လိဒ်ကို ဂိုးပြတ်နိုင်ပွဲမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ ခြေ သိပ်ကောင်းတဲ့ အကြောင်းအရင်းကို ထောက်ပြတဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲကို အိုးထရက်ဖို့ဒ်ကွင်းမှာ ပရိသတ်တွေ ရှေ့မှောက် ကစားပြီး လိဒ်ကို ၅-၁ နဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အားရဖွယ် ဂိုးပြတ် နိုင်ပွဲ အပေါ် နည်းပြ ဆိုးရှားကလည်း ကျေနပ် ပျော်ရွှင်နေပြီး ဟက်ထရစ် သွင်းခဲ့တဲ့ ဖာနန်ဒက်စ်၊ ၄ ဂိုး ထောက်ပံ့တဲ့ ပေါ့ဘာတို့ အပြင် တစ်သင်းလုံးကလည်း ထူးချွန်ခဲ့တာလို့ ပွဲ အပြီးမှာ ချီးကျူးခဲ့ပါတယ်။

” ဘရူနိုက ၃ ဂိုးသွင်းတယ်၊ ပေါ့ဘာက လေးဂိုး ထောက်ပံ့တယ်။ သတင်းခေါင်းစီးတွေမှာတော့ သူတို့ သေချာပေါက် နေရာယူမှာပါ။ ဒါပေမယ့် ကျနော် အတွက်ကတော့ အသင်းလိုက် အောင်ပွဲပဲ။ ဒီနှစ်ယောက် က အခြေအနေ ကောင်းကြီးတွေ ဖန်တီးနိုင်တယ် ဆိုတာ သူတို့နားက အသင်းဖော်တွေ ကြောင့်လည်း ပါတယ်။

အသင်း ရလဒ်ကတော့ ဒိထက်ပိုပြီးတောင် ကျနော် မလိုချင်တော့လောက်အောင်ပဲ။ ပထမဦးဆုံး ပွဲ ဖြစ်လို့ ပွဲမတိုင်ခင်မှာက စိုးရိမ်ရတယ်။ ကြံ့ခိုင်မှုပိုင်း လုံလောက်ပါမလား၊ နည်းစနစ်ကရော စသဖြင့်ပေါ။ ဒါပေမယ့် ပွဲက လုံးဝကို လန်းသွားတယ်။ တကယ့် နေ့ရက်ကောင်းပါပဲ။ ” လို့ ဆိုးရှားက ကျေနပ်စွာ ဆိုခဲ့ပါတယ်။

ကွင်းထဲမှာ အသင်း ပရိသတ်တွေကို ပြန်မြင်ရတာလည်း မောင်းနှင်အားကောင်း တစ်ခု ဖြစ်ခဲ့ကြောင်းလည်း ဆိုးရှားက ဆိုခဲ့သေးပြီး ပရိသတ်တွေက သူတို့အတွက် အရမ်း အရေးပါတယ်လို့လည်း ထပ်ခါ ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ ရာသီအဖြင့္ပြဲကို အိုးထရက္ဖို႔ဒ္ကြင္းမွာ ပရိသတ္ေတြ ေရွ႕ေမွာက္ ကစားျပီး လိဒ္ကို ၅-၁ နဲ႕ ဂိုးျပတ္ ေျချပတ္ အနုိင္ရရွိခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ အားရဖြယ္ ဂိုးျပတ္ နုိင္ပြဲ အေပၚ နည္းျပ ဆိုးရွားကလည္း ေက်နပ္ ေပ်ာ္ရႊင္ေနျပီး ဟက္ထရစ္ သြင္းခဲ့တဲ့ ဖာနန္ဒက္စ္၊ ၄ ဂိုး ေထာက္ပံ့တဲ့ ေပါ့ဘာတို႔ အျပင္ တစ္သင္းလံုးကလည္း ထူးခၽြန္ခဲ့တာလို႔ ပြဲ အျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။

” ဘရူနိုက ၃ ဂိုးသြင္းတယ္၊ ေပါ့ဘာက ေလးဂိုး ေထာက္ပံ့တယ္။ သတင္းေခါင္းစီးေတြမွာေတာ့ သူတို႔ ေသခ်ာေပါက္ ေနရာယူမွာပါ။ ဒါေပမယ့္ က်ေနာ္ အတြက္ကေတာ့ အသင္းလိုက္ ေအာင္ပဲြပဲ။ ဒီနွစ္ေယာက္ က အေျခအေန ေကာင္းၾကီးေတြ ဖန္တီးနိုင္တယ္ ဆိုတာ သူတို႔နားက အသင္းေဖာ္ေတြ ေၾကာင့္လည္း ပါတယ္။

အသင္း ရလဒ္ကေတာ့ ဒိထက္ပိုျပီးေတာင္ က်ေနာ္ မလိုခ်င္ေတာ့ေလာက္ေအာင္ပဲ။ ပထမဦးဆံုး ပြဲ ျဖစ္လို႔ ပြဲမတိုင္ခင္မွာက စိုးရိမ္ရတယ္။ ၾကံ႕ခိုင္မႈပိုင္း လံုေလာက္ပါမလား၊ နည္းစနစ္ကေရာ စသျဖင့္ေပါ။ ဒါေပမယ့္ ပြဲက လံုး၀ကို လန္းသြားတယ္။ တကယ့္ ေန႔ရက္ေကာင္းပါပဲ။ ” လို႔ ဆိုးရွားက ေက်နပ္စြာ ဆိုခဲ့ပါတယ္။

ကြင္းထဲမွာ အသင္း ပရိသတ္ေတြကို ျပန္ျမင္ရတာလည္း ေမာင္းနွင္အားေကာင္း တစ္ခု ျဖစ္ခဲ့ေၾကာင္းလည္း ဆိုးရွားက ဆိုခဲ့ေသးျပီး ပရိသတ္ေတြက သူတို႔အတြက္ အရမ္း အေရးပါတယ္လို႔လည္း ထပ္ခါ ေျပာဆိုခဲ့ပါတယ္။