾကာင္း ေဒးလီးေမးလ္က ေဖာ္ျပထားပါတယ္။
ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ လူကာကူရဲ႕ မိသားစုဟာ ျခိမ္းေျခာက္မႈေတြ မ်ားစြာ ခံခဲ့ရေၾကာင္း လူကာကူရဲ႕ ေအးဂ်င့္က ဖြင့္ဟလိုက္ပါတယ္။ အင္တာမီလန္ ပရိသတ္ေတြက လူကာကူ အေပၚ အမ်က္ ထြက္ခဲ့ၾကပါတယ္။
