အသင်းသစ်နဲ့ မျှော်လင့်ချက်အကြောင်း အာဆင်နယ်ကွင်းလယ် ဆီးဘယ်လော့ ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်အသင်းထံ အငှား လာရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့က အာဆင်နယ်မှာ ဆက်ရှိနေဖို့ မရေရာကြောင်း ဝန်ခံလိုက်ပြီး အသင်းသစ်မှာတော့ အရေးကြီး ကစားသမား အဖြစ် ရှိချင်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

စပိန်သား ကွင်းလယ်သမားဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် သက်သာလာတာ ဖြစ်ပြီး ကိုရိုနာကြောင့် ဘောလုံးပွဲတွေ မရပ်နားခင်က နည်းပြ အာတီတာရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့် ရဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ပွဲတွေ ရပ်နားသွားတာကြောင့် အာဆင်နယ်နဲ့ အငှား စာချုပ်ကုန်ဆုံးဖို့ကလည်း ပြန် မကစားရသေးခင် နီးကပ်လာနေပြီ ဖြစ်ပါတယ်။

ဆီးဘယ်လော့က လာမယ့်နွေမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြန်သွားဖို့ ရှိနေပြီး အဆုံးမသတ်နိုင်သေးတဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီနဲ့ ဘယ်လို ခရီးဆက်ရမယ် မသိ ဖြစ်နေပါတယ်။

” ကျနော့် စာချုပ်က ဇွန် ၃၀ မှာ ပြီးဆုံးမှာပါ။ ကျနော် အာဆင်နယ်အတွက် ကစားရကောင်း ကစားရဦးမယ် ဘယ်လို ဖြစ်မလဲတော့ အတိအကျ မသိသေးဘူး။ အနာဂတ် အခြေအနေအကြောင်း ကျနော့် အနေနဲ့ ပြောချင်သလို ပြောရင် တာဝန်မဲ့ရာ ကျပါမယ်။ အရေးအကြီးဆုံးကတော့ အသင်းသစ်မှာ ကျနော် အရေးကြီးတဲ့ ကစားသမားအဖြစ် ပါဝင်ခွင့် ရချင်တယ်။

ကျနော် အာဆင်နယ်ကို လာခဲ့တာက အရေးကြီး ကစားသမား တစ်ယောက် အဖြစ် ပါဝင်ခွင့် ရဖို့ပါ။ ဒါပေမယ့် (ဒဏ်ရာကနေ ပြန်ကောင်းလာပြီး) တစ်လလောက် မပြည့်ခင်အတွင်းမှာပဲ မျှော်လင့်ချက်တွေက ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေတွေကြောင့် ပျက်ပြယ်သွားခဲ့ရတယ်။ ” လို့ ဆီးဘယ်လော့က ဆိုပါတယ်။

ဆီးဘယ်လော့ကို စပိန်ကလပ် ဆီဗီလာကလည်း ချိတ်ဆက်နေပြီး အသက် ၂၃ နှစ် အရွယ် ကွင်းလယ်သမားကတော့ ရီးရဲလ်မက်ဒရစ်ထံ မရောက်ခင် ကစားခဲ့တဲ့ အသင်းဟောင်း ရီးရဲလ်ဘက်တစ်ထံ ပြန်သွားဖို့ ပို စိတ်အားထက်သန်နေပါတယ်။ ဗလင်စီယာကလည်း ၎င်းကို စိတ်ဝင်စားနေကြောင်း ဆီးဘယ်လော့က ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi – ရီးရဲလ္မက္ဒရစ္ကေန အာဆင္နယ္အသင္းထံ အငွား လာေရာက္ ကစားေနတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့က အာဆင္နယ္မွာ ဆက္ရွိေနဖို႔ မေရရာေၾကာင္း ၀န္ခံလိုက္ျပီး အသင္းသစ္မွာေတာ့ အေရးၾကီး ကစားသမား အျဖစ္ ရွိခ်င္ေၾကာင္း ဖြင့္ဟ ေျပာဆိုလာခဲ့ပါတယ္။

စပိန္သား ကြင္းလယ္သမားဟာ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္လည္ သက္သာလာတာ ျဖစ္ျပီး ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ မရပ္နားခင္က နည္းျပ အာတီတာရဲ႕ ပြဲထြက္စာရင္းမွာ ပါ၀င္ခြင့္ ရဖို႔ ၾကိဳးစားေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုလို ပြဲေတြ ရပ္နားသြားတာေၾကာင့္ အာဆင္နယ္နဲ႕ အငွား စာခ်ဳပ္ကုန္ဆံုးဖို႔ကလည္း ျပန္ မကစားရေသးခင္ နီးကပ္လာေနျပီ ျဖစ္ပါတယ္။

ဆီးဘယ္ေလာ့က လာမယ့္ေႏြမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းထံ ျပန္သြားဖို႔ ရွိေနျပီး အဆံုးမသတ္နုိင္ေသးတဲ့ ပရီးမီးယားလိဂ္ ေဘာလံုးရာသီနဲ႕ ဘယ္လို ခရီးဆက္ရမယ္ မသိ ျဖစ္ေနပါတယ္။

” က်ေနာ့္ စာခ်ဳပ္က ဇြန္ ၃၀ မွာ ျပီးဆံုးမွာပါ။ က်ေနာ္ အာဆင္နယ္အတြက္ ကစားရေကာင္း ကစားရဦးမယ္ ဘယ္လို ျဖစ္မလဲေတာ့ အတိအက် မသိေသးဘူး။ အနာဂတ္ အေျခအေနအေၾကာင္း က်ေနာ့္ အေနနဲ႕ ေျပာခ်င္သလို ေျပာရင္ တာ၀န္မဲ့ရာ က်ပါမယ္။ အေရးအၾကီးဆံုးကေတာ့ အသင္းသစ္မွာ က်ေနာ္ အေရးၾကီးတဲ့ ကစားသမားအျဖစ္ ပါ၀င္ခြင့္ ရခ်င္တယ္။

က်ေနာ္ အာဆင္နယ္ကို လာခဲ့တာက အေရးၾကီး ကစားသမား တစ္ေယာက္ အျဖစ္ ပါ၀င္ခြင့္ ရဖို႕ပါ။ ဒါေပမယ့္ (ဒဏ္ရာကေန ျပန္ေကာင္းလာျပီး) တစ္လေလာက္ မျပည့္ခင္အတြင္းမွာပဲ ေမွ်ာ္လင့္ခ်က္ေတြက ကိုရိုနာ ဗိုင္းရပ္စ္ အေျခအေနေတြေၾကာင့္ ပ်က္ျပယ္သြားခဲ့ရတယ္။ ” လို႔ ဆီးဘယ္ေလာ့က ဆိုပါတယ္။

ဆီးဘယ္ေလာ့ကို စပိန္ကလပ္ ဆီဗီလာကလည္း ခ်ိတ္ဆက္ေနျပီး အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္သမားကေတာ့ ရီးရဲလ္မက္ဒရစ္ထံ မေရာက္ခင္ ကစားခဲ့တဲ့ အသင္းေဟာင္း ရီးရဲလ္ဘက္တစ္ထံ ျပန္သြားဖို႔ ပို စိတ္အားထက္သန္ေနပါတယ္။ ဗလင္စီယာကလည္း ၄င္းကို စိတ္၀င္စားေနေၾကာင္း ဆီးဘယ္ေလာ့က ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။