ဝါနာနဲ့ နောက်ထပ်ပစ်မှတ် နှစ်ဦး ဝယ်ဖို့ ကစားသမား ၇ ယောက်ထိ ရှင်းထုတ်ရန် ချယ်ဆီးပြင်ဆင်

ချယ်ဆီးအသင်းဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို နွေမှာ ပေါင် ၅၃ သန်းနဲ့ ခေါ်ယူနိုင်ဖို့ သေချာလာတဲ့နောက် လာမယ့် အပြောင်းအရွှေ့ အတွက် ကစားသမား တော်တော်များများ ရှင်းထုတ် ရောင်းချရန် ပြင်ဆင်နေဦး အသင်းက ထွက်ခွာဖွယ် ရှိတဲ့ ချယ်ဆီး အသင်းသားက ၇ ဦးထိ ရှိနေပါတယ်။

တီမိုဝါနာက ဘွန်ဒစ်လီဂါမှာ ခြေစွမ်းအထူးပြနေတဲ့ တိုက်စစ်မှူး ဖြစ်ပြီး ဒီရာသီ ၂၅ ဂိုး သွင်းယူထားပါတယ်။ ၎င်းကို လီဗာပူးအသင်းနဲ့ အပြိုင် ကြိုးစားပြီးနောက် ချယ်ဆီးက အသာရကာ တစ်နှစ် လုပ်ခ ပေါင် ၉ သန်း တန်ကြေးရှိ ၅ နှစ် စာချုပ် ချုပ်ဆိုရန် စည်းရုံးနိုင်ခဲ့ပါတယ်။

ချယ်ဆီးရဲ့ နောက်ထပ် ဦးစားပေး ပစ်မှတ်နှစ်ဦးကတော့ လက်စတာ ခံစစ်မှူး ဘန်ချေးဝဲလ်နဲ့ ဆက်ဆိုလိုအသင်း တိုက်စစ်သမား ဂျာရင်း ဘိုဂါ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ စပိန်သား တောင်ပံ ကစားသမား ပက်ဒရိုကို သက်တမ်း မတိုးတော့ဘဲ လက်လွှတ်တော့မှာ ဖြစ်လု့ိ ၎င်း အတွက် လစာ ပေးချေနေရတာ တစ်ခု လျော့သွားဖို့ ရှိပါတယ်။ ပက်ဒရိုက ရိုးမားအသင်းထံ ပြောင်းရွှေ့ ဖြစ်ဖို့ အလွန်နီးစပ်နေပါတယ်။

ဒါ့အပြင် ဘရာဇီး တောင်ပံ တိုက်စစ်သမား ဝီလီယံ ကိုလည်း ချယ်ဆီးက သက်တမ်း မတိုးတော့တော့ကြောင့် လမ်းခွဲရတော့မှာ ဖြစ်ပါတယ်။ နွေမှာ အေဂျက်ကနေ ဇီယက်ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် လမ်းပတ်က တောင်ပံတိုက်စစ်မှာ မိုရိုကိုသားကို နေရာပေးဖို့ စီစဉ်ထားတာပါ။

ချေးဝဲလ်ကိုတော့ ဘယ်စွန်က မားကို့စ် အလွန်ဆို နေရာ အစားထိုးဖို့ ချယ်ဆီးက စီစဉ်နေတာ ဖြစ်ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ဟိုကို ခေါ်ယူရန် ဆရာဟောင်း ဂျူဗင်တပ် နည်းပြ ဆာရီက ညှိနှိုင်းနေပါတယ်။ နောက် တစ်ယောက်ကလည်း ခံစစ်မှူး ဇူးမားကို စပါးနည်းပြ မော်ရင်ညိုက ပြန်လည် လက်တွဲဖို့ ချိတ်ဆက်နေပါတယ်။

နောက်ထပ် ချယ်ဆီး ကွင်းလယ် တစ်ဦး ဖြစ်တဲ့ ရော့စ် ဘာကလေ ကို ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်က ချိတ်ဆက်နေပြီး အင်္ဂလန်သားကို ဇန်နဝါရီတည်းက အလိုရှိနေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းက ချယ်ဆီး တိုက်စစ်မှူး ဘတ်ရှူဝါယီကိုလည်း စောင့်ကြည့်နေပါတယ်။ ဘယ်လ်ဂျီယံသားကိုတော့ နယူးကာဆယ်နဲ့ ပဲလေ့စ်တို့ကလည်း ခေါ်ယူလိုနေပါတယ်။

ချယ်ဆီး အနေနဲ့ ဝါနာ အပြင် နောက်ထပ် ကြယ်ပွင့် ကစားသမား နှစ်ဦး အလိုရှိနေတာကြောင့် အထက်ပါ ချယ်ဆီးအသင်းသားတွေကို ၇ ဦးထိ ရောင်းချ ရှင်းထုတ်သွားဖို့ ရည်ရွယ်နေတာပါ။ ကစားသမား ရောင်းချခြင်းက ရရှိမယ့် ပြောင်းရွှေ့ကြေး အပြင် သက်တမ်းကုန်လို့ ထွက်ခွာသွားမယ့် ကစားသမားတွေ ရဲ့ လုပ်ခ လစာတွေက နည်းပြ လမ်းပတ် အတွက် အသုံးစရိတ် ပိုထွက်လာစေမယ့် လမ်းကြောင်းတွေ ဖြစ်နေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ေႏြမွာ ေပါင္ ၅၃ သန္းနဲ႕ ေခၚယူနုိင္ဖို႔ ေသခ်ာလာတဲ့ေနာက္ လာမယ့္ အေျပာင္းအေရႊ႕ အတြက္ ကစားသမား ေတာ္ေတာ္မ်ားမ်ား ရွင္းထုတ္ ေရာင္းခ်ရန္ ျပင္ဆင္ေနဦး အသင္းက ထြက္ခြာဖြယ္ ရွိတဲ့ ခ်ယ္ဆီး အသင္းသားက ၇ ဦးထိ ရွိေနပါတယ္။

တီမို၀ါနာက ဘြန္ဒစ္လီဂါမွာ ေျခစြမ္းအထူးျပေနတဲ့ တိုက္စစ္မွဴး ျဖစ္ျပီး ဒီရာသီ ၂၅ ဂိုး သြင္းယူထားပါတယ္။ ၄င္းကို လီဗာပူးအသင္းနဲ႕ အျပိဳင္ ၾကိဳးစားျပီးေနာက္ ခ်ယ္ဆီးက အသာရကာ တစ္နွစ္ လုပ္္ခ ေပါင္ ၉ သန္း တန္ေၾကးရွိ ၅ နွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုရန္ စည္းရံုးနိုင္ခဲ့ပါတယ္။ ခ်ယ္ဆီးရဲ႕ ေနာက္ထပ္ ဦးစားေပး ပစ္မွတ္နွစ္ဦးကေတာ့ လက္စတာ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္နဲ႕ ဆက္ဆုိလိုအသင္း တိုက္စစ္သမား ဂ်ာရင္း ဘိုဂါ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ စပိန္သား ေတာင္ပံ ကစားသမား ပက္ဒရိုကို သက္တမ္း မတိုးေတာ့ဘဲ လက္လႊတ္ေတာ့မွာ ျဖစ္လု႔ိ ၄င္း အတြက္ လစာ ေပးေခ်ေနရတာ တစ္ခု ေလ်ာ့သြားဖို႔ ရွိပါတယ္။ ပက္ဒရိုက ရိုးမားအသင္းထံ ေျပာင္းေရႊ႕ ျဖစ္ဖို႔ အလြန္နီးစပ္ေနပါတယ္။

ဒါ့အျပင္ ဘရာဇီး ေတာင္ပံ တိုက္စစ္သမား ၀ီလီယံ ကိုလည္း ခ်ယ္ဆီးက သက္တမ္း မတိုးေတာ့ေတာ့ေၾကာင့္ လမ္းခြဲရေတာ့မွာ ျဖစ္ပါတယ္။ ေႏြမွာ ေအဂ်က္ကေန ဇီယက္ေရာက္ရွိလာေတာ့မွာ ျဖစ္တာေၾကာင့္ လမ္းပတ္က ေတာင္ပံတိုက္စစ္မွာ မိုရိုကိုသားကို ေနရာေပးဖို႔ စီစဥ္ထားတာပါ။

ေခ်း၀ဲလ္ကိုေတာ့ ဘယ္စြန္က မားကို႔စ္ အလြန္ဆို ေနရာ အစားထိုးဖို႔ ခ်ယ္ဆီးက စီစဥ္ေနတာ ျဖစ္ျပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူရန္ ဆရာေဟာင္း ဂ်ဴဗင္တပ္ နည္းျပ ဆာရီက ညွိနိႈင္းေနပါတယ္။ ေနာက္ တစ္ေယာက္ကလည္း ခံစစ္မွဴး ဇူးမားကို စပါးနည္းျပ ေမာ္ရင္ညိဳက ျပန္လည္ လက္တြဲဖို႔ ခ်ိတ္ဆက္ေနပါတယ္။

ေနာက္ထပ္ ခ်ယ္ဆီး ကြင္းလယ္ တစ္ဦး ျဖစ္တဲ့ ေရာ့စ္ ဘာကေလ ကို ၀က္စ္ဟမ္း နည္းျပ ေဒးဗစ္ မိုယက္စ္က ခ်ိတ္ဆက္ေနျပီး အဂၤလန္သားကို ဇန္န၀ါရီတည္းက အလိုရွိေနတာ ျဖစ္ပါတယ္။ ၀က္စ္ဟမ္း အသင္းက ခ်ယ္ဆီး တိုက္စစ္မွဴး ဘတ္ရွဴ၀ါယီကိုလည္း ေစာင့္ၾကည့္ေနပါတယ္။ ဘယ္လ္ဂ်ီယံသားကိုေတာ့ နယူးကာဆယ္နဲ႕ ပဲေလ့စ္တို႔ကလည္း ေခၚယူလိုေနပါတယ္။

ခ်ယ္ဆီး အေနနဲ႕ ၀ါနာ အျပင္ ေနာက္ထပ္ ၾကယ္ပြင့္ ကစားသမား နွစ္ဦး အလိုရွိေနတာေၾကာင့္ အထက္ပါ ခ်ယ္ဆီးအသင္းသားေတြကို ၇ ဦးထိ ေရာင္းခ် ရွင္းထုတ္သြားဖို႔ ရည္ရြယ္ေနတာပါ။ ကစားသမား ေရာင္းခ်ျခင္းက ရရွိမယ့္ ေျပာင္းေရႊ႕ေၾကး အျပင္ သက္တမ္းကုန္လို႔ ထြက္ခြာသြားမယ့္ ကစားသမားေတြ ရဲ႕ လုပ္ခ လစာေတြက နည္းျပ လမ္းပတ္ အတြက္ အသံုးစရိတ္ ပိုထြက္လာေစမယ့္ လမ္းေၾကာင္းေတြ ျဖစ္ေနပါတယ္။